Advertisement

Pool party တွေဈေးပွဲတော်တွေနဲ့အတူ နွေရာသီကိုနှုတ်ဆက်လိုက်ကြစို့!!

Kokkoya ရဲ့summer market

စိုက်ခင်းလေးပေါ်ကဈေးကိုသွားလည်ကြမယ်။ Kokkoya ရဲ့summer market မှာအစားအသောက်တွေ လက်မှုပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကိုစုံလင်စွာဝယ်ယူနိုင်မှာပါ။ ပြည်တွင်းလုပ်ငန်းတွေကိုအားပေးရင်းပိတ်ရက်မှာသူငယ်ချင်းတွေနဲ့လျှောက်လည်နိုင်မယ့်နေရာလေးဖြစ်ပါတယ်။

Bawga (2) Lane, Thingangyun, Yangon
11 am – 6 pm | 26 May

Melia Yangon မှာဗီယက်နမ်စာစားမယ်

ဗီယက်နမ်ကဗီယက်နမ်စားဖိုမှူးကိုယ်တိုင်ချက်ပြုတ်ထားတဲ့ဗီယက်နမ်အစားအသောက်စစ်စစ်တွေကို Melia Yangon မှာသုံးဆောင်နိုင်ပါပြီ။ ညစာအတွက် set menu နဲ့ a la carte menu တွေရှိပါတယ်။ ၂၆ရက်နေ့ထိပဲရမှာမို့ခုပဲသွားစားလိုက်တော့နော်။

No 192, Kaba Aye Pagoda Road, Bahan Township, Yangon
09 940 407 700, 01 934 5000

Chit Thu Bazaar: Tropical Edition

နွေနှောင်းရာသီမှာ Beach Vibes အပြည့်ရဖို့အတွက် မေလ (၂၄)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဝန်ကြီးများရုံးမှာ Chit Thu Bazaar: Tropical Edition ကိုကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေအပြင် beach game တွေ လက်မှုလုပ်ငန်း workshop တွေလည်းပါဝင်သွားမှာပါ။

The Secretariat Yangon
3 pm – 10 pm | 24-26 May
09969160365, 09885080055

Sedona Yangon ရဲ့ Pool Party နဲ့အတူနွေရာသီကိုနှုတ်ဆက်မယ်

မျိုးကျော့မြိုင်၊ စည်သူလွင်၊ စန္ဒီမြင့်လွင်တို့ပါဝင်ဖျော်ဖြေသွားမယ့် Bye Bye Summer Tropical Pool Party မှာ သံစဉ်တွေနားထောင်ရင်းနွေရာသီကိုနှုတ်ဆက်လိုက်ပါ။ ဈေးနှုန်းနဲ့အသေးစိတ်အချက်အလက်တွေကိုအောက်ပါလင့်မှာကြည့်နိုင်ပါတယ်။ https://web.facebook.com/profile.php?id=61559780798365&_rdc=1&_rdr

No 1, Kaba Aye Pagoda Road, Yankin Township, Yangon
4 pm – 9 pm | 25 May
09885555067, 09793118533

Artist Gallery Cafe ကဆရာဝင်းမင်းမောင်ရဲ့တကိုယ်တော်ပန်းချီပြပွဲ

ပန်းချီဆရာဝင်းမင်းမောင်ရဲ့ ၆၉နှစ်မြောက်မွေးနေ့အမှတ်တရအဖြစ်ကျင်းပတဲ့ပန်းချီပြပွဲဖြစ်ပါတယ်။ ဆရာဝင်းမင်းမောင်ဟာ ပန်းချီပန်းပုကျောင်းမှာ ၁၉၇၇ခုနှစ်မှာကျောင်းဆင်းပြီးတဲ့အချိန်ကစပြီးအနုပညာနယ်ပယ်ထဲခြေစုံပစ်ဝင်ခဲ့သူပါ။ အစောပိုင်းမှာတော့ ဒီဇိုင်းပိုင်းကိုအဓိကထားလုပ်ကိုင်ခဲ့တာဖြစ်ပြီး အသက် ၅၀ကျော်တဲ့အချိန်ကျမှ ပန်းချီပညာကိုပြန်လေ့လာပြီး ပန်းချီကားတွေရေးဖြစ်ခဲ့တာဖြစ်ပါတယ်။

Myaynu Street, Sanchaung Township, Yangon
10 am – 6 pm | 30 May – 2 June

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here