ကပ်ရောဂါကြီးကြောင့်စီးပွားရေးလုပ်ငန်းတော်တော်များများထိခိုက်ခဲ့ရပါတယ်။ ဒီထဲမှာစာအုပ်ဆိုင်တွေလည်း အပါအဝင်ပါ။ ကိုဗစ်ကြောင့်စာအုပ်ရောင်းအားမူလထက် ၄၀ရာခိုင်နှုန်းလောက်ကျဆင်းသွားကြောင်း Bookworm Books ရဲ့ပိုင်ရှင် Pete Evans ကဆိုပါတယ်။
စာအုပ်ဆိုင်တော်တော်များများ online ကနေတဆင့် live sale တွေ discount တွေနဲ့ရောင်းအားမြှင့်တင်နေကြပေမယ့် စာအုပ်ဆိုင်ကိုကိုယ်တိုင်သွားပြီး စာမြည်းရင်းစာအုပ်ရွေးရတဲ့အရသာကိုတော့မှီနိုင်မယ်မထင်ပါဘူး။ အောက်ပါအချက်လေးတွေကိုလိုက်နာရင်း ဒီအစဉ်အလာလေးကိုဆက်လက်ထိန်းသိမ်းနိုင်ပါတယ်။
မိတ္တူစာအုပ်တွေမဝယ်ပါနဲ့
PDF တွေကို print လုပ်ထားတဲ့စာအုပ်ဈေးကွက်ဟာမူရင်းစာအုပ်ဈေးကွက်ကို ဆိုးဆိုးရွားရွားထိခိုက်လာကြောင်း Evans ကဆိုပါတယ်။ ဒီအတိုင်းဆက်သွားရင် မိတ္တူစာအုပ်တွေကြောင့် မူရင်းစာအုပ်ဈေကွက် အထူးသဖြင့်နိုင်ငံခြားစာအုပ်ဈေးကွက်ပျက်သွားနိုင်ကြောင်းသူကပြောတယ်။ ဒါကြောင့်စာအုပ်ဆိုင်တွေနဲ့စာရေးဆရာတွေကိုကူညီတဲ့အနေနဲ့ မူရင်းစာအုပ်တွေကိုဝယ်ယူအားပေးပါနော်။
ပြည်တွင်းစာအုပ်ဆိုင်တွေနဲ့ရင်းနှီးမှုရယူပါ
နိုင်ငံခြားစာအုပ်တအုပ်ဝယ်ချင်တဲ့အခါ Amazon လို online shop တွေကနေတဆင့် courier တွေနဲ့မှာလေ့ရှိပါတယ်။ ဒီအခါသယ်ယူပို့ဆောင်ခတွေကြောင့်မူရင်းထက်ပိုဈေးကြီးသွားတတ်တယ်။ အဲ့ဒါကြောင့်ပြည်တွင်းစာအုပ်ဆိုင်တွေမှာအရင်စုံစမ်းကြည့်ပါ။ သူတို့မှာမရှိရင်တောင် ကုန်သည်တွေဆီကမှာပေးလို့ရတဲ့အတွက် လက်လီဈေးအတိုင်းရနိုင်ပါတယ်။
စာအုပ်ဟောင်းဈေးကွက်မှာရှာကြည့်ပါ
အဟောင်းတန်းမှာကိုယ်လိုချင်တဲ့စာအုပ်တွေကိုဈေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။ ပန်းဆိုးတန်းက Bookworm ဆိုင်ခွဲမှာဆိုအသစ်နီးပါးကောင်းမွန်တဲ့အင်္ဂလိပ်စာအုပ်ဟောင်းတွေရှိတယ်။ မြန်မာစာအုပ်တွေဆိုရင်လည်း ၃၇လမ်းတလျှောက်မှာရှိတဲ့စာအုပ်အဟောင်းတန်းတွေမှာရှာကြည့်ပါ။
ဒီပို့စ်မှာတော့ အင်္ဂလိပ်ဘာသာစာအုပ်တွေရောင်းချပေးတဲ့ဆိုင်တွေနဲ့အဓိကမိတ်ဆက်ပေးချင်ပါတယ်။
Novel Original Book Market

ဒီဆိုင်လေးကိုတော့လတ်တလော online ကပဲမှာလို့ရဦးမယ်။ Facebook ပေါ်ကတပတ်တကြိမ် live sale မှာ ၆၀ရာခိုင်နှုန်းအထိလျှော့ဈေးနဲ့ရောင်းချပေးလို့ အင်္ဂလိပ်စာအုပ်တွေကိုသက်သက်သာသာလိုချင်ရင်တော့ follow ထားနော်။
40, Nyaung Pin Street , Kyimyindine Township
09 45338 2151
[email protected]
Bookworm Books

ဒါကတော့ကျနော်ဝယ်နေကျဆိုင်လေးပါ။ ပုလဲကွန်ဒိုဆိုင်ခွဲကနေ့တိုင်းဖွင့်ပေမယ့် ပန်းဆိုးတန်းဆိုင်ကတော့ ဗုဒ္ဒဟူး၊ စနေနဲ့ တနင်္ဂနွေနေ့တွေပဲဖွင့်ပါသေးတယ်။ မူရင်းစာအုပ်သစ်တွေအပြင် အသစ်နီးပါးကောင်းမွန်တဲ့စာအုပ်ဟောင်းတွေကိုပါစုံစုံလင်လင်တွေ့နိုင်ပါတယ်။ သူတို့ Facebook မှာနောက်ဆုံးရောက်စာအုပ်တွေကိုကြေညာပေးလေ့ရှိပါတယ်။ Delivery နဲ့မှာလို့လည်းရပါတယ်။
Address I: 229, Pansodan Street (Upper Block), Kyauktada Township
Address II: Block C Pearl Condo, Kaba Aye Pagoda Road, Bahan Township
09 780 162 900
9am – 7pm
[email protected]
Myanmar Book Centre

၁၉၉၅ခုနှစ်ကတည်းကစတင်ခဲ့တဲ့ MBC ကလည်း online ကနေတဆင့် live sale တွေ၊ lucky draw တွေနဲ့ အရောင်းမြှင့်တင်နေပါတယ်။ ရန်ကုန်ဆိုင် ၃ဆိုင်ရှိတဲ့အထဲက အလုံနဲ့ကုန်သည်လမ်းဆိုင် ၂ဆိုင်ပြန်ဖွင့်ပါပြီ။ အင်္ဂလိပ်စာအုပ်တွေအပြင် မြန်မာစာအုပ်တွေပါရနိုင်ပါတယ်။
Address I: 55, Baho Road, Corner of Baho Road & Ahlone Road, (near Eugenia Restaurant), Ahlone Township
Address II: 561-567, Room (3), Ground Floor, MAC Tower (1), Merchant Street
01 221 271, 212 409, 231 4708, 09 7314 7732
9am – 5pm
[email protected]
အုန်းစော

စာကြမ်းပိုးတွေမသိသူမရှိတဲ့စာအုပ်ဆိုင်ပေါ့။ ရှေးဟောင်းစာအုပ်တွေကိုတနေရာတည်းမှာ စုံစုံလင်လင်တွေ့နိုင်လို့ ရွေးလို့မဝနိုင်အောင်ပါပဲ။ Facebook: အုန်းစော ရှားပါးစာအုပ်နှင့် သုတရသစာပေမျိုးစုံ
37th Street (between Mahabandula and Merchant roads), behind Shwe Bank, Kyauktada Township
7:30am – 7:30pm
09 4200 53 798
၃၇လမ်းဘက်ရောက်တုန်းအမြင်သစ် (New Vision Rarebooks and Art Centre) နဲ့ ပုဂံ (Bagan Book House) စာအုပ်တိုက်တွေကိုလည်းဝင်ကြည့်ခဲ့ပါဦး။ ပုဂံကတော့လိုချင်တဲ့စာအုပ်ဖုန်းဆက်ရင်ဖွင့်ပေးတယ်လို့ပြောပါတယ်။ ဆိုတော့မရောက်ခင် 09 511 7470 ကိုဖုန်းဆက်ပြီးအရင်စုံစမ်းကြည့်နော်။
City Books & Music/Safari

City Mart ရဲ့စာအုပ်ဆိုင်တွေပါ။ citymall.com.mm ကနေလည်းမှာလို့ရသလို Safari ကလည်းပြန်ဖွင့်နေပြီမို့ ကိုယ်တိုင်သွားဝယ်ချင်လည်းရပါသေးတယ်။
Main branch
403 / A, Dhamazedi Road & Golden Valley Road, Bahan Township
9am – 9pm
Junction Square and Junction 8 branches
9am – 7pm