Advertisement

စိတ်ဝင်စားစရာ event နဲ့ activity တွေစုံတဲ့ Yangon’s Latest

ဖရန့်ဇ် ကာ့ဖ်ကာ ကြွေလွင့်ခြင်း ရာပြည့်ပွဲ

ဖရန့်ဇ် ကာ့ဖ်ကာ ကြွေလွင့်ခြင်း ရာပြည့်ပွဲ “Recalling Kafka” ယဉ်ကျေးမှုရက်သတ္တပတ်မှာ “Labyrinths in His Eyes: Remembering Franz Kafka” ခေါင်းစဉ်နဲ့ ဖရန့်ဇ် ကာ့ဖ်ကာရဲ့စာပေအရေးအသားတွေကို ဂုဏ်ပြုဆင်နွှဲမယ့် စာပေဆွေးနွေးပွဲမှာတော့ ကာ့ဖ်ကာရဲ့ဘဝနဲ့ အရေးအသားတွေအကြောင်း၊ မြန်မာစာပေနဲ့စာပေရေးသားသူတွေအပေါ် သက်ရောက်လွှမ်းမိုးမှုတွေအကြောင်း စတာတွေကို စာပေပညာရှင်တွေနဲ့ ဘာသာပြန်စာပေပညာရှင်တွေက ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ မြန်မာဘာသာပြန် ထားတဲ့ ကာ့ဖ်ကာရဲ့အရေးအသားတွေကိုလည်း ဖတ်ကြမှာဖြစ်သလို၊ ကဗျာရွတ်ဆိုမှုတွေလည်းပါဝင်မှာပါ။

Goethe-Institut Myanmar
28 June – 6 July 

The Desi Club ရဲ့ Drink Chill Love event

မြန်မာ့ ပထမဆုံး လက်ဖက်ရည်ကော့တေးလေးကို မိတ်ဆက်မယ့်ဒီပွဲလေးမှာ ကော့တေး free flow သောက်ခွင့် 6:00 – 7:00 PM အထိ Rum Tea သုံးဆောင်ခွင့်တွေလည်းပါဝင်ပါတယ်။ လက်မှတ်တစောင် Ks25,000 သတ်မှတ်ထားပြီး “Bling Bling Gold” dress code ဝတ်ဆင်ရမှာပါ။

The Desi Club, Thitsar Road
6 pm – 9 pm | 6 July
09 750 229 154

ပလတ်စတစ်ကင်းတဲ့ကုန်စည်တွေကိုသီးသန့်ရောင်းချပေးမယ့် EcoCraft Extravaganza

Sule Square Mall မြေညီထပ်မှာ ကျင်းပမယ့် EcoCraft Extravaganza ပွဲလေးမှာ ပလတ်စတစ်လုံးဝမသုံးတဲ့ ပစ္စည်းလေးတွေချည်း သီးသန့်ရောင်းချပေးမှာမို့သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူပြုတဲ့လုပ်ငန်းတွေကိုအားပေးကြရအောင်နော်။

Sule Square Mall (Ground floor)
3-5 July

ပညာရေးအတွက်လိုအပ်သမျှ တနေရာတည်းမှာလေ့လာနိုင်မယ့် Times City Edu Fair

Times City ရဲ့ ဒုတိယအကြိမ်မြောက် 2024 Education Fair ကြီးမှာကျောင်းအစုံပါဝင်ထားတာမို့ သင်ယူနိုင်တဲ့အရွယ် လူကြီးလူငယ်ကလေးအားလုံး တက်ရောက်သင့်တဲ့ ပညာရေးပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

5th floor of Times City Jewellery Mall
9:30 am – 5 pm | 5-7 July

Novotel က buffet brunch

ပိတ်ရက်မှာမိသားစုနဲ့အတူတူ Novotel Yangon Max ရဲ့ The Square Restaurant က buffet brunch စားရင်းဖြတ်သန်းလိုက်ပါ။

The Square Restaurant, Novotel Yangon Max
12 pm – 3 pm | Every Sunday
US$23 Net Per Person
09 4440 8888 3

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here