Advertisement

Mother’s Day မှာမေမေနဲ့အတူတူနေ့လယ်စာစားဖို့နေရာလေးတွေအပြင် weekend အတွက် စိတ်ဝင်စားစရာ event တွေကိုဖော်ပြပေးလိုက်ပါတယ်။

ချစ်ရတဲ့မေမေနဲ့အတူ Awei Metta မှာနေ့လယ်စာစားမယ်

တနင်္ဂနွေနေ့မှာကျရောက်မယ့်အမေများနေ့မှာချစ်ရတဲ့မေမေနဲ့အတူ နေ့လယ်စာစားဖို့နေရာရှာနေတယ်ဆိုရင်တော့ Awei Metta ရဲ့ Mother’s Day Special Set Menu ရှိတယ်နော်။ တဦးကို ကျပ် ၈၅၀၀၀ ကျသင့်မှာဖြစ်ပြီး ၃ယောက်နဲ့အထက်သုံးဆောင်မယ်ဆိုရင်တော့ မေမေကအခမဲ့သုံးဆောင်ခွင့်ရမှာပါ။

Rain Tree Drive – Pun Hlaing Estate, Hlaing Tharya Township, Yangon
12 May (Enquire for an available time slot)
01 368 4475

Mom & Kid’s Expo 2024

မိခင်နဲ့ကလေးငယ်တွေအတွက်လိုအပ်မယ့်အိမ်သုံးပစ္စည်းများစွာကို အမှတ်တံဆိပ်ပေါင်း ၅၀ ကျော်ထဲကစိတ်ကြိုက်ဝယ်ယူနိုင်မယ့် ဈေးရောင်းပွဲတော်ပါ။ Junction City မှာ ၃ရက်တိတိကျင်းပသွားမယ်လို့သိရပါတယ်။

Area Main Atrium, Side Atrium Junction City Promotion
9 am – 6 pm | 10-12 May

Sunday Brunch at 12 INYA

Chef Enrico ရဲ့ Japanese Fusion ဖန်တီးမှုတွေကို ၂နာရီတိတိ a la carte ပုံစံနဲ့အဝသုံးဆောင်နိုင်မယ့်အခွင့်အရေးပါ။ တဦးကို ကျပ် ၉၈၀၀၀++ ကျသင့်မှာဖြစ်ပြီး soft drink free flow လည်းပါဝင်ပါတယ်။

No 12, Inya Road, Kamayut Township, Yangon
11:30 am – 2:30 pm | 12 May
09 88 111 222 0

Gallery 65 ရဲ့ Generations in Colour ပန်းချီပြပွဲ

Generations in Colour ပန်းချီပြပွဲကို Gallery 65 မှာ ၃ရက်တိတိကျင်းပသွားမှာဖြစ်ပြီး ပန်းချီပညာရှင်မိသားစုတစုရဲ့လက်ရာတွေကိုခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

No 65, Yaw Min Gyi Road, Yangon
10 am – 5 pm | 11-13 May

ချစ်ရတဲ့မေမေနဲ့အတူ SEEDS မှာနေ့လယ်စာစားမယ်

တနင်္ဂနွေနေ့မှာကျရောက်မယ့်အမေများနေ့အတွက် SEEDS ရဲ့ 5-course menu ကစောင့်ကြိုနေပါတယ်။ တဦးကို ၃၈ဒေါ်လာကျသင့်မှာပါ။

No 63-A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
12 pm – 2 pm | 12 May
+95 (9) 972 784 841, +95 (1) 655 900

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here