ပြည်ထောင်စုနေ့အထူးဈေးပွဲတော်
ပြည်ထောင်စုနေ့အထူးဈေးပွဲတော်ကိုအတွင်းဝန်ရုံးမှာ ၃ရက်တိတိကျင်းပမယ်လို့သိရပါတယ်။ အစားအသောက်၊ လူသုံးကုန်ပစ္စည်း၊ အမှတ်တရလက်ဆောင်တွေရောင်းချပေးမယ့်အပြင် ဒါန်းဆိုးတဲ့ဆိုင်နဲ့ တားရော့ဗေဒင်ပါပါဝင်သွားမယ်လို့သိရပါတယ်။
(10am – 8pm) 11 – 13 Feb | The Secretariat
Novotel က pool party
ရာသီဥတုကလည်းသာယာနေပြီဆိုတော့ pool party သွားဖို့အကောင်းဆုံးအချိန်ပေါ့။ DJ ပါမယ်။ snack တွေပါမယ်။ Drink coupon ၂ခုပါတဲ့ဝင်ခွင့်လက်မှတ်က ကျပ် ၃၅၀၀၀ ပဲကျပါတယ်။ Bottle package တွေလည်းရှိပါသေးတယ်။
(4pm – 8pm) 11 Feb | Novotel Yangon Max
လက်လွတ်မခံသင့်တဲ့ပရိုမိုးရှင်း
အလုပ်ကိစ္စစကားပြောဖို့ပဲဖြစ်ဖြစ် ဧည့်သည်တွေကိုဖိတ်ကျွေးချင်လို့ပဲဖြစ်ဖြစ်ဆိုင်ကောင်းကောင်းရှာနေရင်တော့ Hong Kong Paradise ရဲ့ ၄ယောက်လာရင် ၃ယောက်စာပဲပေးရမယ့်ဘူဖေးပရိုမိုးရှင်းရှိတယ်နော်။ ဟင်းပွဲအမျိုး ၅၀ကျော်ပါပြီး တဦးကို ကျပ် ၃၉၈၀၀+ ကျသင့်ပါတယ်။ ဘူဖေးစားချိန်ကတော့ ၂နာရီနဲ့ ၁၅မိနစ်ပါ။ ဒီပရိုမိုးရှင်းက ဖေဖော်ဝါရီလကုန်အထိရှိပါတယ်။
Junction City – Level-3
09 259 516 215, 09 257 070 563
9am – 8pm
Sakura Residence က weekend market
Sakura Residence and Hotel မှာဒီအပတ်စနေနေ့ weekend market ရှိပါတယ်။ အစားအသောက်နဲ့အနုပညာပစ္စည်းတွေအပြင် လတ်ဆတ်တဲ့သစ်သီးနဲ့ဟင်းရွက်တွေကိုပါဝယ်ယူနိုင်မှာပါ။
(10am – 6pm) 11 Feb | Sakura Residence and Hotel
ဆောင်းမနက်ခင်းမှာကိုယ်လက်လှုပ်ရှားအားကစား
မနက်စောစောကန်တော်ကြီးဥယျာဉ်ထဲမှာကိုယ်လက်လှုပ်ရှားအားကစားလုပ်ကြရအောင်။ Zawana Badminton Club က coach တွေနဲ့ weight loss trainer ကိုအန်ဒီတို့ကညွှန်ကြားပြသပေးသွားမှာပါ။ ဝင်ကြေးအခမဲ့ပါ။
(6:30 am) 12 Feb | Signature, Kandawgyi Park