Advertisement

ဒီအပတ်မှာလည်းဘားအသစ်တခုနဲ့အတူ စိတ်ဝင်စားစရာ event တွေရှိပါတယ်။

SheCreates Weekend Community Market

နှစ်ရက်ကြာ ကျင်းပမယ့် SheCreates Weekend Community ဈေးပွဲတော်မှာ ‘SheCreates သူမလက်ရာ’ အဖွဲ့ဝင် (၅၀) ကျော်မှထုတ်ကုန်များ၊ လက်မှုပညာများ နှင့် အစားအသောက်များကို ခင်းကျင်းပြသထားမှာဖြစ်ပြီး အသက်အရွယ်မရွေး ပါဝင်ဆင်နွှဲနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲများ၊ ကော်ဖီဆိုင်များနှင့် ဒေသအစားအစာများလည်းပါဝင်သွားမှာပါ။

Lycée Français International de Rangoun – LFIR – French School of Yangon, Windermere Gardens, No. (6), Oo Yin Street, Kamaryut Tsp, Yangon
9 am – 5 pm | 8-9 June
Free entry

တိပ်ခွေတွေကိုကြိုက်သလောက်ဈေးပေးပြီးဝယ်ယူနိုင်မယ့်အခွင့်အရေး

တိပ်ခွေချစ်သူတွေအတွက် တိပ်ခွေ ၁၀၀၀ ရောင်းချပေးမယ့် ပွဲလေးကို လာမယ့် သောကြာ၊စနေ ၂ ရက် A Cafe မှာပြုလုပ်သွားဖို့ရှိပါတယ်။ ဒီပွဲမှာ Infinity Cassette Shop ကနေ ပါဝင်အားဖြည့်သွားမှာဖြစ်ပြီး တိပ်ခွေတွေကို “တန်မယ်ထင် ကြိုက်သလောက်ပေး” အစီအစဉ်ဖြင့် ရွေးချယ်ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတယ်လို့သိရပါတယ်။

No 104, 39th St (lower block), Kyauktada Township, Yangon
10 am – 5:30 pm | 7-8 June

Gekkō နဲ့အတူပျော်ရွှင်ရမယ့် Welcome Back Party

Bar Manager Ko Puia နဲ့အတူ Gekkō မှာကျင်းပမယ့် Welcome Back Party ရှိတယ်နော်။ Special Cocktails 4 မျိုးစလုံးကို ကျပ် 39,000 နဲ့ FREE FLOW သုံးဆောင်မယ်ဆိုရင် ဘယ်အစားအသောက်မဆို 10% OFF Disscount ရမှာပါ။ ဒါ့အပြင် Special Cocktail တစ်ခွက်စီကိုလည်း 10,000 ကျပ်တည်းနဲ့မှာယူနိုင်မှာဖြစ်ပါတယ်။

No 41/22, Aung Taw Mu Lane, Golden Valley, Bahan Township, Yangon
7 pm – 10 pm | 10 June
09 787 985 840

ရန်ကုန်ရဲ့အငွေ့အသက်တွေထုံလွှမ်းနေမယ့်ပြပွဲ

Rangoon ဆိုတဲ့ ပန်းချီနဲ့ပုံစံငယ် ပြပွဲလေးကို Sule Square Mall ရဲ့ မြေညီထပ်မှာ ဇွန်လ ၉ ရက်နေ့အထိ အခမဲ့ ပြသထားမှာပါ။ ဒီပွဲမှာရန်ကုန်ရဲ့အထင်ကရနေရာတွေကိုပန်းချီနဲ့ပုံစံငယ်လေးတွေအဖြစ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Ground Floor, No 221, Sule Pagoda Road, Yangon
27 May – 9 Jun
01 925 5009

ပိတ်ရက်မှာသွားထိုင်သင့်တဲ့ဘားအသစ်

Izakaya ဆိုတာဂျပန်နိုင်ငံမှာရိုးရှင်းတဲ့စားသောက်ဖွယ်ရာတွေနဲ့ယမကာရောင်းချတဲ့ဆိုင်လေးတွေပါ။ ဒီလိုဆိုင်လေးတွေမှာအပေါင်းအသင်းတွေနဲ့အတူဟိတ်ဟန်တွေမရှိဘဲလွတ်လပ်ပေါ့ပါးစွာထိုင်သောက်ရင်း အပန်းဖြေလေ့ရှိကြပါတယ်။ Izakaya ယဉ်ကျေးမှုကိုရန်ကုန်ထဲမှာပဲခံစားနိုင်မယ့် Dear Osaka ဆိုတဲ့ဘားအသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

No 456 A/B, Corner of Link Street and Dhammazedi Street Road, Golden Link Residence, Bahan Township, Yangon
09 776 605 926, 09 752 631 078
3 pm – 11 pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here