သမ္မတရုံးက စက်တင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်တစ်ရပ် ထွက်ပေါ်ခဲ့ပြီး ဆီပြတ်လပ်မှုကြောင့် ပြဋ္ဌာန်းထားသည့် အတွဲ/မမ ကားမောင်းကန့်သတ်ချက်ကို တရားဝင် ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။
မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် ဤစနစ်သည် လိုင်စင်နံပါတ် နောက်ဆုံးဂဏန်းကို အခြေခံ၍ အတွဲဂဏန်းများကို အတွဲရက်များတွင်သာ၊ မမဂဏန်းများကို မမရက်များတွင်သာ မောင်းနှင်ခွင့်ပြုသည့် စနစ်ဖြစ်သည်။ လျှပ်စစ်ကားများမှာမူ ဤစည်းကမ်းမှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။
သို့သော် ဆီဝယ်ယူဖြည့်တင်းမှုအတွက် အတွဲ/မမ စနစ်ကိုမူ ဆက်လက်ထားရှိမည်ဖြစ်ရာ ဆီဖြည့်ရန် စောင့်ဆိုင်းရသည့် အခြေအနေမျိုးမှာ ခဏတာ ဆက်ရှိနေဦးမည်ဖြစ်သည်။
ကန့်သတ်ချက် ရုပ်သိမ်းလိုက်ခြင်းကြောင့် ကိုယ်ပိုင်ကားနှင့် ဆိုင်ကယ်များကို နေ့စဉ် လွတ်လပ်စွာ မောင်းနှင်နိုင်ပြီဖြစ်ကာ ရန်ကုန်မြို့၏ နေ့စဉ်သွားလာမှုအတွက် သက်သာမှုတစ်ခု ဖြစ်လာသည်။
အရင်းအမြစ် — CNI Myanmar




