Advertisement

Junction City ကဆိုင်သစ်လေးတွေ

Junction City ၄လွှာကအသစ်ဖွင့်တဲ့ဆိုင်လေးတွေဆီရောက်ပြီးပြီလား။ စာအုပ်ဆိုင်၊ crepe၊ အဆာပြေစားစရာတွေအပြင် Anime ဇာတ်ကောင်စတစ်ကာတွေနဲ့ collectible တွေရောင်းတဲ့ဆိုင်တွေရှိပါတယ်။ ခုံတန်းလေးတွေလည်းရှိတာမို့ဈေးဝယ်ရင်းအညောင်းပြေထိုင်လို့လည်းရတာပေါ့။

ဂျပန်စတိုင်ပန်းချီတွေကိုစိတ်ဝင်စားသူတွေအတွက်ပွဲ

L’Opera အီတလီစားသောက်ဆိုင်က ဂျပန်အနုပညာဟန်ပန်းချီတွေရေးဆွဲနိုင်တဲ့ Drink & Draw event ကိုစီစဉ်ထားပါတယ်။ တယောက်ကိုကျပ် ၃၅၀၀၀ ကျမှာဖြစ်ပြီး ပန်းချီဆွဲဖို့ကိရိယာတွေအပြင် Aperol တခွက် ပီဇာ (သို့) ပါစတာတပွဲပေးသွားမှာဖြစ်ပါတယ်။ ဒီ link ကနေတဆင့်အသေးစိတ်ကိုဖတ်ရှုနိုင်ပါတယ်။

(1pm – 3:30pm) 12 Mar | L’Opera

လက်မလွှတ်သင့်တဲ့ပရိုမိုးရှင်း

Mercure Yangon Kaba Aye ကမတ်လ ၁၀ရက်နေ့ကနေ ၁၂ရက်နေ့အထိ staycation flash sale လုပ်ဖို့ရှိပါတယ်။ Deluxe Room, 1-Bedroom Studio and 2-Bedroom Apartment တွေကို ၂၀ရာခိုင်နှုန်းလျှော့ဈေးနဲ့တည်းခိုနိုင်မှာပါ။ 09 420 011 863 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။

အရမ်းတန်တဲ့ High Tea ဘူဖေး

တဦးကို ကျပ် ၂၈၀၀၀ တည်းနဲ့ high tea ဘူဖေးစားနိုင်မယ့်အခွင့်အရေးပါ။ ကိတ်မုန့်နဲ့သွားရည်စာတွေအပြင် ပါစတာတွေကိုပါအဝစားနိုင်မှာဖြစ်ပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်နဲ့အအေးတွေကလည်း free flow နော်။

(2pm – 5pm) တနင်္ဂနွေနေ့တိုင်း | Wyndham Grand Yangon

ရန်ကုန်မြစ်ထဲမှာဘူဖေးညစာစားရင်းသင်္ဘောစီးမယ်

နေဝင်ချိန်ကိုကြည့်ရင်းသင်္ဘောစီးရင်းဘူဖေးစားကြမယ်။ ညနေ ၅နာရီခွဲကနေ ၇နာရီခွဲထိကြာမြင့်မှာဖြစ်ပြီး တဦးကိုကျပ် ၂၆၀၀၀ ကျသင့်ပါတယ်။ နိုင်ငံခြားသားတွေဆိုရင်တော့ ကျပ် ၄၀၀၀၀ ပါ။ 09953378900 (သို့) 09952278900 ကိုဆက်သွယ်ပြီးအသေးစိတ်ကိုမေးမြန်းနိုင်ပါတယ်။

Jetty 3, Botahtaung Harbour, Yangon

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here