Advertisement

ဒီအပတ်ပိတ်ရက်မှာလည်းအကပြိုင်ပွဲတွေ၊ DJ party တွေနဲ့ရန်ကုန်ကလန်းနေဦးမှာပါ။

Wine & Beats at Babett Yangon

ပင်ပန်းသမျှတွေကို ခေတ္တလွှတ်ချပြီး သံစဉ်တွေကြား စီးမြောဖို့ Babett ရဲ့ Wine Event ရှိပါတယ်။ ဝိုင်တွေ Canapés တွေကို စိတ်ကြိုက် သုံးဆောင်ရမယ့်အပြင် မြူးကြွတဲ့ DJ သံစဉ်တွေနဲ့လည်းတညလုံးကခုန်နိုင်ပါတယ်။ တဦးကိုကျပ် ၄၉၀၀၀ ကျသင့်မှာပါ။

No 5, Alan Pya Pagoda Street, Yangon
5 pm – 7 pm | 18 May
01 824 3639

Rooftop Revelry at Atlas

Atlas ရဲ့ season-closing အဖြစ်ကျင်းပမယ့် Rooftop Revelry မှာ Ar-T, Square Lake Pirates တို့နဲ့အတူ DJ Phill ရဲ့မြူးကြွတဲ့သံစဉ်တွေကြားမှာညဉ့်နက်တဲ့အထိကခုန်ကြရအောင်လေ။ ဈေးနှုန်းကတော့ pre-sale ကို ကျပ် ၂၅၀၀၀ ဖြစ်ပြီး ဆိုင်ရောက်မှဝယ်မယ်ဆိုရင်တော့ ကျပ် ၃၀၀၀၀ ကျသင့်ပါတယ်။

No 84, Pann Hlaing Street, Yangon
6 pm – 11 pm | 17 May
09 767 419 413, 09 793 321 533, 09 799 829 958

Who’s the 1? Dance Battle at Levitate – Suniram Park

Levitate ကကျင်းပတဲ့ “Who’s the 1?” dance battle မှာ Hip-hop, Popping, B Boy and Waacking ဆိုပြီး categories (၄ ) မျိုးပါရှိမှာဖြစ်ပြီး Free Style Dance Battle အစီအစဉ်လည်း ပါဝင်တဲ့အတွက် စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေမှာပါ။ ဒီပွဲလေးကအကုန်လုံးရဲ့ Dance တွေ Challenge တွေကို ပြသနိုင်အောင် Levitate နဲ့ Number One Myanmar တို့ပူးပေါင်းတင်ဆက်ပေးတဲ့ပွဲလေးဖြစ်ပါတယ်။

No 20, Thukhawaddy Street, Yangon
9:30 am | 18 May

Shopping and music at Central Boulevard

The Central မှာ လာမယ့် မေ (၁၇၊ ၁၈) နှစ်ရက်လုံး Together For Community – Myanmar ရဲ့ Bazaar ရှိနေပါမယ်။ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ၊ Fashionable ဖြစ်တဲ့ Accessories တွေကို AYA Pay အသုံးပြုသူတိုင်း Discount နဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မေလ(၁၈) ရက်နေ့မှာတော့ Heineken “Refresh Your Music, Refresh Your Nights”ပွဲနဲ့အတူဆုလက်ဆောင်ရယူနိုင်မယ့် Promotion အစီအစဉ်တွေ၊ Double J၊ Amera Hpone ၊ Shine အပါအဝင် Artists တွေရဲ့ Performance ကို ခံစားနိုင်မယ်လို့လည်းသိရပါတယ်။

The Central Boulevard Yangon
4 pm – 9 pm | 17-18 May

အတွင်းဝန်ရုံးက ဝသုဉ်မိုးဦးဈေးပွဲတော်

ဝင်ကြေးအခမဲ့ ဈေးပွဲတော်ကြီးမှာ ဆိုင်ခန်းများ ၇၀ ကျော် ပါမှာဖြစ်ပြီး Aircon ခန်းမကြီးထဲ Shopping ထွက်လို့ရတဲ့အပြင် မိုးလုံလေလုံ outdoor စားသောက်တန်းမှာလည်းကိုယ့်စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။ အစားအစာအမြည်းတွေလည်းကျွေးသွားမှာဖြစ်ပြီး စိတ်အပန်းပြေစေဖို့ဖျော်ဖြေရေးနဲ့ Activities တွေလည်းပါဝင်ဦးမှာပါ။

The Heritage Market, The Secretariat Yangon
9 am – 9 pm | 17-19 May

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here