Beatbox ပြိုင်ပွဲ၊ တိလေးတွေနဲ့အတူသွားလို့ရမယ့်ပွဲဈေး၊ ဝိုင်ပရိုမိုးရှင်းတွေပါဝင်တဲ့ weekend guide။
Central Boulevard ရဲ့ Sunset Bazaar
ပိတ်ရက် Central Boulevard မှာအပျင်းပြေလမ်းလျှောက်ရင်း Sunset Bazaar မှာအရည်အသွေးမြင့်ပြည်တွင်းဖြစ်ကုန်စည်တွေဝယ်လို့ရတယ်နော်။
(11am – 8pm) 28 – 29 Jan | Central Boulevard
ဖွင့်တာမကြာသေးလို့သွားကြည့်သင့်တဲ့ bar
Shambala Bar ဟာ Myanmar Sport Hotel ထဲကရေကူးကန်လေးဘေးမှာရှိပါတယ်။ အရှေ့တိုင်းအစားအသောက်တွေရပြီးဈေးနှုန်းတွေကလည်းတပွဲကို ကျပ် ၅၀၀၀ ဝန်းကျင်ကနေစတာမို့ဈေးသင့်တဲ့အထဲပါပါတယ်။ ဘားအသစ်ရှာနေတဲ့သူတွေအတွက်လက်တို့ပါတယ်နော်။
Myanmar Sport Hotel Compound, လေးထောင့်ကန်လမ်း၊ ရန်ကုန်။
09 263 148 136
11am – 11pm
ဝိုင်ချစ်သူတွေအတွက် event
The Brew Yangon ရဲ့ Wine & Social event မှာဝိုင် ၅မျိုးနဲ့ ပြင်သစ်ပေါင်မုန့်ကင်အတွဲအဖက်လေးကို ကျပ် ၂၅၀၀၀ နဲ့ရနိုင်ပါတယ်။ ဝိုင်ချစ်သူတွေအတွက်တော့လက်လွတ်မခံသင့်တဲ့ပွဲလေးပါပဲ။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
Reservation: 09 881 5077 33
(6pm onwards) 27 Jan | The Brew Yangon
တိချစ်သူတွေအတွက် event
ဒီအပတ်ပိတ်ရက်ကန်တော်ကြီးထဲမှာကျင်းပမယ့် pets day out ပွဲလေးမှာတိလေးတွေအတွက် product ပေါင်းစုံကိုဝယ်လို့ရမယ့်အပြင် အမှတ်တရဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေလည်းရှိပါတယ်။
(10am – 6pm) 28 – 29 Jan | မင်္ဂလာဈေးဝင်ပေါက်၊ ကန်တော်ကြီး
Beatbox ဝါသနာရှင်တွေအတွက် event
Hip-hop ဂီတနဲ့ beatbox ကိုနှစ်သက်တဲ့သူတွေအတွက် ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ၅နာရီကျော်ကျင်းပမယ့် NONBattle Beatbox ပြိုင်ပွဲကိုညွှန်းချင်ပါတယ်။ Beatboxing ကိုအခုမှလေ့လာမယ့်သူတွေကော၊ ဝါသနာရှင်တွေအတွက်ပါအတွေ့အကြုံရမယ့်ပွဲလေးတခုပါ။ ဝင်ကြေးလည်းအခမဲ့ပါ။
(2pm – 7:30pm) 29 Jan | French Institute
Cover photo credit: Matt Nelson on Unsplash