ရုပ်ရှင်တွေအကြောင်းပြောရတာငြီးငွေ့လာတာနဲ့အပြောင်းအလဲဖြစ်အောင် လတ်တလောကြည့်ဖြစ်နေတဲ့ anime series ၅ခုအကြောင်းပြောပြချင်ပါတယ်။ YouTube မှာရှိတဲ့ anime တွေအတွက် link ပေးထားပါတယ်။ မရှိရင်တော့ torrent ပေါ့ဗျာ။
Moriarity The Patriot

Sherlock Holmes ရဲ့မဟာရန်သူ James Moriarity ရဲ့နေရာကတင်ဆက်ထားတဲ့ဇာတ်လမ်းပါ။ William James Moriarity ဟာ ၁၉ရာစုနှစ်ဗြိတိသျှလူ့အဖွဲ့အစည်းရဲ့ လူတန်းစားခွဲခြားမှုကိုစက်ဆုပ်ရွံရှာသူဖြစ်ပါတယ်။ သူဟာအထက်တန်းလွှာတွေရဲ့အနိုင်ကျင့်ခြင်းကိုခံရတဲ့သာမန်ပြည်သူတွေအတွက်တရားဥပဒေပြင်ပကနေ လက်စားချေနိုင်အောင်ကူညီပေးရင်း ရာဇဝတ်မှုအတိုင်ပင်ခံတယောက်ဖြစ်လာတယ်။ သူ့ရဲ့အန္တိမရည်မှန်းချက်ကတော့ ကမ္ဘာဟောင်းကိုဖျက်ဆီးပစ်ပြီး သူ့ရဲ့ကျင့်ဝတ်စံနှုန်းတွေနဲ့ကိုက်ညီတဲ့ ကမ္ဘာသစ်တခုကိုဖန်တီးဖို့ပါ။ သူဟာ အလွတ်စုံထောက် Sherlock Holmes နဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ Episode ၆ခုထုတ်လွှင့်ထားပြီးပါပြီ။
ဒီမှာကြည့်ပါ – https://www.youtube.com/watch?v=iBoTIpxstus
Jujutsu Kaisen

Curse လို့ခေါ်တဲ့မိစ္ဆာကောင်တွေနဲ့ မှော်ဆရာတွေရဲ့တိုက်ပွဲမှာကြားညပ်သွားတဲ့ဆယ်ကျော်သက်ကောင်လေး Yuji ရဲ့ဇာတ်လမ်းပါ။ Yuji ဟာ သူ့သူငယ်ချင်းတွေကိုကူညီဖို့ Sukuna လို့ခေါ်တဲ့ အင်အားအကြီးဆုံး Curse ရဲ့လက်ချောင်းကိုမြိုချလိုက်ရာကနေ အဲ့ဒီ Curse ရဲ့ပူးကပ်ခြင်းကိုခံခဲ့ရပါတယ်။ မှော်ဆရာတွေဟာ Sukuna ရဲ့ကျန်တဲ့လက်ချောင်းတွေကို Yuji ကိုမြိုချခိုင်းပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေရင်း Sukuna ကိုပါတခါတည်းသတ်ဖို့စီစဉ်ပါတော့တယ်။ Yuji ဟာ Sukuna ကြောင့်ရလာတဲ့စွမ်းအားတွေကိုသုံးပြီး လူသားတွေကို Curse တွေရဲ့ရန်ကကာကွယ်ရင်း ကျန်တဲ့လက်ချောင်းတွေကိုလိုက်ရှာရပါတယ်။ ၇ပိုင်းထုတ်လွှင့်ပြီးသွားပါပြီ။
Wandering Witch: The Journey of Elaina

ကမ္ဘာအနှံ့ခရီးထွက်ရတာကိုနှစ်သက်တဲ့စုန်းမလေး Elaina ကိုအခြေခံထားပြီးသူမရဲ့စွန့်စားခန်းတွေနဲ့ ဘဝသင်ခန်းစာတွေကိုကြည့်ရမှာပါ။ ၇ပိုင်းထုတ်လွှင့်ပြီးသွားပါပြီ။
ဒီမှာကြည့်ပါ – https://www.youtube.com/watch?v=IKQ7smcORaM…
Akudama Drive

Cyberpunk ဇာတ်လမ်းတွေကြိုက်တဲ့သူကတော့ ဒီစီးရီးကိုသဘောကျလိမ့်မယ်။ Akudama လို့ခေါ်တဲ့ကြေးစားရာဇဝတ်သားတွေခြေချင်းလိမ်နေတဲ့ dystopian era တခုမှာဇာတ်အိမ်တည်ထားတယ်။ အမည်မသိ client တယောက်ဟာ Cutthroat လို့ခေါ်တဲ့အကျဉ်းသားတယောက်ကို သေဒဏ်မကျမီကယ်တင်ပေးဖို့ဆုကြေးထုတ်ပါတယ်။ Akudama ၄ယောက်ဟာဒီအလုပ်ကိုလက်ခံလိုက်ပြီး ဒီအကျဉ်းသားကိုကယ်ထုတ်ဖို့ကြိုးစားရင်း ရှုပ်ထွေးတဲ့ရာဇဝတ်မှုတခုထဲပါဝင်ပတ်သက်မိပါတော့တယ်။ ၆ပိုင်းထုတ်လွှင့်ပြီးသွားပါပြီ။
Noblesse

ကိုရီးယားရုပ်ပြဝတ္ထုကိုအခြေခံထားတဲ့ anime ဖြစ်ပါတယ်။ နှစ်ပေါင်း ၈၂၀အိပ်မောကျနေတဲ့ သူကောင်းမျိုးဝင် Raizel နိုးထလာပြီး တပည့်ဖြစ်သူ Frankenstein ရဲ့အကူအညီနဲ့ မျက်မှောက်ခေတ်ကမ္ဘာကြီးအကြောင်းလေ့လာရင်း သူအိပ်ပျော်သွားရတဲ့အကြောင်းအရင်းကို စုံစမ်းထောက်လှမ်းပါတော့တယ်။ ၆ပိုင်းထုတ်လွှင့်ပြီးသွားပါပြီ။
ဒီမှာကြည့်ပါ – https://www.youtube.com/watch?v=xe4CUo0eoDc