ဘာလို့တက်သင့်တာလဲ/အခုလိုအကျိုးကျေးဇူးတွေရနိုင်မယ်
- နယ်ပယ်အသီးသီးပညာရှင်တွေနဲ့တွေ့ဆုံရင်းအလုပ်အကိုင်အခွင့်အလမ်းသစ်တွေရရှိနိုင်ရန်
- အသိပညာဗဟုသုတသစ်တွေရှာဖွေနိုင်ရန်
- စီမံကိန်းအကောင်အထည်ဖော်ခြင်းနဲ့ပတ်သက်တဲ့နိုင်ငံတကာစံနှုန်းတွေကိုသိရှိနိုင်ရန်
- ပြည်တွင်းပြည်ပစီမံကိန်းတွေအကြောင်းလေ့လာနိုင်ရန်
ဘယ်လိုအစီအစဉ်တွေပါဝင်လဲ/အောက်ပါအစီအစဉ်တွေပါဝင်မယ်
- ဟိုတယ်ဘူဖေးနေ့လယ်စာ
- Tea break (၂ ကြိမ်)
Unicode
လာမယ့် ၁၀စုနှစ်အတွင်းစီမံကိန်းတွေ ကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက်…
Myanmar Project Management Center က ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ Myanmar Project Management Symposium မှာလုပ်ငန်းခွင်အသီးသီးက ပညာရှင် ၅၀၀ကျော်တက်ရောက်မှာဖြစ်ပြီး ကဏ္ဍပေါင်းစုံကစီမံကိန်းခန့်ခွဲရေးနယ်ပယ်မှာအောင်မြင်မှု တွေရရှိထားတဲ့ အတတ်ပညာရှင်နဲ့ လုပ်ငန်းရှင်များကသူတို့ရဲ့အတွေ့အကြုံဗဟုသုတတွေကို ဆွေးနွေးပြောကြားပေးမှာဖြစ်ပါတယ်။
ဒုတိယအကြိမ် Myanmar Project Management Symposium ဟာ “၂၀၂၀ခုနှစ်မျှော်မှန်းချက် – မြန်မာနိုင်ငံ၌နောင် ၁၀စုနှစ် တစ်ခုအတွင်းအကောင်အထည်ဖော်မည့်စီမံကိန်းများအောင်မြင်ရေး” ဆိုတဲ့ theme နဲ့ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ၁၀စုနှစ်တစ်ခုရဲ့အစဖြစ်တဲ့ ၂၀၂၀ခုနှစ်နဲ့ ကိုက်ညီစွာကျင်းပတဲ့ပွဲ လို့လည်းဆိုနိုင်ပါတယ်။ အရင်နှစ်ကကျင်းပခဲ့တဲ့ပွဲထက်ထူးခြားတာက လျှပ်စစ်နဲ့စွမ်းအင်လုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ မြို့ပြတည်ဆောက်ရေးကဏ္ဍတွေမှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိနေတဲ့ ပညာရှင်တွေရဲ့ဟောပြောမှုတွေ ပါဝင်တာပါပဲ။
နယ်ပယ်အမျိုးမျိုးကပညာရှင်တွေအနေနဲ့ ဒီပွဲကိုတက်ရောက်ပြီးအဆက်အသွယ်၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရှာဖွေနိုင်သလို စီမံကိန်းတွေအောင်အောင်မြင်မြင်အကောင်အထည် ဖော်နိုင်ဖို့လိုအပ်တဲ့အသိပညာတွေကိုလည်းရရှိနိုင်မှာပါ။
အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍ ၂ရပ်လုံးကပညာရှင်တွေစုံညီစွာတက်ရောက်ကြမှာဖြစ်တဲ့အတွက် အတွေးအခေါ်သစ်တွေအများကြီးရရှိနိုင်မှာဖြစ်ပြီး သင့်ရဲ့လုပ်ငန်းခွင်မှာလက်တွေ့ကျကျ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီပွဲကနေအခုလိုအကျိုးကျေးဇူးတွေရနိုင်မယ်
– နယ်ပယ်အသီးသီးပညာရှင်တွေနဲ့တွေ့ဆုံရင်း အလုပ်အကိုင်အခွင့်အလမ်းသစ်တွေရရှိနိုင်မယ်
– အသိပညာဗဟုသုတသစ်တွေရှာဖွေနိုင်မယ်
– စီမံကိန်းအကောင်အထည်ဖော်ခြင်းနဲ့ပတ်သက် တဲ့နိုင်ငံတကာစံနှုန်းတွေကိုသိရှိနိုင်မယ်
– ပြည်တွင်းပြည်ပစီမံကိန်းတွေအကြောင်းလေ့လာနိုင်မယ်
ဒီပွဲမှာအောက်ပါအစီအစဉ်တွေပါဝင်မယ်
– ပွဲတက်ရောက်ပြီးနောက် အသိအမှတ်ပြုလက်မှတ် (PDU Hour ၈နာရီ)
– ဟိုတယ်ဘူဖေးနေ့လယ်စာ
– Tea break (၂ ကြိမ်)
တစ်နေရာတည်းမှာပဲနယ်ပယ်အသီးသီးကပညာရှင်တွေနဲ့တွေ့ဆုံစကားပြောရင်း အတွေ့အကြုံတွေဖလှယ်ချင်တယ်၊ စီမံကိန်းတွေအောင်အောင်မြင်မြင်အကောင်အထည်ဖော်ဖို့လိုအပ်တဲ့ အသိပညာတွေရယူချင်တယ်ဆိုရင်တော့ Myanmar Project Management Symposium ကိုတက်ရောက်ဖို့အခုပဲစာရင်းပေးသွင်းလိုက်ပါ။
နေရာ – LOTTE Hotel Yangon
အချိန် – မနက် ၉နာရီမှ ညနေ ၅နာရီ
နေ့ရက် – ၁၉ ဇန်နဝါရီ ၂၀၂၀
အသေးစိတ်သိရှိလိုပါက 09257 999 601/602 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ https://www.myanmarpmsymposium.com/ မှာပွဲနဲ့ပတ်သက်တဲ့အချက်အလက်များကိုဖတ်ရှုနိုင်ပြီး လက်မှတ်များလည်းဝယ်ယူနိုင်ပါတယ်။