Advertisement

အဆိုပြိုင်ပွဲတွေကြားမှာ နာမည်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Mask Singer Myanmar ဆိုပြီး ပြိုင်ပွဲတစ်ခုရှိပါတယ်။ Mask Singer ပြိုင်ပွဲရဲ့ မူလပိုင်ရှင်က တောင်ကိုရီးယားနိုင်ငံက ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာတော့ Mask Singer ပြိုင်ပွဲကို The King Of Mask Singer ဆိုပြီး ခေါ်ပါတယ်။ Mask Singer ပြိုင်ပွဲကို ၂၀၁၅ ဧပြီလမှာ စတင်ကျင်းပခဲ့ပြီး ခုချိန်မှာတော့ နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်ယူပြီး ကျင်းပနေကြပြီ ဖြစ်ပါတယ်။

ပြိုင်ပွဲပုံစံ

Mask Singer ပြိုင်ပွဲပုံစံတွေက တစ်ခုနဲ့တစ်ခု သိပ်ကွာခြားမှု မရှိပါဘူး။ တောင်ကိုရီးယား Mask Singer ပြိုင်ပွဲရဲ့ ပြိုင်ပွဲပုံစံတွေကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ အဆင့် သုံးဆင့်ကို တစ်ယောက်ချင်းဆီ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပထမအဆင့်မှာ သီချင်းတစ်ပုဒ်တည်းကို ဆယ်လီတွေအားလုံးသီဆိုရပြီး ဒုတိယနဲ့ တတိယအဆင့်တွေမှာတော့ ကိုယ်နှစ်သက်ရာသီချင်းတွေကို သီဆိုလို့ရပါတယ်။ ပြိုင်ပွဲတစ်ခုလုံးအတွက် ဝတ်စုံတွေကို ဒီဇိုင်နာ တစ်ယောက်တည်းကပဲ ချုပ်ပေးတာဖြစ်ပါတယ်။ ဝတ်စုံတွေချုပ်တဲ့အခါ ဆယ်လီတွေရဲ့ အသက်အရွယ်၊ အနေအထားအားလုံး ကို ဖုံးကွယ်အောင်ချုပ်ပေးရပါတယ်။ ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်မယ့် ဆယ်လီကို ပရိသတ်တွေက Live Voting နဲ့ရွေးချယ်ရတာဖြစ်ပါတယ်။ ဆယ်လီတွေအနေနဲ့ Mask Singer က ပြုတ်သွားမှသာ ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြခွင့်ရမှာ ဖြစ်ပါတယ်။ ပရိသတ်စိတ်ဝင်စားမှုပေါ်မူတည်ပြီး ပြိုင်ပွဲပုံစံတွေကို အပြောင်းအလဲလုပ်လို့ရပါတယ်။

အမေရိကားက Mask Singer ပြိုင်ပွဲ

အမေရိကားမှာ Mask Singer ပြိုင်ပွဲလုပ်တာ Season လေးခုရှိပါပြီ။ ယခုနှစ်ပြိုင်ပွဲမှာ ပြည်နယ် ၁၆ခုက ပြိုင်ပွဲဝင် ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲဝင် ၁၀၀ မှာ ဂရမ်မီဆုရသူတွေနဲ့ ဟောလိဝုဒ်ကြယ်ပွင့်တွေ ပါဝင်ပါတယ်။ ထူးခြားချက်အနေနဲ့ စုံတွဲသစ်တစ်တွဲပါဝင်ပြီး ဘေဘီဂြိုလ်သားတစ်ယောက်လည်း ထည့်သွင်းထားပါတယ်။ စုံတွဲ Singer ကိုတော့ ဇီးကွက်ဖြူမောင်နှံဝတ်ဆင်ခိုင်းမယ်လို့ဆိုပါတယ်။ အမေရိကား Mask Singer ရဲ့ ဝတ်စုံတွေက ထူးခြားပြီး စွဲဆောင်မှုရှိပါတယ်။ အမေရိကား Mask Singer ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး Fox ရုပ်သံလိုင်း ကနေပြသမှာဖြစ်ပါတယ်။

Wai Lin

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here