Home Events Yangon’s Latest

Yangon’s Latest

0

ပါတီတွေ အားကစားပွဲတွေ ရုပ်ရှင်ပြပွဲတွေနဲ့ ပျော်စရာကောင်းနေမယ့် weekend ပါ

StarCity Sports Club ရဲ့ Triathlon

SCSC Triathlon powered by Berocca ကို ဇွန်လ ၂ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာနော်။
StarCity Sports Club (SCSC) ရဲ့ ပထမဦးဆုံး Triathlon ပြိုင်ပွဲလေးဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ Sprint Triathlon အမျိုးအစားဖြစ်ပြီး
🔸Swimming: 750m
🔸Bike: 20km နဲ့
🔸Running: 5km အကွာအဝေးတွေကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စတင် ယှဉ်ပြိုင်မယ့် အချိန်ကတော့ မနက် ၅ နာရီခွဲပဲ ဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့ပါ။

StarCity, Thanlyin Township, Yangon
5:30 am onwards | 2 June
09 777 377 555

Novotel Yangon Max ရဲ့ဘူဖေး

Novotel ရဲ့ The Square Restaurant ကအသစ်မိတ်ဆက်လိုက်တဲ့ weekend buffet ညစာမှာအရသာရှိတဲ့ဟင်းပွဲပေါင်းစုံကို တဦးလျှင် ၂၃ ဒေါ်လာတည်းနဲ့သုံးဆောင်နိုင်ပြီနော်။ အပတ်စဉ်သောကြာနဲ့စနေနေ့တိုင်းရပါတယ်။

No 459 Pyay Road, Kamayut Township, Yangon
5:30 pm – 9 pm | Every Friday and Saturday
US$23 Net Per Person
09 4440 8888 3

အီတလီရုပ်ရှင်သီတင်းအပတ်ပွဲ

အီတလီနိုင်ငံရဲ့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် #FareCinema အီတလီရုပ်ရှင်သီတင်းအပတ်ပွဲကို Yangon Film School နဲ့ ပူးပေါင်းပြီး ဇွန်လ (၁ရက်နေ့) နဲ့ (၂ရက်နေ့) -နေ့လည် ၂နာရီမှ ညနေ ၇နာရီအထိ Goethe-Institut (မြန်မာ) မှာ ကျင်းပသွားမယ်လို့သိရပါတယ်။ ရုပ်ရှင်ကားတိုင်းအင်္ဂလိပ်စာတန်းထိုးထားပြီးဝင်ကြေးအခမဲ့ပါ။

Goethe-Institut Myanmar, Kabar Aye Pagoda Road, Bahan Township, Yangon
2 pm – 7 pm | 1-2 June

THOR က EDM party

Safe House နဲ့ THOR တွဲပြီးလုပ်တဲ့ပွဲပါ။ တပတ်တာလုံးပင်ပန်းခဲ့သမျှတွေကိုသံစဉ်တွေကြားကခုန်ရင်းဖြေဖျောက်လိုက်ပါ။

No 1, Kun Chan Road, Yangon
9:30 pm onwards | 31 May

PARKROYAL ရဲ့ Bollywood Night

ပုံမှန် DJ ထဲကမှကွဲထွက်ပြီး အမြူးကြွဆုံး Bollywood တီးလုံးတွေနဲ့အတူ ကခုန်ရင်းဆန်းသစ်လှပသောIndian Theme နဲ့အတူ စိတ်ကြိုက်ကဲလို့ရမယ့် Silver Moon ရဲ့ Bollywood Night ဖြစ်ပါတယ်။

No 33, Alan Pya Pagoda Road, Dagon Township, Yangon
7 pm onwards | 31 May
Ks30,000 per guest (includes 1 drink)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here