Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ပွဲ

ဘွန်ဆိုင်းပင်လေးတွေအကြောင်းသိချင်တဲ့သူတွေအတွက် Japan Foundation နဲ့ Hobby Channel Myanmar တို့ရဲ့ဘွန်ဆိုင်းပြပွဲလေးရှိတယ်နော်။ လူဦးရေကန့်သတ်ထားတာမို့မြန်မြန်လေးစာရင်းပေးလိုက်ပါ။ ဒီ link မှာစာရင်းပေးနိုင်ပါတယ်။

(10am-4pm) 24 Sep | The Japan Foundation

လက်လွှတ်မခံသင့်တဲ့ပရိုမိုးရှင်း

ဘီယာလေးသောက်ရင်းဂျာမန်အစားအစာတွေစားချင်တယ်ဆိုရင်တော့ PARKROYAL ရဲ့ Oktoberfest Buffet ကိုသတိရလိုက်ပါ။ ဂျာမန်ဝက်အူချောင်း၊ ဝက်လက်ကြွပ်ကြော်၊ ပရက်ဇယ်စတဲ့အစားအသောက်တွေကို ၃နာရီတိတိအဝစားနိုင်ပါတယ်။ ဈေးနှုန်းကလည်း ၂၈ ဒေါ်လာသာကျသင့်ပြီ free flow းဘီယာနဲ့ဝိုင်ထပ်ထည့်မယ်ဆိုရင်တော့ ၈ဒေါ်လာထပ်ပေးရပါတယ်။

5:30pm-9:30pm (24 Sep) | Spice @ PARKROYAL Yangon

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

it Express Food Villa ဟာအက်မင်တို့ကောလိပ်ကျောင်းတက်ကတည်းကသူငယ်ချင်းတွေနဲ့ထိုင်နေကျဆိုင်ပါ။ လက်ဘက်ရည်ဆိုင်ဆိုပေမယ့်ပုံမှန်လက်ဘက်ရည်ဆိုင်တွေမှာရနေကျမုန့်တွေတင်မဟုတ်ဘဲမြန်မာအစားအသောက်တွေစုံစုံလင်လင်ရပြီး ဈေးလည်းသက်သာတဲ့အတွက်ဆိုင်ခွဲတွေအများကြီးနဲ့အောင်မြင်နေတာထင်ပါတယ်။ ဒီရက်ပိုင်းသွားထိုင်ဖို့စိတ်ကူးပါတယ်။

သွားသင့်တဲ့ပွဲ

ပန်းချီဆရာမလေးသည်းဦးသဇင်ရဲ့ပထမဆုံးတကိုယ်တော်ပြပွဲကို Goethe Institut မှာကျင်းပတော့မှာပါ။ သည်းဦးဟာ Facebook ပေါ်မှာ digital art တွေနဲ့နာမည်ကြီးပေမယ့် 18/29 လို့နာမည်ပေးထားတဲ့အခုပြပွဲမှာတော့လက်နဲ့ဆွဲထားတဲ့ပန်းချီတွေကိုပြသသွားမယ်လို့သိရပါတယ်။ သူ့လက်ရာတွေကိုဒီ Facebook page မှာကြည့်နိုင်ပါတယ်။

10am-5pm (24-28 Sep) | Goethe Institut Myanmar

ကဲလို့ကောင်းမယ့်ပွဲ

TGIF မှာတညလုံးကဲမယ်ဆိုတဲ့သူတွေအတွက် Woodland X Bar ရဲ့ EXTREME party ရှိပါတယ်။ ထိုင်းကနာမည်ကြီး DJ EMM ကခေါင်းဆောင်ပြီး in-house DJ တွေလည်းပါတာမို့တညလုံး rave ဖို့အဆင်သင့်ပဲလား။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

9pm onwards (23 Sep) | Woodland X Bar


Cover photo credit: Susann Schuster on Unsplash

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here