ပိတ်ရက်ကိုအထာကျကျဖြတ်သန်းဖို့ MYANMORE+ ရဲ့ weekend guide
Thai-Myanmar Business Matching @ Novotel
Novotel Yangon Max မှာကျင်းပမယ့် Thai-Myanmar Business Matching in Health and Beauty 2023 မှာထိုင်းနိုင်ငံကအလှအပရေးရာဆေရုံ ၁၃ခုကကိုယ်စားလှယ်တွေနဲ့တွေ့ခွင့်ရမယ့်အပြင် အလှကုန်နဲ့အစားအသောက်တွေကိုပါဝယ်ယူရရှိနိုင်ပါတယ်။ အသေးစားအလတ်စားလုပ်ငန်းရှင်တွေအတွက် network ချဲ့ထွင်လို့ရမယ့်ပွဲလည်းဖြစ်ပါတယ်။
(9am – 5pm) 11 Jan | Novotel Yangon Max
မရောက်တာကြာလို့သွားမယ့်ဆိုင်
Brunch Society မှာ brunch menu တွေကိုတနေ့လုံးရနိုင်ပါတယ်။ သူ့ရဲ့အရှေ့တိုင်းဟန်ရောစပ်ထားတဲ့အနောက်တိုင်းအစားအသောက်တွေဟာရန်ကုန်မှာပရိသတ်အခိုင်အမာရရှိထားပါတယ်။ Menu အသစ်တွေကိုမြည်းစမ်းကြည့်ဖို့တရက်တော့သွားမယ်စိတ်ကူးပါတယ်။
ဒို့အိမ်ရဲ့အင်္ကျီပါးပုံပြင်
ဒို့အိမ်နဲ့ လူငယ်အနုပညာရှင် ကိုဉာဏ်ရဲရင့်ဝင်းတို့ပူးတွဲစီစဉ်တဲ့အင်္ကျီပါးပုံပြင်ဆိုတဲ့ပြပွဲမှာ ရှေးမြန်မာဝတ်စုံတွေကနေတဆင့်မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကိုလေ့လာခံစားနိုင်ပါတယ်။ ရှေးဟောင်းပစ္စည်း၊ ပန်းချီကားတွေနဲ့ ဓာတ်ပုံတွေကိုပါပြသထားမှာဖြစ်လို့သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေလက်လွတ်မခံသင့်တဲ့ပွဲပါ။
(10am – 4:30pm) 7 – 11 Jan
အမှတ် ၁၁၂၊ ၄၁လမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်။
Melia က pool party
ရာသီဥတုကမပူမအေးနဲ့နေလို့ကောင်းတဲ့အချိန်မို့ pool party သွားဖို့အကောင်းဆုံးပဲပေါ့။ P4, RUBY နဲ့ SKIMM တို့ကအမြူးကြွဆုံးတေးသွားတွေနဲ့ဖျော်သွားဦးမှာပါ။ တဦးကိုဝင်ကြေး ၃၆ဒေါ်လာကျသင့်ပါတယ်။
(5pm – 9pm) 7 Jan | Melia Yangon
StarCity က Family Sports Day
StarCity Sports Club မှာမိသားစုလိုက်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ကြရအောင်။ ဆောင်းမနက်အေးအေးမှာချွေးထုတ်လို့ရအောင် mini marathon လေးလည်းပါပါတယ်။ ဝင်ကြေးကတော့ကျပ် ၅၀၀၀ပါ။ ဒီ link မှာစာရင်းပေးလို့ရပါတယ်။
(6am – 9am) 8 Jan | StarCity Sports Club