MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ပွဲ
StarCity Sports Club ရဲ့ဖွင့်ပွဲကြီးကိုအခုပိတ်ရက်မှာကျင်းပသွားမှာပါ။ Trainer တွေနဲ့အတူ sports event တွေမှာအခမဲ့လေ့ကျင့်လို့ရတယ်နော်။ အားကစားပစ္စည်းနဲ့ဝတ်စုံတွေယူသွားပါ။
(10am-7pm) 1-2 Oct | StarCity Sports Club
လက်လွှတ်မခံသင့်တဲ့ပရိုမိုးရှင်း
ဒီအပတ်စနေနေ့ကျရင် Pan Pacific မှာ Oktoberfest ကျင်းပဖို့ရှိပါတယ်။ တယောက်ကို ဒေါ်လာ ၇၀နဲ့ ဂျာမန်ဝက်အူချောင်း၊ ဝက်ကင်၊ ပရက်ဇယ်စတဲ့အစားအသောက်တွေကိုဂျာမန်ဘီယာတွေနဲ့ ၄နာရီတိတိအဝသုံးဆောင်နိုင်ပါပြီ။
(5pm-9pm) 1 Oct | Pan Pacific Yangon
မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်
ဒီအပတ်ပိတ်ရက်မှာကချင်အစားအစာတွေနဲ့ကချင်အရက်နဲ့ဖျော်စပ်ထားတဲ့ကော့တေးတွေကို ကျပ် ၃၈၀၀၀တည်းနဲ့ ၂ယောက်စာစားနိုင်မယ့်အခွင့်အရေးပါ။ ဟင်းပွဲ ၅ပွဲနဲ့ ကော့တေး ၃ခွက်ပါဝင်ပါတယ်။ တရက်ကိုအချိန် ၃ချိန်ခွဲပြီးကျင်းပတဲ့အတွက်ကိုယ်အဆင်ပြေမယ့်အချိန်ကိုဒီ link မှာကြည့်ပြီးဘွတ်ကင်တင်လိုက်ပါ။
1-2 Oct | The Blind Tiger
သွားသင့်တဲ့ပွဲ
TRUSTY E-Commerce ကဦးစားပြီး အောက်တိုဘာ ၂ရက်နေ့ကနေ ၄ရက်နေ့အထိ Times City မှာဈေးပွဲတော်တခုကျင်းပမယ်လို့သိရပါတယ်။ ဆိုင် ၃၀ကျော်ပါဝင်ပြီးအဝတ်အထည်၊ လူသုံးကုန်နဲ့အစားအသောက်တွေပါဝင်ပါတယ်။
(9am-5pm) 2-4 Oct | Times City
No 37/Quarter, Between Hantharwaddy and Kyun Road, Kamaryut, Yangon
အထူးခြားဆုံးညစာစားပွဲ
Awei Metta မှာကျင်းပမယ့် ဒုတိယအကြိမ်မြောက် Six-Hands Dinner မှာမြန်မာ့ထိပ်တန်းစားဖိုမှူး ၃ဦးရဲ့လက်ရာတွေကိုသုံးဆောင်ခွင့်ရမှာပါ။ ကျင်းပသွားမယ့်ရက်ကတော့ စက်တင်ဘာ ၃၀ရက်နေ့နဲ့အောက်တိုဘာ ၁ ရက်နေ့ဖြစ်ပြီး လက်မှတ်တစောင်ကို ၈၅ဒေါ်လာကျသင့်ပါတယ်။
(6pm-9pm) 30 Sep–1 Oct | Awei Metta
Rain Tree Drive – ပန်းလှိုင်အိမ်ရာ၊ လှိုင်သာယာ၊ ရန်ကုန်။