Credit: Adam Jaime on Unsplash
Advertisement

ဒီအပတ်အတွက် RTH ဆိုင်ခွဲသစ်ရဲ့ happy hour လေးက cocktail ချစ်သူတွေအတွက်အရမ်းတန်မှာပါ။ ရေကူးပြီးဘူဖေးစားချင်ရင်တော့ Mercure Yangon Kaba Aye ရဲ့ buffet dinner ရှိပါတယ်။ ပိတ်ရက်ကိုအထာကျကျဖြတ်သန်းဖို့ကူညီမယ့် MYANMORE+။

RTH ဆိုင်ခွဲသစ်ရဲ့ Happy Hour

Rangoon Tea House (Junction Square) ဆိုင်ခွဲကိုည ၁၀နာရီအထိတိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။ အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့အထိ ရွေးချယ်ထားသော ကော့တေး ၊ ဝိုင် နဲ့ ဘီယာများကို ၅၀% လျော့ဈေးနဲ့ ညနေ ၄နာရီ မှ ည ၇နာရီအတွင်း ရောင်းချပေးနေတဲ့ Happy Hour အစီအစဉ်ကိုလည်းစတင်လိုက်ပြီလို့သိရပါတယ်။

Ground Floor, Crystal Tower, Junction Square, (Ippudo Ramen ဘေး), Yangon
09 776 4366 53
7am – 10pm

Single တွေအတွက် market fair

ဒီအပတ်ပိတ်ရက်မှာ Single တွေအစွံထုတ်လို့ရမယ့် speed dating အစီအစဉ်အပြင် local brand တွေအများအပြားပါဝင်မယ့်ဈေးလေးတခု Central Boulevard မှာရှိနေမယ်လို့သိရပါတယ်။ အခုကတည်းကကြိုးစားထားရင် နောက်နှစ်ဗယ်လင်တိုင်းကျရင်ပန်းတွေချောကလက်တွေရရင်ရနေမှာနော်။

(2pm – 8pm) 18 – 19 Feb | The Central Boulevard

လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း

ကျပ် ၄၅၀၀၀ တည်းနဲ့ရေလည်းကူးလို့ရမယ်၊ ဘူဖေးလည်းအဝကြိတ်လို့ရမယ်ဆိုရင်စိတ်ဝင်စားကြလား။ Mercure Yangon Kaba Aye ရဲ့ Saturday Buffet Dinner မှာ ညနေ ၄နာရီကနေ ၆နာရီအတွင်းရေကူးလို့ရတယ်။ ရေကူးပြီးဗိုက်ဆာလာရင်တော့ ညနေ ၆နာရီကနေ ၉နာရီအထိဘူဖေးစားပါ။

No 17 Kaba Aye Pagoda Road, Yankin Township, Yangon
01 8650933, 09 266 857 432
18 Feb 2023

သွားသင့်တဲ့ပွဲ

ဒီပွဲလေးကတော့အပျင်းပြေဈေးဝယ်ထွက်ချင်တဲ့သူတွေရော ကိုယ်ပိုင်စီးပွားရေးစလုပ်ချင်တဲ့သူတွေပါအဆင်ပြေမယ်ထင်လို့ညွှန်းပေးလိုက်တာပါ။ “လူငယ်ဈေးကွက်” နဲ့ Junction Center တို့ရဲ့ Pop-up Market Tour ကဒီလမှာစတင်ပါတယ်။ Junction Mawtin မှာ ဖေဖော်ဝါရီ ၂၁ကနေ ၂၇အထိ ၁ပတ်ကြာကျင်းပမှာဖြစ်ပြီး တရက် ကပ် ၃၀၀၀၀ တည်းနဲ့ဈေးရောင်းခွင့်ရပါမယ်။

ဆက်သွယ်ရန် – 09263724766, 09250023898

အရမ်းတန်တဲ့ staycation

Super Hotel Thilawa ရဲ့ staycation လေးကတော့တော်တော်တန်ပါတယ်။ Hot sprng အသုံးပြုခွင့်အပြင် ၂ယောက်စာ breakfast အပါအဝင်တညတည်းခိုခွင့်ကိုမှ ကျပ် ၄၂၀၀၀ ပဲကျပါတယ်း ဘယ်လိုသွားရမလဲမသိဖြစ်နေရင်လည်းမပူနဲ့နော် အခမဲ့အကြိုအပို့ရှိပါတယ်။ အသေးစိတ်ကိုသူ့ Page မှာဝင်ကြည့်ပါ။

No 25, Residental & Commercial Area, Thilawa SEZ Zone A, Thanlyin Tsp, Yangon
01 230 9000~1, 09778616171

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here