Cover photo credit: __ drz __ on Unsplash
Advertisement

ပိတ်ရက်ဆိုအိမ်မှာမနေချင်တဲ့သူတွေအတွက်ပွဲဈေးတွေနဲ့ ဗိသုကာပညာနဲ့ပတ်သက်ပြီးဗဟုသုတရစေမည့်ပွဲလေးတပွဲတွေ့ထားလို့မျှဝေပေးလိုက်ပါတယ်။

Star City မှာ Santa Claus နဲ့တွေ့ကြမယ်

အိမ်မှာသားသားမီးမီးလေးတွေရှိရင်အခုအပတ်ပိတ်ရက်မှာခရစ္စမတ်ဘိုးဘိုးကြီးနဲ့တွေ့ဖို့ Star City ကိုသွားလိုက်ပါ။ Star City ရဲ့ Night Market မှာမြန်မာမုန့်မျိုးစုံနဲ့ အကင်တွေ၊ ရေခဲမုန့်တွေကိုလည်းရောင်းချသွားမှာဖြစ်ပြီး ဦး Sharky ရဲ့ Omnivore Burger Bar ကလည်းဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒိဇင်ဘာ ၁၇ရက်နေ့မှာ Firefly Band ကဖျော်ဖြေသွားမှာဖြစ်ပြီး ၁၈ရက်နေ့ကျရင်တော့ ခရစ္စမတ်ဘိုးဘိုးကြီးကကလေးလေးတွေကိုပူဖောင်းနဲ့သကြားလုံးတွေလက်ဆောင်ပေးသွားမှာပါ။

4pm – 8pm (17 – 18 Dec) | Star City Thanlyin
ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်၊ ရန်ကုန်။

Rose Garden ရဲ့ Christmas ဘူဖေးပရိုမိုးရှင်း

ဒီဇင်ဘာ ၂၄ရက် ခရစ္စမတ်အဖိတ်နေ့ကျရင်တည်ခင်းမယ့်ဘူဖေးညစာကိုအခုကစပြီးဘွတ်ကင်တင်လို့ရပါပြီ။ မူရင်းဈေးနှုန်းကတဦးကို ၃၅ဒေါ်လာဖြစ်ပေမယ့် ၁၅ရက်နေ့ကနေ ၂၂ရက်နေ့အတွင်းဘွတ်ကင်တင်တဲ့သူတွေကို ၁၀ရာခိုင်နှုန်းလျှော့ဈေးပေးသွားမယ်လို့သိရပါတယ်။

(5:30pm – 8:30pm) 24 Dec | Rose Garden Hotel
ဘွတ်ကင်တင်ရန် – 01 371992

မရောက်တာကြာလို့ခြေဦးလှည့်မယ့်ဆိုင်

Sushi Tei ဟာအခုဆိုရင်ဂျပန်လူမျိုးတွေစားတဲ့ပုံစံအတိုင်း bento box တွေကို takeaway နဲ့ delivery ရောင်းချပေးနေပြီလို့သိရပါတယ်။ မရောက်တာကြာပြီမို့တရက်တော့သွားဦးမယ်လို့စိတ်ကူးပါတယ်။

Placemaking by Young City Shapers

Doh Eain က စပိန်သံရုံး၊ Virtual School of Architecture တို့နဲ့ပူးပေါင်းပြီးတက်သစ်စ မြန်မာဗိသုကာနဲ့ ဗိသုကာကျောင်းသား ၂၄ဦးရဲ့လက်ရာတွေကိုပြသသွားမှာပါ။ ၃ရက်ကြာမယ့်ဒီပွဲမှာ လာရောက်ကြည့်ရူသူများအနေနဲ့ ပြပွဲအတွင်း လူငယ်ဗိသုကာများနဲ့ ဗိသုကာကျောင်းသူကျောင်းသားများရဲ့ သူတို့ပတ်ဝန်းကျင်က အများပြည်သူဆိုင်ရာနေရာတွေကို လူတိုင်းအသုံးပြုနိုင်အောင် ပြန်လည်ဒီဇိုင်းရေးဆွဲထားတဲ့ လက်ရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3pm – 4pm) 14 – 16 Dec | Doh Eain
အမှတ် ၁၁၂ (ပထမထပ်)၊ ၄၁လမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်။

Time City ကပွဲဈေး

ရာသီဥတုကလည်းအေးလာပြီဆိုတော့သူငယ်ချင်းတွေနဲ့အတူတူပွဲဈေးပတ်လို့ကောင်းတဲ့အချိန်ပေါ့။ Time City မှာကျင်းပမယ့် The Street ရဲ့ ၃ရက်တာပွဲဈေးမှာအစားအသောက်၊ အလှကုန်၊ အဝတ်အထည်တွေအပါအဝင်ဆိုင်ပေါင်း ဒါဇင်နဲ့ချီပြီးပါဝင်သွားမယ်လို့သိရပါတယ်။

(9am – 7pm) 16 – 18 Dec | Time City
အမှတ် ၃၇၊ ကျွန်းတောလမ်း၊ ကမာရွတ်၊ ရန်ကုန်။


Cover photo credit: __ drz __ on Unsplash

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here