ဒီအပတ်ပိတ်ရက်ဘာလုပ်ရမှန်းမသိဘူးဆိုရင်ဒီ weekend guide လေးကိုဖတ်ကြည့်လိုက်ပါ။
The Christmas Carnival by Food Hype
ကိုမျိုးကျော့မြိုင်နဲ့ဝေကြီးတို့ပါဝင်မယ့် Food Hype ရဲ့ Christmas Carnival ကတော့သီချင်းနားထောင်ရင်းအေးအေးဆေးဆေးဈေးဝယ်ချင်တဲ့သူတွေအတွက်မသွားမဖြစ်တဲ့ event ပါ။ Golden Inya Island မှာ ၃ရက်တာကျင်းပမယ့်ဒီပွဲဈေးလေးမှာ DJ တွေနဲ့တခြားအဆိုတော်တွေလည်းပါဝင်အားဖြည့်ပေးသွားဦးမယ်လို့သိရပါတယ်။
Golden Inya Island၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
(3pm – 9:30pm) 25 – 27 Dec
မရောက်တာကြာလို့သွားချင်တဲ့စားသောက်ဆိုင်
၂၀၁၁ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့တဲ့ Corriander Leaf ဟာအိန္ဒိယအစားအသောက်တွေကို fine dining ပုံစံနဲ့ရောင်းချရင်းအခုချိန်ထိအောင်မြင်မှုရနေဆဲပါ။ ဟင်းပွဲအသစ်တွေကိုလည်းအခါအားလျော်တိုင်းပွဲထုတ်လေ့ရှိတာမို့တရက်တော့ပြန်သွားမယ်စိတ်ကူးပါတယ်။
LOTTE ရဲ့ခရစ္စမတ်ပွဲဈေး
LOTTE HOTEL YANGON ရဲ့ Poolside Area မှာ Christmas Festive Fiesta Night Bazzar ကို ဒီဇင်ဘာ ၂၄ နဲ့ ၂၅ ရက်တွေမှာ ကျင်းပသွားမှာပါ။ Special Program များအနေ ဖြင့် Art & Craft, Souvenirs & Gifts, Fashion & Accessories, Flower Shop များအပြင် အခြားသော အစီအစဉ်များလဲပါဝင်သွားမှာဖြစ်တဲ့အပြင် Live Music Entertainment လည်းရှိတယ်လို့သိရပါတယ်။
(6pm – 9pm) 24 – 25 Dec | LOTTE
Heaven On Earth ရဲ့ Drag Queen Show
Heaven On Earth ဟာတနှစ်ပြည့်အထိမ်းအမှတ်နဲ့ခရစ္စမတ်ပွဲကိုစုပေါင်းကျင်းပသွားမှာဖြစ်ပြီး ဘန်ကောက်က queen တွေကိုပါဖိတ်ထားတယ်လို့သိရပါတယ်။ Drag queen show ကြိုက်တဲ့သူတွေအတွက်တော့အပြတ်ကဲလို့ရမယ့်ပွဲလေးပါ။ ဒီ link မှာပွဲအသေးစိတ်ကိုဖတ်နိုင်သလို booking တင်လို့လည်းရပါတယ်။
Urban Asia Center, GA 11/12၊ မြေညီထပ်၊ ၄၈လမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်၊ ရန်ကုန်။
(3pm – 11pm) 23 – 25 Dec
မြကျွန်းသာမှာ Zumba ကမယ်
မနက်ခင်းအေးအေးလေးမှာချွေးထွက်သွားအောင်မြူးမြူးကြွကြွ Zumba အကလေးကလိုက်ရအောင်လား။ မကတတ်ဘူးဆိုရင်လည်းစိတ်မပူပါနဲ့ instructor တွေရှိပါတယ်နော်။ ဒီ Link မှာစာရင်းပေးပါ။
မြကျွန်းသာ၊ အင်းယားကန်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။
(7am – 9am) 24 Dec