Advertisement

ဒီအပတ်ပိတ်ရက်ကတော့ foodie တွေနဲ့တေးဂီတဝါသနာရှင်တွေအကြိုက်ပါပဲ။

White Cottage ရဲ့ High Tea

ပိတ်ရက်မှာလက်ဘက်ရည်နဲ့မုန့်လေးစားပြီး hang out လုပ်ချင်တဲ့သူတွေအတွက် White Cottage ရဲ့ High Tea ပါ။ Reservation လုပ်ဖို့လိုပါတယ်။

No 6, Kanbawza Street, Bahan Township (near Pearl Condo), Yangon
Ks100,000 +++ (For 3 Pax available)
09 446 432 977

ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ Music Day

၂၀၂၄ ခုနှစ် ဂီတပွဲတော်ကို လာမယ့် ဇွန်လ (၂၁) ရက် (သောကြာ) ညနေခင်းရောက်ရင် ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ La Fête de la musique ဂီတနေ့ကို ကမ္ဘာတစ်လွှားမှာ ဇွန်လ (၂၁) နေ့တိုင်း နှစ်စဉ်ကျင်းပနေပြီး ဂီတဝါသနာရှင်များနှင့် ပညာရှင်များက ‘ဂီတမှု ပြုကြစို့’ ဆောင်ပုဒ်အောက်မှာ ပူးပေါင်းတင်ဆက် ပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခုနှစ်မှာလည်း “ဂီတမှု ပြုကြပါစို့” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဇွန်လ (၂၁) ရက်နေ့ ညနေမှာ မိတ်ဆွေများအတွက် ပြင်သစ်ယဉ်ကျေးမှုဌာနဟာ Inappropriate Thoughts အဖွဲ့နဲ့ပူးပေါင်းပြီး အခမဲ့ ဂီတညနေခင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

Pann Chan Café @ Institut français de Birmanie (IFB)
5:30 pm – 9:30 pm | 21 June 
Free entry

ဈေးချိုချိုနဲ့အဝကြိတ်ရမယ့်ဒင်ဆမ်းဘူဖေး

ဒင်ဆမ်းဆိုရင် အရသာအစုံအလင်မြည်းပြီး၊ ဈေးသက်သက်သာသာ နဲ့ မိသားစုနေ့လယ်စာလွတ် အဝကြိတ်ချင်တယ်ဆိုရင်တော့ Sat,Sun အပတ်စဉ်တိုင်း Noah by the Lake မှာ ဟောင်ကောင် ဒင်ဆမ်းဘူဖေးရှိပါတယ်။

No 3F, Maykha Road, Mayangone Township, Yangon
7 am – 2 pm | Every Saturday and Sunday of June
Ks28,500/person for 2 hours
09 781 548 828

ပုံစံသစ်၊အရသာသစ်တွေနဲ့ New Cocktails Menu Lunch Party

Gekkō ရဲ့အသစ်အသစ်သော အရသာနဲ့မတူညီတဲ့အရသာတွေပေးစွမ်းမယ့် New Cocktail Menu Launch Party ကို 21st Friday မှာကျင်းပမှာနော်၊၊ Special Cocktail လေးမျိုးကို 39,000 Ks တည်းနဲ့ FREE FLOW သောက်နိုင်မယ့်အပြင် Food Order ကိုတွဲပြီးမှာမယ်ဆိုရင် Food Order တွေ 10% Off Discount ရဦးမှာပါ၊၊

No 41/22, Aung Taw Mu Lane, Golden Valley, Bahan Township, Yangon
7 pm – 10 pm | 21 June 
09 787 985 840

Whiskey Sour သောက်ရင်းကြက်တောင်ပံအဝဆွဲမယ်

Babett ရဲ့ Chicken Wing နဲ့ Whiskey Sour 4 shots ကို 29,000 MMK တည်းနဲ့ 22 June မှာ မှာယူ သုံးဆောင်နိုင်ပါပြီ။ ညနေ ၅ နာရီမှ ၁၀ နာရီအထိဆိုတော့ များများစားနိုင်လေ ပိုတန်လေပါပဲ။ Saturday’ Special လေးကို ထပ်မံ Special ဖြစ်စေဖို့ Special Cocktails Buy One Get One တွေ၊ Lucky Draw အစီအစဉ်နဲ့ Live DJ ဖျော်ဖြေမှုလေးလည်းရှိတာမို့ Reserve ကြိုလုပ်ထားဖို့တော့လိုမယ်နော်။

No 5, Alan Pya Pagoda Street, Yangon
5 pm – 10 pm | 22 June
09 880 919 389

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here