Advertisement

Coronavirus (COVID-19) ကြောင့်ရုပ်ရှင်ရုံတွေပိတ်လိုက်ရပြီဆိုတော့ ပိတ်ရက်တွေအိမ်မှာရုပ်ရှင်ကြည့်ဖို့ Netflix လို streaming apps တွေကအရေးပါလာပါပြီ။ ဒီဆောင်းပါးမှာ Netflix account ဖွင့်နည်း၊ plan ရွေးနည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကွန်ပျူတာနဲ့ account ဖွင့်နည်းပါ။ ဖုန်းတို့ tablet တို့နဲ့လည်းဖွင့်လို့ရပါတယ်။ ဖွင့်နည်းအတူတူပါပဲ။

Step 1

ဒီ link ကို copy ကူးပြီးနှစ်သက်ရာ browser မှာရိုက်ထည့်ပါ။
netflix.com/mm/

Step 2

Box မှာ ကိုယ့် email လိပ်စာဖြည့်ပြီး Try it now ကိုနှိပ်ပါ။
Password ဖြည့်ပါ။ ကိန်းဂဏန်းတွေမလိုဘဲအက္ခရာတွေချည်းပဲထည့်လည်းရပါတယ်။
Continue နှိပ်ပြီးရင် plan ရွေးလို့ရတဲ့စာမျက်နှာကိုရောက်ပါလိမ့်မယ်။

Step 3

See the plans ကိုနှိပ်ပြီး ကြိုက်နှစ်သက်ရာရုပ်သံအရည်အသွေးနဲ့ account အရေအတွက်ကိုရွေးပါ။

၈ဒေါ်လာတန် Basic plan က HD အရည်အသွေးမရှိပေမယ့် ပုံမှန် DVD ရုပ်ရှင်ကားတကားစာ ရုပ်ထွက်ရှိပါတယ်။ သူကအင်တာနက် speed 3 megabits per second လောက်ရှိရင်ကြည့်လို့ရတယ်။ Device တခုမှာပဲကြည့်လို့ရမယ်။

၁၀ဒေါ်လာတန် Standard plan က 720p HD အရည်အသွေးရှိပါတယ်။ သူကအင်တာနက် speed 5 mbps လောက်လိုမယ်။ Device ၂ခုမှာကြည့်လို့ရမယ်။

၁၂ဒေါ်လာတန်Hltra HD plan မှာတော့အခြေခံရုပ်ထွက်က 720p HD လောက်ပါပဲ။ ဒါပေမယ့် Ultra HD ရုပ်ထွက်ပေးနိုင်တဲ့ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေမှာ 4K လောက်အထိရုပ်ထွက်ရမယ်။ ကိုယ့်ဆီမှာတော့ 4K အရည်အသွေးထောက်ပံ့ပေးနိုင်တဲ့ device တွေရှိဖို့တော့လိုတာပေါ့။ အင်တာနက် speed 25 mbps လောက်လိုပြီး 60Hz TV နဲ့မှအဆင်ပြေပါလိမ့်မယ်။ Netflix မှာရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေရှာတဲ့အခါ “4K” (သို့) “UltraHD” ဆိုတဲ့ keyword တွေရိုက်ထည့်ပြီး Ultra HD content တွေရှာလို့ရတယ်။ Device ၄ခုအထိကြည့်လို့ရပါတယ်။

Plan တွေရွေးပြီးမှကိုယ့် device နဲ့အဆင်မပြေဘူးဆိုလည်း Netflix.com/ChangePlan မှာအချိန်မရွေးပြောင်းလဲနိုင်လို့ စိတ်မပူပါနဲ့နော်။ ဘယ် plan ကိုမဆိုအချိန်မရွေး cancel လုပ်လို့ရပါတယ်။ ရွေးပြီးရင် Contnue နှိပ်ပါ။

Step 4

နောက်ဆုံးအဆင့်မှာ Payment ကိုရွေးပါ။ Visa card တို့ Mastercard တို့နဲ့ပေးချေနိုင်ပါတယ်။ အခုအချိန်မှာတော့ တလအခမဲ့စမ်းသပ်ကြည့်ရှုခွင့်မပေးတော့ပါဘူး။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here