Photo by Junior Reis on Unsplash
Advertisement

The Corriander Leaf Yangon ကသင်္ကြန်ပရိုမိုးရှင်း

The Corriander Leaf Yangon ရဲ့စားသောက်ဆိုင်တွေမှာ သင်္ကြန်ပရိုမိုးရှင်းအနေနဲ့ ဧပြီလ ၅ရက်နေ့ကစပြီး ၃၀ရာခိုင်နှုန်း discount ပေးသွားမှာပါ။

The Corriander Leaf Yangon
Building No 12, Yangon International Hotel Compound, Ahlone Road, Yangon

The Corriander Leaf StarCity
No 53, Wing (C), Building A-5, Starcity, Thanlyin Estate Development, Kyaik Khauk Pagoda road, Yangon

DelhiDeli
312/A East Shwegon Daing Road, Near SSC Hospital, Bahan Township, Yangon

Junction City ကသင်္ကြန် flash sale

သင်္ကြန်တွင်းဝတ်ဖို့ shopping ထွက်မယ်ဆိုရင်တော့ Junction City မှာ Adidas, Ipanema, Mango, The Face Shop တို့အပါအဝင်ဆိုင်ခန်း ၂၀နီးပါးက ဧပြီ ၃ရက်နေ့ကနေ ၇ရက်နေ့အတွင်း ၇၀ရာခိုင်နှုန်းအထိလျှော့ဈေးနဲ့ရောင်းချပေးနေပြီနော်။ ဒီတခေါက်ပရိုမိုးရှင်းမမီတော့ရင်လည်း ၈ရက်နေ့ကနေ ၁၂ရက်နေ့အထိနောက်ထပ် flash sale တခုရှိသေးတာမို့သူ့ page မှာစောင့်ကြည့်နိုင်ပါတယ်။

Junction City, Level 2, Promotion Area

Gekko စားသောက်ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်ခြင်း

အရင်ကမြို့ထဲမှာဖွင့်ခဲ့တဲ့ Gekko ဂျပန်စားသောက်ဆိုင်ဟာအခုရွှေတောင်ကြားထဲပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။ ဧပြီ ၇ရက်နေ့ကစပြီးဧည့်ခံတော့မှာဖြစ်တဲ့အတွက် Gekko ပရိသတ်တွေသိရအောင်လက်တို့လိုက်ပါတယ်။

No 41/22, Aung Taw Mu Lane, Golden Valley, Bahan Township, Yangon
09 787 985 840
11am – 10pm

Melia Yangon ရဲ့ Easter နေ့လယ်စာဘူဖေး

ခရစ်ယာန်ဘာသာဝင်တို့အထွတ်အမြတ်ထားတဲ့ Easter ပွဲတော်နေ့မှာ မိသားစုနေ့လယ်စာစားမယ်ဆိုရင် Melia ရဲ့ဘူဖေးရှိပါတယ်။ တဦးကို ၂၈ဒေါ်လာကျသင့်မှာဖြစ်ပြီး ၃နာရီတိတိစားကောင်းသောက်ဖွယ်မျိုးစုံအဝစားနိုင်မှာပါ။ ကလေးတွေအတွက်ပျော်စရာအစီအစဉ်တွေလည်းရှိပါတယ်။

The Market Restaurant, No 192, Kaba Aye Pagoda Road, Bahan Township, Yangon
11:30am – 2:30pm | 9 April (Sunday)
09 940 407 700, 01 934 5000

ရာသီစာသင်္ကြန်ထမင်းစားလို့ရတဲ့ဆိုင်လေး

သင်္ကြန်ထမင်းကိုကြိုက်လို့ပဲဖြစ်ဖြစ် မစားဖူးလို့ပဲဖြစ်ဖြစ်စားကြည့်ချင်တယ်ဆိုရင် Kaung Thant Food Centre မှာရောင်းပေးနေပါပြီ။ ငါးကွန်းရှပ်၊ ကြက်သွန်နီ၊ သရက်သီးတို့ရောကြော်ထားတဲ့သရက်ကြော်ဟင်းနဲ့ ဖယောင်းနံ့သင်းနေတဲ့သင်္ကြန်ထမင်းပါ။ ပရိသတ်တွေကောသင်္ကြန်ထမင်းကိုဘယ်ဆိုင်တွေမှာစားဖြစ်လဲ။ Comment မှာ ပြောသွားပါဦး။

အမှတ် (၈)၊ ပါရမီလမ်းမပေါ် (၆) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (AD မီးပွိုင့် နှင့် RC 2 အနီး၊ အင်းယားလေးကန်ရှေ့)။
09776196978, 09441444552
မနက် ၆:၀၀ – ညနေ ၅:၀၀

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here