မိုးရာသီရဲ့ mood down ဖြစ်တာတွေကတော့ Yangon ရဲ့ creative energy နဲ့ လုံးဝပျောက်ကွယ်သွားပြီလားလို့ ခံစားရတယ်နော်။ ဒီ weekend ကတော့ လှုပ်ရှားမှု၊ အရောင်အသွေး၊ community vibe တွေတစ်ပေါင်းတည်းနဲ့ တကယ်ကိုအပြည့်အဝပါပဲ။ Pride celebration အတွက် dress up လုပ်ပြီးထွက်မလား၊ local art တွေကို အေးအေးဆေးဆေးခံစားမလား၊ board game ကစားရင်း၊ glass paint လုပ်ရင်း မိတ်ဆွေသစ်တွေဖန်တီးမလား—လာမယ့် ၄၈ နာရီအတွင်း Yangon မှာ ကိုယ့်စိတ်ကြိုက်ရွေးလို့ရတဲ့ activity တွေပြည့်နေပါတယ်။
umbrella တစ်လုံးလည်းယူထားပြီး (just in case!) ဒီ weekend အတွက် အကောင်းဆုံး plan တွေကို ကျွန်တော်တို့ရွေးထားတဲ့ guide နဲ့အတူ လိုက်ကြည့်လိုက်ပါ။
Art & Culture Edit
Watercolor နဲ့ ခရီးသွားမယ်: “Art for Tourism”
မြန်မာနိုင်ငံရဲ့ အထင်ကရ ယဉ်ကျေးမှုနဲ့ သမိုင်းဝင်နေရာတွေကို local watercolor artist သုံးဦးရဲ့ airy brushstroke တွေနဲ့ ပြန်လည်မြင်တွေ့ရမယ့် exhibition ပါ။ နိုင်ငံရဲ့ heritage ကို လှလှပပချစ်ခင်မှုနဲ့ ပုံဖော်ထားတဲ့ visual treat တစ်ခုလို့ ပြောလို့ရပါတယ်။
When: Saturday, June 20 | 9:00 AM – 8:00 PM
Where: Chatrium Hotel Royal Lake Yangon | Free Admission
Big Night Out (Pride & Music)
The Grand Golden Ball Vol-2
Why Go Now: June လရဲ့ peak moment ကို ရောက်လာပြီဆိုတော့ Yangon မှာ Pride နဲ့ World Music Day ကို grand grand လုပ်နေပါတယ်။ Ballroom culture အပြည့်နဲ့ jaw-dropping performance တွေ၊ energy အပြည့်နဲ့ dance categories တွေ၊ look အပြည့် serve တတ်တဲ့ crowd တွေကို မြင်တွေ့ရမယ်။ ဒီလအတွင်း event တစ်ခုတည်းအတွက် dress up လုပ်မယ်ဆိုရင်—ဒီ event ကိုပဲရွေးလိုက်ပါ။
When & Where: ဒီ vibe ကိုဖမ်းမယ်ဆိုရင် option နှစ်ခုရှိပါတယ်—
- Option A: Saturday, June 20 | 5:00 PM – 9:00 PM at Institut Français de Birmanie (IFB) | Free Admission
- Option B: Saturday, June 20 | 5:00 PM – 11:59 PM at Rose Garden Hotel | Free Admission
Cozy Meetups & New Connections
HER Society နဲ့ Craft လုပ်မယ်: Sip & Paint Gathering
Ladies တွေအတွက် specially ပါနော်။ တစ်ပတ်လုံးပင်ပန်းထားတာကို glass bottle painting guided session နဲ့ unwind လုပ်လိုက်ပါ။ premium coffee အနံ့လေးတွေကြားမှာ အေးအေးဆေးဆေး chat လုပ်၊ ရယ်မော၊ ကိုယ်တိုင်လုပ်ထားတဲ့ art piece လေးကို အိမ်သို့ယူသွားလို့ရတဲ့ intimate vibe တစ်ခုပါ။
When: Saturday, June 20 | 2:00 PM – 5:00 PM
Where: The Coffee House by Signature Scents | Contact Organizer to Book
German Skill တက်ချင်လား: Lingua Ludica – Board Game Day
language သင်တာက မပျင်းရဘူးနော်။ German level A2 နှင့်အထက်ရှိရင် Goethe-Institut ကိုသွားပြီး interactive board games တွေနဲ့ practice လုပ်ကြည့်ပါ။ pressure မရှိဘဲ conversation skill တိုးတက်အောင်လုပ်နိုင်ပြီး တကယ်ပျော်စရာကောင်းပါတယ်။
When: Saturday, June 20 | 2:00 PM – 4:00 PM
Where: Goethe-Institut Myanmar | Free Admission
Film Screening & Chat: The Greatest Showman
ဒီ musical masterpiece ကို big screen ပေါ်မှာ ပြန်ကြည့်ပြီးနောက် identity, belonging, ambition တို့ကို အခြေခံထားတဲ့ community discussion လေးနဲ့ ဆက်လက်ဆွေးနွေးနိုင်ပါတယ်။
When: Saturday, June 20 | 1:00 PM – 5:00 PM
Where: American Center Yangon | Free Admission
ဤုဆောင်းပားကို မူလပင် myanmore.com တြင် ဖောဖြေပြခံသည်။





