Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် weekend planner ဖြစ်ပါတယ်။

အသစ်ဖွင့်တဲ့ပန်းချီပြခန်း

မြို့ထဲမှာနေတဲ့ပန်းချီချစ်သူတွေအတွက်တော့ဝမ်းသာစရာပဲဗျ။ ဗိုလ်မြတ်ထွန်းတာဝါမှာ Artistic Space Art Gallery ဆိုတဲ့ပန်းချီပြခန်းကိုဒီအပတ်စနေနေ့မှာစတင်ဖွင့်လှစ်တော့မှာပါ။ တနင်္ဂနွေနေ့မှာ “How to use colors? How to use techniques?” ဆိုတဲ့နာမည်နဲ့ workshop တခုလည်းရှိတာမို့ပန်းချီဝါသနာရှင်တွေသွားကြည့်သင့်ပါတယ်။

အမှတ် G-06၊ ဗိုလ်မြတ်ထွန်းတာဝါ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
(9:30am-5pm) 29-30 Oct

လက်လွှတ်မခံသင့်တဲ့ပရိုမိုးရှင်း

အင်းယားလိတ်ဟိုတယ်ရဲ့တန်ဆောင်တိုင်ပရိုမိုးရှင်းကတော့ staycation နေချင်တဲ့သူတွေအတွက်သင့်တော်ပါတယ်။ နိုဝင်ဘာ ၅ရက်နေ့ကနေ ၇ရက်နေ့အတွင်း ၂ယောက်ခန်းတခန်းကို တည ကျပ် ၁၇၀၀၀၀ ကနေစပြီးတည်းခိုနိုင်ပြီနော်။ ၂ယောက်စာဘူဖေးညစာလည်းပါဝင်ပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

မရောက်ဖြစ်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

TIPSY ဘားကကော့တေးဆန်းဆန်းလေးတွေနဲ့လေကောင်းလေသန့်ရတဲ့ခေါင်မိုးနေရာတွေကြောင့်နာမည်ကြီးပါတယ်။ ဒီအပတ်ပိတ်ရက်မှာ Tuborg နဲ့ပူးပေါင်းပြီးဖျော်ဖြေရေးအစီအစဉ်တခုစီစဉ်ထားတယ်။ DJ ၂ယောက်နဲ့အတူ ရဲရင့်အောင်ကဖျော်ဖြေသွားမှာပါ။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

(6pm-10pm) 29 Oct | TIPSY

သွားသင့်တဲ့ပါတီ

စနေနဲ့တနင်္ဂနွေ ၂ရက်လုံးအပြတ်ကဲမယ်လို့စီစဉ်ထားတဲ့သူတွေအတွက် FUSE နဲ့ Heineken ပူးတွဲကျင်းပတဲ့ rave party လေးတခုအကြောင်းပြောပြမယ်။ ထိုင်းက DJ Joy Lila နဲ့ Pink Panda တို့ကဦးဆောင်ပြီး ပြည်တွင်းက DJ တွေအများကြီးကဖျော်ဖြေသွားမှာပါ။ Walk-in fee ကတယောက်ကို ကျပ် ၃၅၀၀၀ ဖြစ်ပြီး ည ၉နာရီမှာတံခါးဖွင့်ပါမယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

(9pm onwards) 29-30 Oct | FUSE

ခရီးတိုထွက်လို့ကောင်းမယ့် camping site

အမြန်လမ်း ၂၃မိုင်အနီးပဲခူးရိုးမနားမှာရှိတဲ့ Nature Land Camping ကအစီအစဉ်အသစ်တွေနဲ့အတူပြန်ဖွင့်လိုက်ပါပြီ။ ဝါးဖောင်စီးမယ်၊ ရေလွှာလျှောစီးမယ်၊ မြှားပစ်လေ့ကျင့်မယ်။ ဒီလနဲ့နောက်လအတွက်လျှော့ဈေးတွေလည်းရှိပါတယ်။ အသေးစိတ်ကိုသူတို့ page မှာကြည့်ပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here