သုံးဘက်မြင်ကောက်ကြောင်း

0
ဒီပုံကိုအမှတ်တမဲ့ကြည့်လိုက်ရင်ရုပ်ပြစာအုပ်တခုလားလို့ထင်မှတ်မှားစရာပါပဲ။ တကယ်တော့ဒီပုံဟာ မန္တလေးက Where am I? ဆိုတဲ့ bubble tea ဆိုင်လေးရဲ့အတွင်းပိုင်းအပြင်အဆင်ဖြစ်ပါတယ်။ Facebook မှာဒီဆိုင်လေးရဲ့ပုံတွေတက်လာတော့ ကြမ်းခင်းနဲ့နံရံအပါအဝင် တဆိုင်လုံးကိုရုပ်ပြစာအုပ်လေးတအုပ်နဲ့တူအောင် ရေးဆွဲပေးခဲ့တဲ့ပန်းချီဆရာကိုနိုင်မျိုးဝေအကြောင်း Myanmore+ ပရိသတ်ကြီးကိုပြောပြချင်လာတယ်။

အနုပညာကိုဆာလောင်နေသူများအတွက်သာ

0
အိမ်ထဲမှာနေရတာကြာလာတဲ့အခါတချို့က ဟော့ပေါ့တို့ မာလာရှမ်းကောတို့ဆာတယ်။ တချို့ကတော့အနုပညာဆာတယ်။ အခုဆောင်းပါးမှာပန်းချီနဲ့အနုပညာကို ဆာလောင်မွတ်သိတ်နေသူတွေအတွက် ပြန်ဖွင့်နေပြီဖြစ်တဲ့ပြခန်းတချို့ကိုဖော်ပြထားပါတယ်။ မဖွင့်သေးတဲ့ပြခန်းတွေကိုလည်း online ကနေကြည့်လို့ရမယ့် website တွေညွှန်းပေးထားတယ်နော်။ Myanm/art Don't Leave Me by...

စိတ်ကူးဥာဏ်ကွန့်မြူးပြီးဖန်တီးထားတဲ့ Face Mask ဒီဇိုင်းဆန်းများ

0
ကိုယ့်ကိုရော တခြားသူတွေကိုပါ Virus မကူးစက်‌နိုင်‌ေအာင်ကာကွယ်ဖို့ Face Mask ဝတ်ဆင်ရခြင်းကြောင့် ကိုယ့်ရုပ်သွင်ပြင်အတွက်တစ်ခုခုထိခိုက်သွားစေမယ်လို့ စိုးရိမ်ခဲ့မိဖူးလား? Coronavirus Pandemic ကြောင့် Face Mask တွေက လူတိုင်းရဲ့နေ့စဉ်အသုံးအ‌ေဆာင်ပစ္စည်းလိုဖြစ်လာခဲ့တဲ့နောက်မှာ လူတချို့က‌ Face Mask ဝတ်ဆင်မှုနဲ့ပတ်သက်ပြီး စိတ်ကူးအသစ်‌အဆန်း‌ေတွရလာကြပုံ‌ေပါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့...

အိုင်းရစ်ရှ်ပန်းချီဆရာ – ခေတ္တမြန်မာ

0
၁၈၇၉ ကနေ ၁၉၇၂ အထိနေထိုင်သွားခဲ့တဲ့ အိုင်းရစ်ရှ်ပန်းချီဆရာ Sir Gerald Festus Kelly ဟာသူရေးဆွဲခဲ့တဲ့ မြန်မာသဘင်သည်တွေနဲ့ ရှမ်းမင်းသမီးတွေရဲ့ပုံတူပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ချမ်းသာကြွယ်ဝတဲ့မိဘ ၂ပါးကမွေးဖွားခဲ့တဲ့ Kelly ဟာ Eton နဲ့ Cambridge တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တယ်။...

“မြို့ပြကောက်ကြောင်းများ”

0
ရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ ခြေဦးတည့်သလိုလျှောက်သွားရင်း ပုံကြမ်းပန်းချီ (Sketch) တွေရေးလေ့ရှိတဲ့ sketch artist တစ်စုကို တွေ့မိဖူးပါသလား...။ အမြဲလူရှုပ်ထွေးဆူညံနေတတ်တဲ့ဈေးတန်းတွေရဲ့မြင်ကွင်း၊ ငြိမ်သက်တိတ်ဆိတ်နေတဲ့ အထင်ကရရှေးအမွေအနှစ်အဆောက်အဦတွေရဲ့ခန့်ထည်နေတဲ့မြင်ကွင်းတွေရဲ့သရုပ်သကန်ကို သူတို့ရဲ့ ပုံကြမ်းပန်းချီတွေထဲမှာ မိအောင်ဖမ်းယူရေးခြစ်ကြသူတွေပါ။ အဲဒီ sketch artist တွေထဲက ၂ ဦးနဲ့ ဆုံမိခိုက်မှာ ကိုနေသီဟ က...

Sassy Bound ရဲ့ကမ္ဘာ

0
Joosk Studio ရဲ့Sassy Bound တကွက်ကာတွန်းလေးတွေဟာ Facebook ပေါ်မှာရေပန်းစားနေတာကြာပါပြီ။ ဒီဇင်ဘာလ ၁၄-၁၅က Gallery 65 မှာကျင်းပခဲ့တဲ့ Joosk ရဲ့ ၅နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ သူတို့ရဲ့ဖြတ်သန်းမှု၊ အတွေးအမြင်နဲ့အနာဂတ်အစီအစဉ်တွေအကြောင်းမေးမြန်းဖြစ်ခဲ့ပါတယ်။ စနေနေ့က Gallery 65 ကိုရောက်သွားတော့အမြဲလိုလိုဆီဆေး ရေဆေးပန်းချီကားတွေနဲ့ပြည့်နေတတ်တဲ့ ပန်းချီပြခန်းမှာဆန်းသစ်တဲ့ကာတွန်းဇာတ်ကောင်ဒီဇိုင်းတွေ ရိုးရှင်းတဲ့ခဲခြစ်ပုံလေးတွေကနေရာယူထားတယ်။ ဒီပွဲမှာ Joosk ရဲ့ဖန်တီးမှုတွေနဲ့...

Leonardo ပန်းချီကားများရန်​ကုန်​တွင်​ပြသ

0
Leonardo da Vinci ကွယ်လွန်ခြင်း နှစ် ၅၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် အီတလီသံရုံးမှကြီးမှူးကျင်းပတဲ့ “Leonardo Opera Omnia” ပြပွဲကို Rosewood Yangon မှာ နိုဝင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိကျင်းပသွားမှာပါ။ စိတ်ဝင်စားသူများအနေဖြင့် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိဝင်ကြေးအခမဲ့ဖြင့်လေ့လာနိုင်ပါတယ်။

သူမအကြောင်း

0
လူမှုအသိုင်းအ၀ိုင်းကအဖြစ်အပျက်တွေကို ဓာတ်ပုံဆရာခံစားမိတဲ့အတိုင်း ပြည်သူတွေကိုပြန်ပြောပြဖို့အတွက် ၀ါသနာတူအမျိုးသမီးဓာတ်ပုံဆရာ ၅ယောက်ပူးပေါင်းရင်း Thuma Collective ရယ်လို့ဖြစ်လာတယ်။ ဒီအဖွဲ့က သတင်းဓာတ်ပုံပညာ (သို့) အလှဓာတ်ပုံပညာနဲ့မသက်ဆိုင်ဘဲ စိတ်ခံစားချက်နဲ့ တကိုယ်ရည်အတွေ့အကြုံ အတွေးအမြင်တွေကိုဓာတ်ပုံတွေကတဆင့်ဖော်ပြဖို့ရည်ရွယ်ပါတယ်။ “Thuma Collective ကိုလွန်ခဲ့တဲ့ ၂နှစ်လောက်ကစတင်ဖွဲ့စည်းခဲ့တာပါ။ အခု Disclosure ကတော့ကျမတို့ရဲ့ ဒုတိယပြပွဲပေါ့။ ၂၀၁၈ခုနှစ်မှာ Us...

နံရံတွေဖြိုပါ တံတားများခင်းပါ

0
Tourist Burma Building မှာပြည်တွင်းပြည်ပလူငယ်အနုပညာရှင်တွေစုပေါင်းကျင်းပတဲ့ Building Bridges Yangon ပြပွဲကိုတော်တော်များများလည်းသွားရောက်လေ့လာပြီးဖြစ်မှာပါ။ ဒီပြပွဲကို စိုင်းထင်လင်းထက်နဲ့ Ushmita Sahu တို့ကဦးစီးပြီး Emergent Art Space နဲ့ပူးပေါင်းကျင်းပပါတယ်။ ဒီပြပွဲအကြောင်း ဆောင်းပါးရှင် Imogen Steinberg ကရေးသားထားတာကိုဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။ ...

ခေတ်ပြိုင်ပုံရိပ်များ

0
ပန်းချီဆရာထိန်လင်းဟာတချိန်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့ပြီး လက်နက်ကိုင်ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသားဘ၀တွေကိုလည်းဖြတ်သန်းခဲ့ဖူးတယ်။  အခုအချိန်မှာတော့မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်ပန်းချီလောကမှာထိပ်ဆုံးကဦးဆောင်နေသူဖြစ်ပြီး အနုပညာပြကွက်အမျိုးမျိုးနဲ့ မြန်မာ့လူမှုရေးအဖြစ်အပျက်တွေကိုဖော်ပြလေ့ရှိပါတယ်။ သူ့လက်ရာတွေမှာသူ့ကိုပုံသွင်းထုဆစ်ပေးလိုက်တဲ့ မြန်မာ့ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့အရိပ်အငွေ့တွေကိုမြင်နိုင်ပါတယ်။ သူ့လက်ရာတွေဟာ လူ့အာရုံကိုဖမ်းစားနိုင်သလောက် ဖန်တီးထားပုံကတော့ရိုးရှင်းလှပါတယ်။ စိတ်ကူးယဉ်ဆန်ခြင်းနဲ့ လူသားဆန်ခြင်းဆိုတဲ့အစွန်း ၂ဘက်ရဲ့အလယ်မှာရှိတယ်။ သူ့ဖန်တီးမှုတွေကတဆင့် နိုင်ငံရဲ့ပဋိပက္ခ၊ ပြန်လည်ထူထောင်ရေး၊ ၀မ်းနည်းမှု၊ ပုံရိပ်၊ ဘာသာရေး၊ သာမန်လူတန်းစားတွေရဲ့စိတ်ဝိညာဉ်နဲ့ အလှတရားတွေကိုခံစားရပါတယ်။ ကျနော်နဲ့ဗဟန်းမြို့ကကော်ဖီဆိုင်တစ်ဆိုင်မှာတွေ့ပြီးစကားပြောဖြစ်ကြတော့ သူဟာမြန်မာနိုင်ငံကို အနုပညာအမြင်နဲ့ဘယ်လိုချဉ်းကပ်စဉ်းစားခဲ့တယ်ဆိုတာပြောပါတယ်။ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံရေးဆိုတာအချင်းချင်းအပြန်အလှန်လွှမ်းမိုးနေတယ်လို့ သူကရှင်းပြတယ်။