ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားမလဲ

0
ကျွန်တော်တို့တွေ အစားအစာကို ပုံမှန်စားသုံးကြပေမယ့် အချိန်တိတိကျကျစားသုံးတဲ့သူ နည်းပါးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေအားလုံးကတော့ အချိန်တိတိကျကျလုပ် နေတာတွေ့ရပါတယ်။ ဇီဝယန္တရားဟာ စားလိုက်တဲ့အစာကို စားတဲ့အချိန်ပေါ် မူတည်ပြီး တုံ့ပြန်တာကိုတွေ့ရပါတယ်။ နေ့အချိန် စားသလား၊ ညအချိန်စားသလား စားတဲ့အချိန်ပေါ်မူတည်ပြီး ခန္ဓာကိုယ်အပေါ်ကွဲပြားစွာ အကျိုးသက်ရောက် ပါတယ်။

ကိုဗစ်ကာလမှာ တွင်ကျယ်လာတဲ့ စက်ရုပ်စားပွဲထိုးများ

0
နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ လူတွေ နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးခိုင်းစေမှုများပြားလာပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ခပ်ခွာခွာနေရမယ့် အချိန်မှာ စက်ရုပ်အသုံးပြု တာတွေ ပိုများလာပါတယ်။ စက်ရုပ်တွေကို အကြီးစားစက်မှုလုပ်ငန်းတွေသာမက စားသောက်ဆိုင်တွေအထိ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက No Brand ဘာဂါဆိုင်ကတော့...

ကိုယ်ချစ်တဲ့သူနဲ့စိတ်ကျန်းမာရေးပြဿနာတွေအကြောင်းဘယ်လိုဆွေးနွေးမလဲ

0
ကျနော်တို့ရဲ့အသိမိတ်ဆွေ၊ မိသားစုဝင်တယောက်ယောက်မှာစိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုခံစားနေရတဲ့ လက္ခဏာတွေတွေ့ရပေမယ့် ဗြောင်ကျကျမေးမြန်းဆွေးနွေးဖို့တော့ခက်ပါတယ်။ ဒါဟာကာယကံရှင်အနေနဲ့ သူ့ကိုသူများတွေကစိတ်ဝေဒနာသည်လို့ထင်မှာစိုးရိမ်လို့ဖြစ်သလို ကျနော်တို့ကိုယ်တိုင်ကလည်းသူတပါးအတွင်းရေးကိုဝင်ရောက်စွက်ဖက်မိမှာစိုးနေတာကြောင့်လည်းပါပါတယ်။ ဒါပေမယ့်မပြောဘဲနေနေခြင်းဟာသူ့ရဲ့စိတ်ဖိစီးမှုကိုပိုဆိုးစေတယ်။ ဒါကြောင့်ကိုယ်ချစ်တဲ့သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအကြောင်းစကားစနိုင်ဖို့ Psychology Today ကဆောင်းပါးရှင် Amy Morin ရဲ့လမ်းညွှန်ချက်တွေကိုဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။ သူဟာစိတ်ကုထုံးပညာရှင်ဖြစ်သလို 13 Things Mentally Strong...

အစိမ်းရောင်ပီတိ

0
တသက်လုံးပျော်ချင်သစ်ပင်စိုက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာနေရသူတွေလည်း အိမ်ထဲမှာပဲစိမ်းလန်းတဲ့ပတ်ဝန်းကျင်တခုကိုဖန်တီးလို့ရပါပြီ။ အင်္ဂလိပ်စကားလုံး Serendipity ဆိုတာမမျှော်လင့်ထားတဲ့အချိန်မှာရလိုက်တဲ့စိတ်ကြည်နူးစရာအခိုက်အတန့် လို့အဓိပာယ်ရပါတယ်။ Serendip ဆိုတဲ့ online shop လေးဟာဒီစကားလုံးကိုအခြေခံထားတဲ့နာမည်ပါ။ Serendip ရဲ့ပဲ့ကိုင်ရှင်မအေးသဒ္ဒါဆွေဟာငယ်ငယ်လေးကတည်းက အိမ်တွင်းစိုက်အပင်တွေကိုစိတ်ဝင်စားခဲ့တယ်။ သူငယ်စဉ်ကအမေဖြစ်သူဝယ်လာတဲ့ succulent (အရွက်ထူ၍အရည်ရွှမ်းသောအပင်မျိုးစိတ်) အပင်လေးတွေကိုစမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။

စားသောက်ဆိုင်တွေပြန်ဖွင့်လာရင် သင်ကြုံ‌ေတွ့လာရနိုင်တဲ့အကြောင်းကိစ္စသစ်များ

0
Outdoor Spacing ကြိတ်ကြိတ်တိုးလူစည်‌ကားခြင်းက Social distancing ရှိဖို့လိုတဲ့အခုအချိန်ကာလမှာ စား‌ေသာက်ဆိုင်တစ်ဆိုင်အတွက် ပြဿနာဖြစ်‌လာ‌ေစမှာပါ။ အလုံပိတ်အအေးပေးထားတဲ့အခန်းတွေဟာ virus ကူးစက်မှုကို ပိုအားပေးနိုင်တယ်လို့တွေ့ရှိထားမှုတွေကြောင့်လည်း ‌Outdoor Space မှာခင်းကျင်းရောင်းချမှုတွေက များလာခဲ့ပါပြီ။ ဆိုင်အပြင်ဘက်မှာ...

Reopening ကာလ‌အတွင်း ဒီလိုအမှား‌‌ေတွမလုပ်မိပါစေနဲ့

0
COVID-19 Pandemic ကြောင့် ခဏပိတ်ထားခဲ့ရတဲ့‌ Public Place တွေနဲ့ လုပ်ငန်းခွင်တချို့က‌ေတာ့ အခုပြန်ဖွင့်လှစ်လာကြပါပြီ။ ဒီလိုပြန်ဖွင့်လာပြီဆိုပေမဲ့လည်း အခြေအနေတွေက အရင်ကလိုမဟုတ်‌ေတာ့တဲ့အတွက် လုံခြုံစိတ်ချရတဲ့အခြေအနေမျိုးလို့ တစ်ထစ်ချ ယူဆလိုက်လို့မရ‌နိုင်‌ေသးပါဘူး။ Quarantine ကာလပြီးဆုံးလို့ ပုံမှန်အတိုင်း ပြန်လည်ပတ်လှုပ်ရှားနေတဲ့နိုင်ငံ‌ေတွမှာ‌ေတာင် ၊Covid-19 ရဲ့ Second Wave အန္တရာယ်မကြုံရစေဖို့ သက်ဆိုက်ရာကထုတ်ပြန်ထားတဲ့သတိပေးလမ်းညွှန်ချက်တွေအတိုင်း...

ရန်ကုန်မှာခွေးမွေးတော့မယ်ဆိုရင်…

0
အိမ်ထဲမှာပဲနေနေရလို့အပျင်းပြေအောင်ခွေးမွေးဖို့စိတ်ကူးနေပြီလား။ အဲ့ဒါဆိုရင်တော့ဒီဆောင်းပါးကိုဖတ်ကြည့်ဖို့လိုပြီနော်။ ကိုယ်မွေးထားတဲ့တိလေးတွေအကြောင်းကိုလည်း comment မှာမျှဝေပေးပါဦး။ တိလေးတွေမွေးတော့မယ်ဆိုရင် သူတို့နဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူတွေဆီကသင်ယူတာ အကောင်းဆုံးပါပဲ။ ဒါကြောင့်ရန်ကုန်မှာနေတဲ့ခွေးချစ်သူတွေဆီက သိသင့်တာတွေမေးမြန်းဖြစ်ခဲ့ပါတယ်။ Daniel Wong မှာ Wawa နဲ့ Chi Chi ဆိုတဲ့ Chihuahua...

ရေခဲသေတ္တာက စွမ်းအင်များစွာသုံးစွဲ‌ေနမှုကို ဘယ်လို‌ေလျှာ့ချနိုင်မလဲ

0
ရေခဲသေတ္တာဆိုတာ အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့အရာဖြစ်သလို အပြင် မီးဖိုချောင်အတွက် တကယ်ကိုအသုံးဝင်တဲ့ပစ္စည်း တစ်ခုဆိုတာ သဘောတူကြမယ် ထင်ပါတယ်။ ဘယ်လောက်ပဲ အသုံးဝင်တယ်ဆိုပေမဲ့ဓာတ်အားသုံးစွဲမှုများလွန်းပါတယ်။ တစ်နေ့ကို ၂၄ နာရီ၊ ၁ နှစ်ကို ၃၆၅ ရက်လုံးကို အလုပ်လုပ်နေပြီး ပိတ်ပစ်လိုက်ဖို့ကလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့်လည်း ပေးဆောင်နေရတဲ့ လျှပ်စစ်မီတာခ ရဲ့...

Drone Picture တွေထဲမှာမြင်ရတဲ့ အိမ်တွင်းပုန်း‌‌သူတို့ရဲ့ဟန်ပန်အမျိုးမျိုး

0
စာဖတ်သူတို့ရဲ့ အိမ်ထဲမှာချည်း‌နေ‌နေရတဲ့ခံစားချက်က ဘယ်လိုများရှိမလဲ? အိမ်တွင်းအောင်းနေရတဲ့အချိန်‌တွေမှာငကာ ဘာတွေလုပ်ဖြစ်ကြလဲဗျ? Adas Vasiliauskas ဆိုတဲ့ Lithuanian ဓာတ်ပုံဆရာတစ်ဦးကတော့ COVID-19 Outbreak Quarantine ကြောင့် ဓာတ်ပုံရိုက်ဖို့အလုပ်တွေအားလုံးကိုဖျက်ထားရချိန်မှာ အကြံ‌ကောင်းတစ်ခုကို တွေးမိခဲ့ပါတယ်။ အဲဒါကတော့ လူအချင်းချင်းထိတွေ့မှုကင်းအောင်နေကြရတဲ့အခြေအနေအတွင်းမှာ zero-human-contact နည်းလမ်းနဲ့ လူတွေကို...

ရွှေတောင်ပံတို့ပျံသန်းရာ

0
ဓာတ်ပုံပညာနဲ့အသက်မွေးသူတွေ အပျော်တမ်းဓာတ်ပုံရိုက်သူတွေကြားမှာ တောရိုင်းတိရစ္ဆာန်တွေကိုဓာတ်ပုံရိုက်တဲ့အလုပ်ဟာတော်တော်လေးကိုခက်ခဲပါတယ်။ အဲ့ဒီထဲကမှ ငှက်တွေကိုပဲသီးသန့်ဓာတ်ပုံရိုက်တာကအပင်ပန်းခံနိုင်ရုံနဲ့မရဘဲ စိတ်ရှည်သည်းခံနိုင်ဖို့လိုပါသေးတယ်။ မြန်မာနိုင်ငံမှာဒေသခံငှက်မျိုးစိတ် ၁၁၁၃မျိုးရှိပြီး ဆောင်းခိုငှက်မျိုးစိတ် ၃၅၀လောက်နှစ်စဉ်နှစ်တိုင်း ၀င်ရောက်လေ့ရှိပါတယ်။ အပျော်တမ်းငှက်ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ကိုဖြိုး ခေါ် ဦးသစ်ဦးကို သူ့အတွေ့အကြုံတွေနဲ့ ငှက်တွေရဲ့အကြောင်းစကားပြောဖြစ်ခဲ့ပါတယ်။ “ငှက်တွေကိုဓာတ်ပုံရိုက်ရင်း တနိုင်ငံလုံးတော့နှံ့နေပါပြီ။ နောက်ဆုံးသွားခဲ့တာကတော့...