Japanese Film Festival Myanmar

ဇန်န၀ါရီ ၁၀ – ၁၉
Unicode
ဂျပန်ရုပ်ရှင်ပွဲတော်ဟာ နောက်ဆုံးထွက်ရှိထားတဲ့ ဂျပန်ရုပ်ရှင်ကားကောင်းများကို မြန်မာစာတန်းထိုးနဲ့ အမျိုးအစားစုံလင်စွာ ကြည့်ရှုနိုင်မယ့် အခွင့်အရေးဖြစ်လို့ လက်လွတ်မခံပါနဲ့နော်။ ရုပ်ရှင်ပွဲတော်အစီအစဉ်အချိန်ဇယားကို Japanese Film Festival Myanmar Facebook ကနေ ကြည့်ပြီး မိမိနှစ်သက်ရာ ရုပ်ရှင်ကားများကို ရှာဖွေနိုင်ပါတယ်။
ဇန်နဝါရီ ၁၀ – ၁၉
နေပြည်တော်ရုပ်ရှင်ရုံ
JCGV ရုပ်ရှင်ရုံ (Junction City)
မင်္ဂလာရုပ်ရှင်ရုံ (တာမွေ)
Big Bad Wolf ပြန်လာပြီ

ဇန်န၀ါရီ ၁၀ – ၂၀
မနက် ၉နာရီမှ ည ၁၂နာရီ
Unicode
၂၀၁၉နှစ်ဆန်းပိုင်းက ရန်ကုန်နဲ့မန္တလေးမှာကျင်းပသွားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးစာအုပ်ရောင်းပွဲတော် Big Bad Wolf ဟာ မြန်မာနိုင်ငံကိုနောက်တခေါက်ရောက်လာပြန်ပါပြီ။ ဒီတခါ Fortune Plaza က Myanmar Expo မှာ ဇန်နဝါရီလ ၁၀ရက်နေ့ကနေ ၂၀ရက်နေ့အထိ မနက် ၉နာရီကနေ ည ၁၂နာရီအတွင်း ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာပါ။ အခုပွဲတော်မှာ အင်္ဂလိပ်ဘာသာနဲ့စာအုပ်ပေါင်း ၁သန်း၊ စာအုပ်ခေါင်းစဉ်ပေါင်း ၁သောင်းခွဲကို ၅၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဇန်နဝါရီ ၁၀ – ၂၀
မနက် ၉နာရီမှ ည ၁၂နာရီ
Myanmar Expo Hall၊ Fortune Plaza၊ သာကေတမြို့နယ်၊ ရန်ကုန်။
Yangon Farmers Market #85 ရန်ကုန်တောင်သူလယ်သမားဈေး ၈၅

ဇန်န၀ါရီ ၁၁
ကရ၀ိတ်ဥယျာဉ်
Unicode
ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ပန်း၊ စိုက်ပျိုးပင်၊ ပျားရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည် နှင့် မနက်စာအဖြစ် မြန်မာမုန့်မျိုးစုံ နှင့် အခြားနိုင်ငံတကာအစားအစာ အမျိုးအမည်များစွာ ဟာသင့်ကိုကြိုနေမှာပါ။
ဒီအပတ်မှာလည်း ကန်တော်ကြီးထဲက လှပတဲ့ ကရဝိတ်နန်းတော်ကြီးနားမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နတ်မောက်လမ်းနဲ့ ကန်တော်ကြီး ကန်ပတ်လမ်း ၂ နေရာကနေဥယျာဉ်အတွင်းဝင်ရောက်နိုင်ပါတယ်။ ကားရပ်စရာကျယ်ဝန်းတဲ့အပြင် ကလေးများအတွက် ကစားကွင်းများလည်းရှိပါတယ်။ ဥယျာဉ်ဝင်ကြေး တယောက်ကို ၃၀၀ ကျပ်သာပေးဆောင်ရမှာဖြစ်ပါတယ်။
ဇန်နဝါရီ ၁၁
မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီ
ကရဝိတ်ဥယျာဉ်

ဇန်န၀ါရီ ၁၁ – ၁၈
Unicode
မဟာပုဂံ အရိမဒ္ဒနပူရရဲ့ အငွေ့အသက်ကို Anawrahta Art Gallery က ဂုဏ်ပြုတင်ဆက်လိုက်တဲ့ “နှလုံးသားအမွေခံ မဟာပုဂံ” ပန်းချီပြပွဲကြီးမှာ ရှေးဟောင်းပုဂံဘုရားတွေနဲ့ ပုဂံမြို့ရဲ့ရှုခင်းတွေကို ခြယ်မှုန်းပြသထားတဲ့ပန်းချီကားတွေကိုကြည့်ရှုခံစားနိုင်ပါတယ်။
ဇန်နဝါရီ ၁၁ – ၁၈
နံနက် ၉:၃၀ နာရီမှ ညနေ ၅:၃၀ နာရီအထိ
အနော်ရထာ ပန်းချီပြခန်း
အမှတ်(၅၀)၊ သစ်ယာပင်လမ်း၊ VIP(1)၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုခံစားနိုင်ပါတယ်။
Enjoy Your Meal & Time at The Heaven Bistro

The Heaven Bistro
09 446 446 117
Unicode
အာရှနဲ့အနောက်တိုင်းအစားအစာအမျိုးမျိုးရနိုင်တဲ့ The Heaven Bistro မှာ Beer Tower တခုမှာယူသူတိုင်း အရမ်းအရသာရှိတဲ့ bite platter တခုလက်ဆောင်ရမှာပါ။ Beef Steak (သို့) Salmon Steak တပွဲမှာရင် Premium Draught Beer တခွက်လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။ Cocktail နဲ့ Mocktail တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ သုံးဆောင်နိုင်ပါပြီ။ အပတ်စဉ်စနေနေ့ ညနေ ၇နာရီခွဲကနေ ၁၀နာရီခွဲအထိ live music လည်းရှိတယ်နော်။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)
‘Your event’ Sedona delivers
Sedona Hotel Yangon
Unicode
သင့်စီးပွားရေးအတွက်အရေးပါတဲ့တွေ့ဆုံစည်းဝေးပွဲတွေကို ခမ်းနားလှပတဲ့ Sedona Hotel Yangon ရဲ့ခန်းမတွေမှာကျင်းပလိုက်ပါ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို့) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Sedona Hotel Yangon’s Birthday Promotion

Sedona Hotel Yangon
Unicode
ဇန်နဝါရီလမှာမွေးဖွားသူတို့အတွက်သတင်းကောင်း!!!
မှတ်ပုံတင်ပြလိုက်ရုံနဲ့ D’Cuisine စားသောက်ဆိုင်မှာကိုယ့်အသက်အရွယ်ပေါ်မူတည်ပြီး ရာခိုင်နှုန်းအလိုက်လျှော့ဈေးရနိုင်ပါတယ်။ အမြင့်ဆုံးလျှော့ဈေးကတော့ ၅၀ရာခိုင်နှုန်းအထိပါ။ ဒီ promotion ကို ဇန်နဝါရီ ၃၁ရက်နေ့အထိပေးနေပါပြီ။ အခုပဲ +95 1 860 5377 ကိုဖုန်းဆက်ပြီး booking တင်လိုက်တော့နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။