သွားသင့်တဲ့ပန်းချီပြပွဲ
ပန်းချီဆရာမင်းမဟော်ရဲ့ Old is New လို့အမည်ရတဲ့ပန်းချီပြပွဲကိုတနင်္ဂနွေနေ့ကျရင်ရွှေစားပွဲစားသောက်ဆိုင်မှာကျင်းပသွားမယ်လို့သိရပါတယ်။ Red Mountain ရဲ့ဝိုင်အမြည်းသောက်သုံးခွင့်ရမယ့်အပြင် canapes အမြည်းတွေပါသုံးဆောင်ခွင့်ရဦးမှာပါ။
(4pm – 6pm) 26 Feb | Shwe Sa Bwe
Sakura Residence ကဈေးပွဲတော်
အခုလာမယ့်တနင်္ဂနွေနေ့ကျရင် မနက် ၁၀နာရီကနေ ၆နာရီအထိ Sakura Residence မှာဈေးပွဲတော်ရှိပါတယ်။ ဆိုင်ပေါင်း ၃၀လောက်ပါမယ့်အပြင် DJ နဲ့လည်းဖျော်ဖြေသွားမယ်လို့သိရပါတယ်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
Novotel က The Square စားသောက်ဆိုင်ရဲ့ဘူဖေးမနက်စာကို ၂ယောက်သွားစားရင် ၁ယောက်စာပဲပေးရမှာနော်။ တယောက်ကို ဒေါ်လာ ၂၀ (သို့) ကျပ် ၄၂၀၀၀ သာကျသင့်ပါတယ်။ ဖေဖော်ဝါရီလကုန်အထိဒီပရိုမိုးရှင်းရှိပါတယ်။
(6am – 10:30am) Until 28 Feb | Novotel Yangon Max
09 4440 8888 3
သွားသင့်တဲ့ပွဲ
Kokkoya Organics ရဲ့ Green Festival ကို ၃ရက်တာကျင်းပသွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အသိပညာပေးဆွေးနွေးပွဲတွေအပြင် ဈေးပွဲတော်၊ ရုပ်ရှင်ပွဲတော်တွေကိုပါကျင်းပသွားမှာပါ။ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိကြာမြင့်မှာဖြစ်ပြီး အသေးစိတ်ကို Kokkoya Organics Facebook မှာကြည့်နိုင်ပါတယ်။
24 – 26 Feb | Kokkoya Organics
မွန်းကျပ်မှုတွေဖြေဖျောက်နိုင်မယ့် workshop
Counselling Corner ရဲ့ Clay Workshop ကစိတ်ထဲကမွန်းကျပ်မှုတွေကိုအတိုင်းအတာတခုအထိပြေပျောက်စေမှာပါ။ ဒီ workshop လေးရဲ့ထူးခြားချက်က အိုးခွက်ပန်းကန်တွေ အရုပ်တွေလုပ်တာကိုသင်ပေးတာမျိုးမဟုတ်ဘဲစိတ်ထဲရှိနေတာကို ရွှံ့စေးကနေတဆင့်ကိုယ်တိုင်ပုံဖော်ပြီးစိတ်ဖိစီးမှုတွေကို လျှော့ချခြင်းပါပဲ။ ကိုယ့်ဖန်တီးမှုကလှပါ့မလား၊ မှန်ပါ့မလားဆိုပြီးတွေးပူနေစရာမလိုဘဲ ကိုယ့်စိတ်ထဲရှိတာကိုဖန်တီးခွင့်ရမှာပါ။
အချိန်ကတော့ ဖေဖော်ဝါရီ ၂၆ရက် မနက် (၁၀) နာရီ ကနေ နေ့လယ် (၁၂) နာရီထိဖြစ်ပြီး ကျင်းပမယ့်နေရာကတော့ Counselling Corner ရုံးခန်းနေရာဖြစ်တဲ့ အမှတ် (၅/၉) ပထမထပ် ဘိုကလေးဈေးလမ်း (အောက်ဘလောက်) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာပါ။ ဝင်ကြေး ကျပ် ၁၀၀၀၀ ကျသင့်ပါတယ်။ ဒီ link ကနေစာရင်းပေးပါ။ https://forms.gle/KuUXZRKy63KgbqYA6