Covid-19 ကို ရှေ့တန်းကတိုက်ခိုက်နေသူတွေအတွက် Nike ရဲ့ အလှူဒါန
ကမ္ဘာကျော်ဖိနပ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nike ဟာ အထူးဒီဇိုင်းထုတ်ဖန်တီးထားတဲ့ ရှုးဖိနပ်အရံ 30,000 ကို အမေရိကန်နိုင်ငံတဝှမ်းမှာရှိတဲ့ဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက်လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ Nike က အခုလှူဒါန်းလိုက်တဲ့ဖိနပ်တွေက နေ့စဉ်ဘဝရဲ့ သူရဲကောင်းတွေလို့ဆိုနိုင်တဲ့ ကျန်းမာရေးလုပ်သားတွေအတွက်ရည်ရွယ်ဖန်တီးထားတဲ့ The Air Zoom Pulse အမျိုးအစားဖိနပ်တွေပါ။ အချိန်ကြာရှည်မတ်တပ်ရပ်အလုပ်လုပ်ရတဲ့အခါ အဆင်ပြေပြေ သက်တောင့်သက်သာဖြစ်နေအောင်ဖန်တီးထားတဲ့ဖိနပ်အမျိုးအစားလည်းဖြစ်ပါတယ်။ Chicago, Los Angeles, Memphis, New...
Drone Picture တွေထဲမှာမြင်ရတဲ့ အိမ်တွင်းပုန်းသူတို့ရဲ့ဟန်ပန်အမျိုးမျိုး
စာဖတ်သူတို့ရဲ့ အိမ်ထဲမှာချည်းနေနေရတဲ့ခံစားချက်က ဘယ်လိုများရှိမလဲ? အိမ်တွင်းအောင်းနေရတဲ့အချိန်တွေမှာငကာ ဘာတွေလုပ်ဖြစ်ကြလဲဗျ? Adas Vasiliauskas ဆိုတဲ့ Lithuanian ဓာတ်ပုံဆရာတစ်ဦးကတော့ COVID-19 Outbreak Quarantine ကြောင့် ဓာတ်ပုံရိုက်ဖို့အလုပ်တွေအားလုံးကိုဖျက်ထားရချိန်မှာ အကြံကောင်းတစ်ခုကို တွေးမိခဲ့ပါတယ်။ အဲဒါကတော့ လူအချင်းချင်းထိတွေ့မှုကင်းအောင်နေကြရတဲ့အခြေအနေအတွင်းမှာ zero-human-contact နည်းလမ်းနဲ့ လူတွေကို ဓာတ်ပုံရိုက်ကူးကြည့်ဖို့ပါပဲ။ အစမှာ သူက Drone တစ်စင်းကိုအသုံးပြုပြီး သူငယ်ချင်းတချို့ရဲ့ပုံတွေကို အစမ်းရိုက်ကူးကြည့်ခဲ့ပါတယ်။...
ပြည်တွင်းဖြစ်သီးနှံတွေအားပေးရင်းတောင်သူတွေကိုကူညီရအောင်
Covid-19 ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရတဲ့လုပ်ငန်းတွေထဲမှာ လယ်ယာလုပ်ငန်းလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံကတောင်သူလယ်သမားတွေနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နေတဲ့ OrganicValley ကမကြေးမုံလွင်နဲ့ လယ်ယာလုပ်ငန်းအခြေအနေအကြောင်းစကားပြောဖြစ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် မေလ ၂၀ရက်နေ့မှစတင်ခဲ့တဲ့ OrganicValley ဟာ ဓာတုဆေးဝါးနဲ့ဓာတ်မြေသြဇာတွေမသုံးဘဲ စိုက်ပျိုးထားတဲ့သီးနှံတွေကိုနယ်အသီးသီးကစိုက်ပျိုးရေးသမားတွေနဲ့ချိတ်ဆက်ပြီး ရန်ကုန်ကစားသောက်ဆိုင်နဲ့ ဟိုတယ်တွေဆီဖြန့်ချီနေခဲ့တာပါ။ ယခင်ကဆိုရင် ရုံးပိတ်ရက်တွေမှာခြံထွက်ပစ္စည်းတွေလက်လီရောင်းချတဲ့ တောင်သူလယ်သမားဈေး (Farmers’ Market) ကိုပုံမှန်ကျင်းပလေ့ရှိပါတယ်။ Covid-19 ဖြစ်ပြီးနောက် ဒီဈေးလေးမလုပ်ဖြစ်တာလည်း လအတော်ကြာခဲ့ပါပြီ။ OrganicValley တည်ထောင်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး “ရန်ကုန်မှာကျမလိုချင်တဲ့အော်ဂဲနစ်သီးနှံတွေကိုရှာရခက်တော့...
ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ
ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ (Yangon International Motor Show) ကိုရန်ကုန်မြို့၊ Inya Lake Hotel အတွင်းက Yangon Convention Center မှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ ဒီပြပွဲမှာ BMW၊ Brilliance၊ DFSK၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes...
ရန်ကုန်တက္ကသိုလ်ရာစုနှစ်ခရီး
သင်သိပါသလား။ ၂၀၂၀ကျရင်
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ပြည့်ပြီဆိုတာ။ လွန်ခဲ့တဲ့ ၉၉နှစ် ဒီဇင်ဘာလမှာရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဗြိတိသျှတွေရန်ကုန်တက္ကသိုလ်ကိုမဖွင့်လှစ်ခင်က မြန်မာကျောင်းသားတွေဟာ တက္ကသိုလ်အဆင့်ပညာသင်ချင်ရင် ကာလကတ္တားနဲ့လန်ဒန်ကိုသွားကြရတယ်။ ဗြိတိသျှတွေဟာမြို့ထဲနဲ့အလှမ်းဝေးတဲ့ ဗစ်တိုးရီးယားကန် (အခု အင်းလျားကန်) နဲ့ ပရုံးလမ်း (အခု ပြည်လမ်း) တို့ကြားမှာ ရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်ပေးခဲ့တယ်။ ဒီနေရာက ကျောင်းသားတွေစုပြီးသပိတ်မှောက်ခဲ့ရင် အစိုးရအတွက်ထိန်းသိမ်းရလည်းလွယ်ပါတယ်။ ဒါပေမယ့်မြန်မာကျောင်းသားတွေကတော့
အောက်စ်ဖို့ဒ်တက္ကသိုလ်ကိုအခြေခံပြီးဖွဲ့စည်းထားတဲ့ ရန်ကုန်တက္ကသိုလ်ဟာအထက်တန်းစားတွေကိုဦးစားပေးလွန်းတယ်၊
သာမန်လက်လုပ်လက်စား ပြည်သူတွေအနားမကပ်နိုင်အောင်ဈေးကြီးလွန်းတယ်လို့
ဝေဖန်ခဲ့ကြပါတယ်။...
“COVID-19 Data Updates!”
ဒီနေ့ နောက်ဆုံးရအချက်အလက်တွေအရ ကမ္ဘာတစ်လွှားမှာ COVID-19 ပျံ့နှံ့ရောက်ရှိပြီးဖြစ်တဲ့နိုင်ငံအရေအတွက်က ကမ္ဘာ့နိုင်ငံပေါင်း 195 နိုင်ငံမှာ 193 နိုင်ငံ (worldometer အရ)ထိရှိလာပြီး ဘေးကင်းဆဲနိုင်ငံက ၂ နိုင်ငံ (မြန်မာနဲ့ လာအို)သာကျန်ရှိပါတော့တယ်။ virus ကူးစက်ခံရသူစုစုပေါင်း ၃၃၇၅၅၆ ဦးနဲ့ ေသဆုံးသူစုစုပေါင်း ၁၄၆၅၄ ဦးရှိလာပါပြီ။ ထူးထူးခြားခြား COVID-19 ဘေးကကင်းလွတ်နေဆဲနိုင်ငံ ၂...
Peaky Blinders Season 6 မှာ David Beckham ပါမှာလား
လွန်ခဲ့တဲ့အပတ်က Peaky Blinders ရဲ့အဓိကသရုပ်ဆောင်တဦးဖြစ်တဲ့ Paul Anderson (Arthur Shelby) က Instagram မှာတင်လိုက်တဲ့ဓာတ်ပုံတပုံကြောင့် ဘောလုံးကြယ်ပွင့် David Beckham ဟာ Season 6 မှာပါဝင်မလားဆိုတဲ့ယူဆချက်တွေထွက်ပေါ်လာပါတယ်။ ဇွန်လ ၁၆ရက်နေ့ကတင်လိုက်တဲ့အဲ့ဒီဓာတ်ပုံတွေဟာ ဗြိတိန်နိုင်ငံ Small Heath မှာရိုက်ထားတာဖြစ်ပြီး Anderson က Season 6...
တို့ရှူတဲ့လေ ဘေးကင်းစေ
ရန်ကုန်လေထုအရည်အသွေးလျော့ကျလာတယ်ဆိုတာ သတင်းတွေမှာခဏခဏဖတ်နေရလို့ ပရိသတ်တွေသတိထားမိပြီးဖြစ်မှာပါ။ ဒီသတင်းတွေနဲ့ပတ်သက်ရင် မီဒီယာတော်တော်များများကို အရေးပါတဲ့ကိန်းဂဏန်းအချက်အလက်တွေထောက်ပံ့ပေးနေတာကတော့ Air Quality Yangon (AQY) ဆိုတဲ့ အဖွဲ့လေးဖြစ်ပါတယ်။ သူတို့ရဲ့ Facebook page မှာ လေထုအရည်အသွေးတိုင်းတာချက်တွေကို မနက်တကြိမ် ညတကြိမ် ကြည့်လို့ရနေပါပြီ။ ဒီလိုအရေးကြီးတဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကိုပံ့ပိုးပေးနေတဲ့
AQY ကိုလူတွေအများကြီးနဲ့ လည်ပတ်လှုပ်ရှားနေတယ်လို့ထင်ရင်မှားပါလိမ့်မယ်။ တကယ်တော့
AQY ဟာအသက် ၁၇နှစ်နဲ့ ၂၀ကြား...
COVID-19 အန္တရာယ်ကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ “ညမထွက်ရ” အမိန့်ထုတ်ပြန်ကြေညာ
ဒီနေ့ April 3 (သောကြာနေ့) စလို့ ရက်အကန့်အသတ်မရှိ ည 10 နာရီကေန မနက် 4 နာရီအချိန်အတွင်း အိမ်ပြင်မထွက်ဖို့တားမြစ်တဲ့ အရေးပေါ် အမိန့်စာကို ထိုင်း၀န်ကြီးချုပ် ပရာယွတ် ကျန်းအိုးချားက ယမန်နေ့ညဦးပိုင်းမှာ ထုတ်ပြန်ေကြညာခဲ့ပါတယ်။ တားမြစ်ထားတဲ့အချက်တွေကို ချိုးဖောက်တဲ့ဘယ်သူမဆို ထောင်ဒဏ် 2 နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်...
လာအိုမှာလည်း COVID-19 ကူးစက်ခံထားရသည့်လူနာ (၂) ဦးစတွေ့
လာအိုနိုင်ငံမှာ ပထမဆုံး COVID-19 အတည်ပြုလူနာ (၂) ဦး စတင်တွေ့ရှိရကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနအရာရှိတွေက ဒီနေ့ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လူနာ ၂ ဦးစလုံးဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာနေထိုင်သူတွေဖြစ်ပြီး ပြင်ပနိုင်ငံတွေဆီကနေ ကူးစက်ခံလာရတာလို့လည်း ဆိုထားပါတယ်။ Virus ကူးစက်ခံရသူ ၂ ဦးထဲက တစ်ဦးမှာ ခရီးသွားဧည့်လမ်းညွှန် အမျိုးသမီးဖြစ်ပြီး လာအိုနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီ သွားခဲ့သူဖြစ်ပါတယ်။...