ရန်ကုန်နားက camping site ၅ခု

0
ရာသီဥတုသာယာနေပြီဆိုတော့ဒီအချိန်က camping ထွက်လို့အကောင်းဆုံးပါပဲ။ ရန်ကုန်နဲ့အနီးအနားက camping site ၅ခုအကြောင်းပြောပြပေးချင်ပါတယ်။ Day trip သီးသန့်ထွက်မယ်ဆိုရင်လည်းရတယ်နော်။ Hmawbi Camping Hmawbi camping ကစမ်းချောင်းလေးအနားမှာရှိလို့ အပျင်းပြေငါးမျှားလှေစီးလို့ကောင်းပါတယ်။ Day trip အတွက် ၂ယောက်စာဘန်ဂလိုတလုံး ကျပ် ၄၀၀၀၀ ကျသင့်ပြီး ညအိပ်နေရင်တော့ ကျပ် ၇၀၀၀၀ ပါ။ Package ၂ခုလုံးအစားအသောက်ပါဝင်ပြီးဖြစ်ပါတယ်။ ပန်းတပွင့်တောင်အနီး၊...

အိတ်တလုံးလွယ် ကမ္ဘာပတ်မယ်

0
ဆိုပါတော့၊ မနက်ဖြန်ရုတ်တရတ်ခရီးထွက်စရာပေါ်လာတယ်၊ ခရီးဆောင်အိတ်ထဲလိုအပ်တာတွေထည့်ဖို့တညပဲအချိန်ရတော့တယ်။ ဒါမှမဟုတ်အလုပ်ကိစ္စနဲ့မကြာခဏခရီးထွက်ရလို့ လအနည်းငယ်ကြာလို့ခရီးဆောင်အိတ်ကိုပြင်လိုက်ထုတ်လိုက်လုပ်နေရတယ်။ ဒီအဖြစ်တွေနဲ့ခဏခဏကြုံနေရပြီဆိုရင်တော့ အိတ်တလုံးနဲ့ခရီးသွားတတ်အောင်လေ့ကျင့်ထားဖို့လိုနေပါပြီ။ One bag travel philosophy ဆိုတာနိုင်ငံတကာခရီးသွားတွေကြားမှာခေတ်စားနေတာတော့ကြာပါပြီ။ အထူးသဖြင့်ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအပြီးမှာခရီးသွားတွေအနေနဲ့ခရီးဆောင်အိတ်တွေများများစားစားမယူတော့ဘဲ ကျောပိုးအိတ်ကြီးထဲလိုအပ်တာတွေထည့်ပြီး minimalism ဆန်ဆန်ခရီးသွားလာကြတယ်။ အိတ်တလုံးနဲ့ခရီးသွားတယ်ဆိုတာလူတိုင်းအတွက် နေရာတိုင်းအတွက်အဆင်တော့မပြေနိုင်ပါဘူး။ ဥပမာ ခါးနာရောဂါရှိလို့ကျောပိုးအိတ်အလေးကြီးမလွယ်နိုင်တဲ့သူတွေ အရမ်းအေးတဲ့ဒေသသွားရမှာမို့ အနွေးထည်များများယူသွားဖို့လိုအပ်တဲ့သူတွေအတွက်တော့ခက်နိုင်တယ်။ ဒါပေမယ့်ကိုယ့်အတွက်အဆင်ပြေတဲ့အခြေအနေဆိုရင်တော့ အိတ်တလုံးနဲ့ခရီးသွားတတ်အောင်လေ့ကျင့်ကြပါစို့။ ဘယ်လိုအားသာချက်တွေရှိလဲ အိတ်တလုံးနဲ့ခရီးသွားတဲ့အတွက်အကောင်းဆုံးအားသာချက်ကတော့အလုပ်မရှုပ်တာနဲ့အချိန်ကုန်သက်သာတာပါပဲ။ လေဆိပ်မှာကိုယ့်ခရီးဆောင်အိတ်ကို cargo ထဲထည့်ဖို့ပြင်ဆင်ချိန်ကိုစောင့်နေစရာမလိုတော့ဘူး။ Baggage...

ရန်ကုန်နဲ့အနီးတဝိုက်ကအပန်းဖြေစရာနေရာ ၆ ခု

0
ပိတ်ရက်ရှည်ရပေမယ့် ခရီးအဝေးကြီးလည်းမသွားချင်ဘူး၊ အပန်းလည်းဖြေချင်တယ်ဆိုတဲ့သူတွေအတွက် ရန်ကုန်နဲ့အနီးတဝိုက်မှာပဲရှိတဲ့အပန်းဖြေစရာနေရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ TGIF! TM Farm Roadhouse ထောက်ကြန့်က TM Farm Roadhouse မှာနို့စားနွားမွေးမြူရေးလုပ်ငန်းကိုလေ့လာခွင့်ရမယ်၊ စိမ်းလန်းတဲ့သဘာဝရှုခင်းတွေမြင်ရမယ်။ ဝင်ကြေးကလည်းတယောက် ကျပ် ၁၀၀၀သာပေးရပါတယ်။ ညအိပ်လို့မရပေမယ့် ခြံပိတ်ချိန်အထိနေလို့ရမယ့်ဘန်ဂလိုလေးတွေကို ကျပ် ၃၀၀၀၀ ကနေစပြီးငှားရမ်းနိုင်တယ်။ စားသောက်ဆိုင်လည်းရှိပါတယ်။ အမှတ် ၃/၈၈ ဘုရားလမ်း၊ နွယ်ခွေရွာသစ်၊ ထောက်ကြန့်၊ ရန်ကုန်။ (ထောက်ကြန့်စစ်သင်္ချိုင်းနဲ့နီးပါတယ်)09 407 973...

ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၅)

0
မြန်မာနိုင်ငံတော်အစိုးရက ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ ကိုထုတ်ပြန်လိုက်ပါတယ်။ Tourism Master Plan (2013-2020 ကိုအခြေခံတဲ့ဒီမဟာဗျူဟာဟာ Covid-19 ကပ်ရောဂါဖြစ်ပွားဆဲကာလမှာ ခရီးသွားလုပ်ငန်းကဏ္ဍကိုပြန်လည်ကုစားဖို့ UNWTO Global Guidelines to Restart Tourism ရဲ့လမ်းညွှန်ချက်တွေနဲ့အညီရေးဆွဲထားခြင်းဖြစ်ပါတယ်။ Tourism Master Plan ရဲ့ထောက်တိုင် ၆ရပ်ကိုကျယ်ပြန့်စွာအသုံးချရင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးကခရီးသွားကော်မတီတွေအနေနဲ့ ၎င်းတို့ရဲ့နယ်မြေဒေသနဲ့ကိုက်ညီတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေရေးဆွဲရာမှာ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီမဟာဗျူဟာမှာအောက်ပါအချက်တွေပါဝင်ပါတယ်။ ·      ...

ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားစရာ အ​ကြောင်း​အရာများ

0
အ​ရှေ့ကမ္ဘာရဲ့ဗင်းနစ်လို့ တင်စားခဲ့ရတဲ့ဘန်​ကောက်မြို့ရှိရာ ထိုင်းနိုင်ငံကို ကမ္ဘာမှာ မသိတဲ့သူ နည်းပါတယ်။ ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်​လေး​တွေကို ကြည့်လိုက်ရ​အောင်... ၁။ ထိုင်းနိုင်ငံရဲ့ဘုရင်စနစ် ထိုင်းနိုင်ငံဟာ ဥ​ရောပလက်​အောက်ခံကိုလိုနီမဖြစ်ခဲ့တဲ့ တခုတည်း​သော အ​​ရှေ့​တောင်အာရှနိုင်ငံပါ။ ဒါကြောင့် အခုချိန်ထိ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ရှိ​နေပါ​သေးတယ်။ ထိုင်းတော်ဝင်မိသားစုကို တိုင်းသူပြည်သားတွေက အလွန်အင်မတန် အ​လေးအမြတ်ထားကြပြီး တော်ဝင်မိသားစုဝင်တ​စ်ယောက်ကို စော်​ကားခြင်းဟာ နိုင်ငံ​တော်သစ္စာ​ဖောက်မှုကို ကျူးလွန်ခြင်းဖြစ်ပါတယ်။ နှစ်​ပေါင်း...

ရှေး​ခေတ်မင်း​နေပြည်​တော် ပဲခူး သို့မဟုတ် ဟံသာဝတီ

0
ကျန်စစ်သားရဲ့ နှလုံးသည်းပွတ် မဏိစန္ဒာခင်ဦး မွေးဖွားရာ​မြေ၊ ရာဇဝင်ထဲက မွန်သူရဲ​ကောင်း​တွေရဲ့ ဘူမိနက်သန်၊ တပင်​ရွှေထီးနဲ့ ဘုရင့်​နောင်တို့လို ဘုရင်​တွေ နန်းစိုက်စိုးစံခဲ့ရာ နေရာဌာနသည်ကား အခြားမဟုတ်။ ဥဿာ ခေါ် ပဲခူးပဲဖြစ်ပါတယ်။ ပဲခူးသူ ခင်ဦးနဲ့ အ​နော်ရထာ၊ ကျန်စစ်သားတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ယ​နေ့​ခေတ်ထိ လူ​ပြောများ​နေဆဲပါ။ ဟံသာဝတီ ခေါ် ပဲခူး ပြည့်ရှင်...

သင်မသိ​သေးတဲ့ လာအိုနိုင်ငံအကြောင်း

0
မြန်မာ့သမိုင်းမှာ လင်ဇင်းကို စစ်ချီတဲ့အ​ကြောင်း​တွေ ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ဆင်အ​​ကောင်​ရေ သန်း​ပေါင်းများစွာ မှီတင်းရာ​မြေလို့ အဓိပ္ပါယ်ရတဲ့ လင်ဇင်းဟာ အခြား​တော့ မဟုတ်ပါဘူး။ ရှေး​ခေတ်လာအိုနိုင်ငံပါပဲ။ ၁၃၅၃ ခုနှစ်က စတင်တည်​ထောင်ခဲ့ပြီး ရာစုနှစ် လေးခုစာ တည်တံ့ခဲ့တဲ့ လင်းဇင်းပြည်ဟာလည်း ရာဇပလ္လင်လုပွဲ​တွေ​ကြောင့် သုံးခြမ်းကွဲသွားခဲ့ဖူးပါတယ်။ ကာလရှည် အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ သစ္စာခံ နိုင်ငံ​အဖြစ်သာ...

မြန်မာ့သမိုင်းမှတ်တိုင်များရှိရာမြို့ (သို့) အမရပူရ

0
ကုန်းဘောင်ခေတ် မင်း​နေပြည်တော် နှစ်ကြိမ်တိုင်တိုင် (၁၇၈၃-၁၈၂၃) (၁၈၃၉-၁၈၅၇) ဖြစ်ခဲ့​တဲ့ အမရပူရမြို့ဟာ မြန်မာ့သမိုင်းမှာ ချန်ထားလို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဗဒုံမင်း စတင်တည်​ထောင် နန်းစိုက်ခဲ့ပြီး စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ စိုးစံခဲ့ရာ နန်းမြို့​ဟောင်း တခုလည်း ဖြစ်ပါတယ်။ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဆိုပြီး အဓိပ္ပါယ်ပြုထားတဲ့ သေခြင်းကင်း​သော မြို့ပါ။...

ကံကောင်းစေဖို့အာရှတိုက်သားတွေရဲ့အဆောင်ယတြာ ၉မျိုး

0
အာရှတိုက်သားတွေဟာကံကိုယုံကြည်ကြတဲ့အတွက် ကံကောင်းဖို့ လာဘ်ကောင်းဖို့အတွက်ယတြာအစီအရင် အမျိုးမျိုးလုပ်တတ်ကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်းကံပွင့်ဖို့ပုတီးစိပ်တဲ့သူတွေ၊ နတ်ကိုးကွယ်တဲ့သူတွေရှိသလို စေတနာကောင်းရင်ကံကောင်းမယ်လို့ပဲယုံကြည်သူတွေလည်းရှိတယ်။ ဒီဆောင်းပါးမှာအာရှတိုက်သားတွေစီရင်လေ့ရှိတဲ့ယတြာနဲ့ အဆောင် ၉မျိုးကိုဖော်ပြလိုက်ပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမို့ဝေဖန်ကဲ့ရဲ့နေမယ့်အစားမတူကွဲပြားတဲ့ယုံကြည်မှုတွေကိုလေ့လာရင်း ဗဟုသုတဖြစ်စေဖို့ရည်ရွယ်ပါတယ်။ ဂျပန်ပစ်တိုင်းထောင် လာဘ်ခေါ်ရုပ်လေးတွေထဲမှာအထင်ရှားဆုံးကတော့ ဂျပန်လူမျိုးတွေရဲ့ Daruma Doll ဖြစ်ပါတယ်။ ကျနော်တို့ဆီကပစ်တိုင်းထောင်ရုပ်လေးတွေနဲ့ပုံစံတူပေမယ့် ဆေးခြယ်ပုံကတော့ကွာပါတယ်။နှစ်တနှစ်ရဲ့အစမှာဂျပန်လူမျိုးတွေဟာဘုရားကျောင်းတွေက Daruma ကိုဝယ်ယူပြီး နှစ်သစ်အတွက်ဆုတခုတောင်းလေ့ရှိတယ်။ ဆုတောင်းပြီးသွားရင် Daruma ရဲ့ဘယ်ဘက်မျက်လုံးနေရာမှာ ဆေးခြယ်ရပါတယ်။ ဆုတောင်းပြည့်သွားတဲ့အခါမှာတော့ညာဘက်မျက်လုံးကိုဆေးခြယ်ပြီး ကိုယ်ဝယ်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သွားပေးရတယ်။ ဆုတောင်းဖြည့်ပေးတဲ့အတွက် Daruma...

မင်းကွန်း​ခေါင်း​လောင်းကြီးနဲ့ ကမ္ဘာ​ကျော် ကြီးငါးကြီး

0
ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်​နေတဲ့ မင်းကွန်းဒေသဟာ ကမ္ဘာကျော် ကြီးငါးကြီး တည်ရှိရာ ဒေသ​လေးပါ။ ကြီးငါးကြီးဆိုတာက​တော့ ၁။ မင်းကွန်းပုထိုးတော်ကြီး ၂။ မင်းကွန်းခေါင်းလောင်းတော်ကြီး ၃။ ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ရုပ်ကြီး၂ရုပ် ၄။ မင်းကွန်းဆရာတော်ဘုရားကြီး ၅။ ကန်​တော်ကြီး တို့ပဲဖြစ်ပါတယ်။ ၁။ မင်းကွန်းပုထိုး​တော်ကြီး ဘိုး​တော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၉၀မှာ ပုထိုး​တော်ကြီးကို လူသူအင်အား အများအပြားအသုံးပြုပြီး တည်ထား​ဆောက်လုပ်ခဲ့တာပါ။ "ဘုရားကြီးအပြီးတိုင်၊ မုဆိုးမဏ္ဍိုင်ကျိုးလိမ့်မလွဲ" ဆိုတဲ့ တ​ဘောင် ပေါ်လာတာကြောင့် ပုထိုး​တော်ကြီးတည်ထားမှုကို...