၂၀၂၂ရဲ့နောက်ဆုံးနေ့ရက်တွေကိုစိတ်ကြည်လင်ချမ်းမြေ့စွာနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ MYANMORE မှဆုတောင်းပေးလိုက်ပါတယ်။
ပုသိမ်ထီးလေးတွေနဲ့ဓာတ်ပုံရိုက်မယ်
မဟာပုသိမ်ဆိုတဲ့မြန်မာ့ရိုးရာပုသိမ်ထီးဆိုင်လေးအကြောင်းသိပြီးကြပြီလား။ ထီးလှလှလေးတွေစိတ်ကြိုက်ရွေးဝယ်လို့ရတဲ့အပြင် ဓာတ်ပုံရိုက်လို့လည်းရပါတယ်။ လုပ်ငန်းသုံးနဲ့အိမ်အလှဆင်ထီးကြီးတွေလည်းရှိပါတယ်။
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
အိန္ဒိယရိုးရာအကင်တွေကိုစားချင်တယ်ဆိုရင်တော့ Punjabi-Q မှာနှစ်သက်ရာအကင် ၆ချောင်းနဲ့ ဘီယာ (သို့) အအေး ၂ခွက်ကိုမှ ကျပ် ၂၂၀၀၀ ပဲကျသင့်တဲ့ပရိုမိုးရှင်းရှိပါတယ်။
နေရာသစ်မှာဖွင့်လှစ်လိုက်တဲ့ Locale
Locale ဆိုရင် healthy food ကြိုက်တဲ့သူတွေမသိသူမရှိပါဘူး။ ယခင် Central Boulevard ကနေအခုစမ်းချောင်းထဲက Uniteam Building မှာနေရာပြောင်းရွှေ့ဖွင့်လှစ်ထားပြီး ဒင်းဆမ်းနဲ့ခေါက်ဆွဲ menu အသစ်ကိုပါရောင်းချပေးနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။
အမှတ် ၈၄၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း၊ ရန်ကုန်။
09 975 440 559
7am – 4pm (closed Sundays)
Yangon United Sports Complex ကနှစ်သစ်ကူးပွဲဈေး
၂ရက်တာကျင်းပမယ့်ဒီပွဲဈေးကတော့ အစားအသောက်၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေရောင်းချပေးမယ့်အပြင် Unplugged music နဲ့လည်းဖျော်ဖြေသွားမှာပါ။ အသေးစိတ်အချက်အလက်တွေသိရဖို့ သူတို့ page ကို follow လုပ်ထားပါ။
(3pm – 10pm) 31 Dec – 1 Jan | Yangon United Sports Complex
အမှတ် ၁၂ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်း၊ လှိုင်၊ ရန်ကုန်။
After 8, Blow and Fuse တို့ရဲ့ ၆နှစ်ပြည့်အထိမ်းအမှတ်ပါတီ
ဒီဇင်ဘာ ၃၀နဲ့ ၃၁ ရက်နေ့ညနေတွေမှာ After 8, Blow and Fuse တို့ရဲ့ ၆နှစ်ပြည့်အထိမ်းအမှတ်ပါတီလေးရှိပါမယ်။ Venue တခုချင်းစီမှာကျင်းပသွားမှာဖြစ်ပြီး J-Me နဲ့ လွှမ်းပိုင်အပါအဝင်နာမည်ကြီးအဆိုတော်တွေ DJ တွေပါမယ်။ ဒါ့အပြင် game တွေ discount တွေကိုပါပေးသွားမှာဖြစ်လို့မြန်မြန်ဘွတ်ကင်လုပ်လိုက်တော့နော်။ အသေးစိတ်ကိုဒီမှာကြည့်ပါ။
(ညနေ ၄နာရီမှစ၍ညဉ့်နက်သည်အထိ) 30-31 Dec | After 8, BLOW, FUSE, Sky Garden
Cover photo credit: Maha Pathein