MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
အသစ်ဖွင့်တဲ့ဈေး
တောင်ညွန့်နားနေတဲ့သူတွေအတွက်တော့ဈေးဝယ်စရာနေရာအသစ်တခုတိုးပါပြီ။ မကြာခင်ကမှအသစ်ဖွင့်လိုက်တဲ့ Bazaar Yangon Hypermarket မှာလူသုံးကုန်နဲ့စားသောက်ကုန်တွှေပြင် food court လည်းရှိတာမို့ ပိတ်ရက်ဈေးဝယ်ရင်း hangout လုပ်လို့လည်းကောင်းပါတယ်။
အမှတ် ၅၈၊ အထက်ပန်းဆိုးတမ်းလမ်းနှင့်မြန်မာ့ဂုဏ်ရည်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
PARKROYAL ဟိုတယ်က dine 4 pay 3 ဒေဝါလီအထူးဘူဖေးပရိုမိုးရှင်းကတော့တော်တော်တန်ပါတယ်။ တယောက်ကို ၂၂ ဒေါ်လာတည်းနဲ့အိန္ဒိယအစားအစာတွေကို ၃နာရီတိတိအဝစားနိုင်မှာပါ။ ၈ဒေါ်လာထပ်ပေးရင် ဘီယာ၊ ထောပတ်နို့ (Lassi) နဲ့ မဆလာလက်ဘက်ရည်တွေပါ ၂နာရီ free flow သုံးဆောင်နိုင်ပါတယ်။
(5:30pm-9:30pm) 24 Oct | Spice Brasserie, PARKROYAL Yangon
မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
ရန်ကုန်ရဲ့ အစောဆုံး rooftop bar တွေထဲကတခုဖြစ်တဲ့ Atlas ပြန်ဖွင့်ပါပြီ။ Menu အသစ်တွေကိုမြည်းစမ်းကြည့်ဖို့သွားဖြစ်ပါဦးမယ်။
ကော့တေးကြိုက်သူတွေသွားသင့်တဲ့ပွဲ
Madame Em’s နဲ့ Rangoon Tea House တို့ပူးတွဲကျင်းပတဲ့ Tea Time Party မှာ လက်ဘက်ရည်အခြေခံကော့တေးတွေကိုသုံးဆောင်ခွင့်ရမှာပါ။ ကော့တေးသောက်ရင်း DJ Pete ရဲ့သံစဉ်တွေနားထောင်မယ်။ Pet friendly လည်းဖြစ်တာမို့ခွေးလေးတွေကြောင်လေးတွေလည်းခေါ်သွားနိုင်ပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
ကြည့်သင့်တဲ့ရုပ်သေးသဘင်
ထွေးဦးမြန်မာရဲ့ရုပ်သေးသဘင်ကို French Institute က Pann Chan Cafe မှာလာမယ့်စနေနေ့ကျရင်ပြသသွားမှာပါ။ ဝင်ကြေး ၁သောင်းကျပ်ဖြစ်ပြီး ညနေ ၆နာရီခွဲမှာပွဲစပါမယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
အမှတ် ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 980 325774