ဒီအပတ်ပိတ်ရက်မှာတော့မိုးအေးအေးထဲချွေးထုတ်လို့ရမယ့် indoor climbing event နဲ့ တီထွင်ဖန်တီးမှုကိုအားပေးတဲ့ painting workshop တွေရှိပါတယ်။
Kokkoya နဲ့ Climb O’Clock ရဲ့ indoor climbing event
မနက် ၉နာရီ Climb O’Clock မှာ indoor climbing လုပ်ရင်းချွေးထုတ်မယ်။ နေ့လယ်ကျရင် Kokkoya ရဲ့စိုက်ခင်းလေးထဲမှာအရသာရှိတဲ့ပီဇာတွေစားရင်းအားပြန်ဖြည့်မယ်။ ဒီ event မှာတဦးကို ၂၇၀၀၀ ကျပ်တည်းနဲ့ပါဝင်နိုင်ပါပြီ။ သက်ဆိုင်ရာ Facebook page တွေကတဆင့်စုံစမ်းစာရင်းပေးနိုင်ပါတယ်။
9 am – 1 pm | 18 June
Pann Chan Cafe ရဲ့ painting workshop
ကိုယ့်ရဲ့တီရှပ်တွေ၊ ဂျင်းအင်္ကျီတွေနဲ့ ဘောင်းဘီတွေကိုကိုယ့်စိတ်ကြိုက်အရောင်တွေခြယ်မှုန်းရင်းစိတ်ထွက်ပေါက်ရယူကြမယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေကလမ်းညွှန်ပေးသွားမှာမို့ ပန်းချီမဆွဲတတ်လည်းပါဝင်နိုင်ပါတယ်။ ဒီ Link ကတဆင့်စာရင်းပေးပါ။
https://www.facebook.com/events/153541014388192/?ref=newsfeed
French Institute, 340, Pyay Road, Sanchaung Township, Yangon
10 am – 1 pm | 18 June
American Club Rangoon ရဲ့ open house event
American Club Rangoon ရဲ့ facility တွေကိုကြည့်ခွင့်ရမယ်။ ရေကူးခွင့်ရမယ်။ ပြီးတော့နေ့လယ်စာ a la carte ဟင်းပွဲတွေကိုလည်းမှာယူစားသုံးနိုင်မယ်။ Membership နဲ့ပတ်သက်ပြီးသိလိုသမျှလည်းမေးနိုင်ပါတယ်။ ဝင်ကြေးပေးစရာမလိုပါဘူး။ Photo ID တော့ယူသွားဖို့လိုပါတယ်။
No 27, Malikha Street, Parami Road, Yangon
10 am – 5 pm | 17 June
RSVP: [email protected]
Father’s Day မှာအဖေနဲ့အတူနေ့လယ်စာစားမယ်
Inya Lake Hotel မှာ အဖေများနေ့အထိမ်းအမှတ်ဘူဖေးနေ့လယ်စာကို တဦးလျှင် ဒေါ်လာ ၃၀တည်းနဲ့သုံးဆောင်နိုင်ပါပြီ။ နိုင်ငံတကာအစားအသောက်တွေသုံးဆောင်ရင်းစူပါဟီးရိုးဖေဖေကိုဂုဏ်ပြုလိုက်ပါ။
No 37, Kabaraye Pagoda Road, Mayangone Township, Yangon
11:30 am – 2:30 pm | 18 June
01 966 2866
StarCity Sports Club ရဲ့အားကစားပြိုင်ပွဲများ
StarCity Sports Club မှာဒီအပတ်စနေနေ့ကစပြီးဘောလုံး၊ ဘတ်စ်ကတ်ဘောနဲ့ ဘောလီဘောပြိုင်ပွဲတွေကိုအောက်ပါအချိန်ဇယားအတိုင်းကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ကြည့်ရှုအားပေးချင်ရင်တော့ 09 777 377 555 ကိုဆက်သွယ်စုံစမ်းပါ။
Spikefest Tournament
Date: June 17, 24 (Sat)
Time: 8 am – 6 pm
Ultimate Football 7×7 League
Date: June 17, 24 & July 1, 8, 15, 22 (Sat)
Time: 8 am – 10 pm
Grand Slam 3×3 League
Date: July 1, 8, 15, 22, 29 (Sat)
Time: 10 am – 3 pm
StarCity, Thanlyin Township, Yangon