ကော့တေးသောက်ရင်းသင်္ဘောစီးမလား၊ ဘူဖေးစားမလား၊ ဝိုင်မြည်းမလား။ Weekend ကိုအထာကျကျဖြတ်သန်းလိုက်ပါ။
Street dance ဝါသနာရှင်တွေအတွက်အခွင့်အရေး
ပြင်သစ်ယဉ်ကျေးမှုဌာနဟာ street dance ဝါသနာရှင်တွေအတွက်အကပြိုင်ပွဲတခုစီစဉ်ထားပါတယ်။ စာရင်းပေးထားသူ ၆၄ဦးဟာ တဦးချင်းပြိုင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေကော ပရိသတ်တွေပါအခမဲ့ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ဖေဖော်ဝါရီလ ၃ရက်နေ့မှာပြိုင်ပွဲဝင်တွေစတင်စာရင်းပေးနိုင်ပြီး ၂၆ရက်နေ့မှာပြိုင်ပွဲစတင်မှာပါ။ အသေးစိတ်ကိုဒီ link ကနေဖတ်ရှုနိုင်ပါတယ်။
PARKROYAL ရဲ့ပါတီ
အပတ်စဉ်ဗုဒ္ဓဟူးနေ့ကနေစနေနေ့ညနေတိုင်း PARKROYAL ရဲ့ Club 5 မှာပါတီရှိပါတယ်။ ညနေ ၆နာရီကနေညဉ့်နက်တဲ့အထိရှိတဲ့ဒီပါတီမှာ beverage package ကို ၂၅ဒေါ်လာကနေစတင်ဝင်ယူနိုင်ပြီး အမြည်းအနေနဲ့အာရှအစားအသောက်တွေရပါတယ်။ 09 443 833 890 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်နိုင်ပါပြီ။
လက်လွတ်မခံသင့်တဲ့ဘူဖေးပရိုမိုးရှင်း
ဖေဖော်ဝါရီတလလုံး သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Novotel ကဘူဖေးတွေစီစဉ်ထားပါတယ်။ သောကြာနေ့ညနေမှာ ပင်လယ်စာတွေစုံလင်တဲ့ Ocean Delight၊ စနေနေ့လယ်မှာ ထိုင်းအစားအစာတွေပါဝင်တဲ့ Thai Lunch၊ တနင်္ဂနွေနေ့မှာမိသားစုပျော်ပျော်ပါးပါးသုံးဆောင်လို့ရမယ့် Family Brunch ဆိုပြီး ၃မျိုးခွဲထားပါတယ်။ ဘူဖေးတခုစီအတွက်လူတယောက် ဒေါ်လာ ၃၀ပဲကျသင့်မှာပါ။ 09 4440 8888 3 ကိုဆက်သွယ်ပြီးဘွတ်ကင်တင်လိုက်ပါ။
ဝိုင်ချစ်သူတွေအတွက်ဝိုင် ၄မျိုးမြည်းစမ်းခွင့်ရမယ့်အခွင့်အရေး
သောကြာနေ့မှာ Warehouse Myanmar ကဝိုင် ၄မျိုးကို ကျပ် ၂၅၀၀၀ တည်းနဲ့မြည်းစမ်းခွင့်ရမယ့် wine tasting ပွဲလေးစီစဉ်ထားပါတယ်။ Õthentic Brasserie ကလည်း pop up store လေးဖွင့်ထားမှာဆိုတော့ဝိုင်နဲ့လိုက်ဖက်တဲ့ပြင်သစ်အစားအစာတွေကိုစိတ်ကြိုက်ဝယ်စားလို့ရပြီပေါ့။ အသေးစိတ်ကိုဒီ link မှာကြည့်ပါ။
(6pm – 9pm) 3 Feb | Warehouse Myanmar
ကော့တေးသောက်ရင်းသင်္ဘောစီးမယ်
ဇိမ်ခံသင်္ဘောကြီးပေါ်မှာကော့တေးသောက်ရင်း ညနေဆည်းဆာကိုခံစားဖို့ ငွေကျပ် ၁၅၀၀၀ ပဲလိုပါတယ်။ Anawrahta Cruise ရဲ့တနင်္ဂနွေနေ့ Sunset Cruise & Cocktail အစီအစဉ်မှာ ကျပ် ၁၅၀၀၀ တည်းနဲ့ကော့တေး ၂ခွက်သုံးဆောင်နိုင်မယ့်အပြင် ညနေ ၅နာရီခွဲကနေ ၆နာရီခွဲအထိသင်္ဘောစီးခွင့်လည်းရဦးမှာပါ။ အသေးစိတ်ကို official page မှာဖတ်နိုင်ပါတယ်။