Cover photo credit: Photo by Alex Jones on Unsplash
Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

Netflix မှာသတိထားမိခဲ့တဲ့ဇာတ်လမ်းတွဲသစ်

The Midnight Club လို့ခေါ်တဲ့ miniseries ကတော့ဒီလအသစ်ထွက်တဲ့စီးရီးတွေထဲအကြိုက်ဆုံးပဲ။ ဇာတ်လမ်းကတော့ရောဂါဆိုးကြီးတွေခံစားနေရတဲ့ဆယ်ကျော်သက်လူငယ်လေးတွေဟာဂေဟာတခုမှာနေကြပါတယ်။ သူတို့တွေဟာညသန်းခေါင်ယံဆိုရင်စာကြည့်တိုက်မှာတွေ့ပြီးပုံပြင်တွေပြောကြတယ်။ ဒီလိုနဲ့သူတို့နေတဲ့အဆောက်အအုံကြီးရဲ့ထူးခြားတဲ့သမိုင်းကြောင်းနဲ့လျှို့ဝှက်ချက်တွေကိုတွေ့လာရပါတယ်။ အပိုင်း ၁၀ပိုင်းပါပြီး horror ပရိသတ်တွေကြည့်သင့်တဲ့ဇာတ်လမ်းတွဲပါ။

လက်လွတ်မခံသင့်တဲ့ promotion

Novotel က The Square စားသောက်ဆိုင်မှာအောက်တိုဘာ ၁၆ ရက်ကနေ ၂၃ရက်နေ့အထိ Family Brunch ဘူဖေးရှိတယ်နော်။ တဦးကို ၃၅ဒေါ်လာတည်းနဲ့ ပင်လယ်စာ၊ အသားကင်နဲ့ အချိုပွဲမျိုးစုံကို live station တွေမှ ာ၃နာရီတိတိအဝစားရမှာပါ။ ၁၅ဒေါ်လာထပ်ပေးပြီး free flow wine နဲ့ beer တွေသောက်လို့ရပါသေးတယ်။ ၄ယောက်သွားရင် ၃ယောက်စာပဲပေးရတဲ့ promotion လည်းရှိတော့မိသားစုလိုက်သွားစားဖို့အဆင်ပြေတာပေါ့။

(12pm-3pm) 16-23 Oct | Novotel Yangon Max

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

Indian Tadka ဟာ premium ဆန်တဲ့အစားအသောက်တွေကိုလူအများစုလက်လှမ်းမီတဲ့ဈေးနှုန်းတွေနဲ့ရောင်းချရင်းပရိသတ်အခိုင်အမာရနေပါပြီ။ ဒီအပတ်မှာတော့မဆလာနံ့သင်းတဲ့အိန္ဒိယဟင်းလျာတွေသွားစားဖို့စိတ်ကူးပါတယ်။

သွားကြည့်သင့်တဲ့ပွဲ

French Institute မှာအခုလာမယ့်စနေနေ့ကျရင်ရွံ့စေးနဲ့အနုပညာပစ္စည်းလေးတွေပြုလုပ်တဲ့ workshop ရှိပါတယ်။ Workshop က နေ့လယ် ၁နာရီ-၃နာရီ တချိန်၊ ၃နာရီခွဲကနေ ၅နာရီခွဲအထိ တချိန်ရှိတာမို့အဆင်ပြေတဲ့အချိန်ကိုရွေးနိုင်ပါတယ်။ အနုပညာပစ္စည်းလေးတွေလုပ်ရင်းကိုယ့်ရဲ့ခံစားချက်တွေကိုရင်ဖွင့်ကြမယ်။ မနက် ၁၀နာရီကျရင် Zoom meeting ကနေတဆင့် well-being session အတူတက်ကြမယ်။ Workshop တချိန်ကိုလူ ၂၀ပဲခွင့်ပြုတာမို့မြန်မြန်လေး register လုပ်လိုက်ပါ။

အပီကဲလို့ရမယ့် DJ ပါတီ

FUSE မှာ ၈နာရီတိတိဆက်တိုက်ဒွန့်လို့ရမယ့်ပွဲနော်။ Wav3motion နဲ့အတူ supporting artists တွေအများကြီးပါတယ်။ တဦးကို walk-in price ကျပ် ၃သောင်းခွဲသတ်မှတ်ထားပြီး ည ၈နာရီပွဲစပါမယ်။ အသေးစိတ်ကို ဒီ link မှာကြည့်ပါ။

15 Oct | FUSE


Cover photo credit: Photo by Alex Jones on Unsplash

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here