Cover photo credit: Coen van de Broek on Unsplash
Advertisement

ဒီအပတ် weekend guide မှာတော့ Asian hawkers night၊ beer festival နဲ့စက်ဘီးစီးခရီးတိုတွေပါဝင်ပါတယ်။

Wyndham Grand ဟိုတယ်က Asian Hawkers Night

Wyndham Grand ဟိုတယ်ရဲ့ ၄လွှာက outdoor garden မှာအပတ်စဉ်ဗုဒဟူးနဲ့ကြာသာပတေးနေ့တိုင်း ညနေ ၅ခွဲကနေ ၈ခွဲအထိ Asian Hawkers Night ရှိတယ်နော်။ Curry Laksa, Mee Goreng Mamak (Fried Yellow Noodles), Hainan Chicken Rice တို့လိုအရှေ့တောင်အာရှရဲ့နာမည်ကြီး street food တွေကိုသုံးဆောင်နိုင်မှာပါ။ တပွဲကို ကျပ် ၈၀၀၀ ကနေစပါတယ်။

Outdoor Garden – Level 4၊ အမှတ် ၁၁၊ ကန်ရိပ်သာလမ်းထောင့်၊ ရန်ကုန်။
Every Wednesday – Thursday
5:30pm – 8:30pm
09 451 888 355

Burbrit ရဲ့ ၆နှစ်ပြည့်အထိမ်းအမှတ် beer festival

ဒီလထဲမှာပဲ ၆နှစ်ပြည့်သွားတဲ့ Burbrit Brewery ကအထိမ်းအမှတ်အနေနဲ့ beer festival ကျင်းပသွားမှာပါ။ ဒီပွဲမှာဘီယာအသစ်တွေကိုမြည်းစမ်းခွင့်ရမယ့်အပြင်ပျော်စရာကောင်းတဲ့ game တွေလည်းပါဝင်မယ်လို့သိရပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

(3pm – 9pm) 21 Jan | Burbrit Taprooms

LOTTE ရဲ့ seafood buffet

LOTTE Hotel ရဲ့ La Seine စားသောက်ဆိုင်မှာ အပတ်စဉ် သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ညနေ ၅ခွဲကနေ ၁၀နာရီအတွင်း seafood buffet ရှိပါတယ်။ တယောက်ကို ၅၉ဒေါ်လာနဲ့ ပင်လယ်စာအစုံသုံးဆောင်နိုင်မှာပါ။ 01 935 1053 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါတယ်။

5:30pm – 10pm | LOTTE HOTEL YANGON

LUSH ရဲ့ဈေးပွဲတော်

LUSH ရဲ့ ၄ကြိမ်မြောက်ဈေးပွဲတော်ပြန်လာပါပြီ ဒီအပတ်သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိကျင်းပမယ့်ဒီဈေးလေးမှာ အသုံးအဆောင်၊ အလှကုန်နဲ့အစားအသောက်တွေအပြင် live music ဖျော်ဖြေမှုကိုပါခံစားရမှာပါ။ ဝင်ကြေး ticket ကကျပ် ၁၅၀၀၀ ကျသင့်ပြီး ကျပ် ၅၀၀၀တန် voucher နဲ့ drink တခွက်ပါပါတယ်။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။

(2pm – 8pm) 20-22 Jan | Inya Lake Hotel

စက်ဘီးစီးဝါသနာပါသူတွေသွားသင့်တဲ့ပွဲ

ဒီအပတ်တနင်္ဂနွေနေ့မနက် ၆နာရီခွဲမှာ Zero Mile ကနေပဲခူးအထိအသွားအပြန်စက်ဘီးစီးမယ့်ပွဲလေးကို Rangoon Cycling Club ကစီစဉ်ထားပါတယ်။ အကွာအဝေးအားဖြင့် ကီလို ၈၀လောက်ရှိပြီး road bike တွေသာခွင့်ပြုမှာပါ။ သူ့ Facebook messenger ကတဆင့်စာရင်းပေးနိုင်ပါတယ်။ Zero Mile ကို ၆နာရီအရောက်သွားပေးဖို့လိုပါတယ်။

6 am – 9am | 22 Jan

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here