Valentine’s Day မှာသင့်ချစ်သူကိုဘာလက်ဆောင်ပေးရကောင်းမလဲစဉ်းစားနေတယ်ဆိုရင်တော့ ဒီ guide လေးကကူညီနိုင်မှာပါ။ ဈေးအရမ်းမကြီးဘဲ ဆန်းသစ်လှပပြီးအမှတ်တရဖြစ်မယ့်ပစ္စည်းလေးတွေကိုစဉ်းစားပေးထားပါတယ်။ တွဲလက်တွေမြဲကြပါစေလို့ MYANMORE ကဆုတောင်းပေးလိုက်ပါတယ်။
Plenty o’ Green ရဲ့အပင်လေးတွေ

သင့်ချစ်သူကအိမ်တွင်းအပင်စိုက်ရတာဝါသနာပါသူလား။ ဒါဆိုရင်တော့ Plenty o’ Green ရဲ့ Mix & Match လက်ဆောင်လေးကအသင့်တော်ဆုံးဖြစ်မှာပါ။ သင့်စိတ်ကြိုက်အပင်နဲ့ပန်းအိုးလေးတွေကိုရွေးချယ်ပြီးလက်ဆောင်ပို့ပေးလို့ရပါတယ်။ ဈေးနှုန်းကတော့အပင်နဲ့အိုးပေါ်မူတည်ပြီးပြောင်းလဲမှုရှိတာကြောင့် chat box မှာမေးကြည့်ပါ။
https://www.facebook.com/plentyogreensmm
[email protected]
09 954 570152
Puu Fragrances ကရေမွှေး

ရေမွှေးဆိုတာကလည်းယောက်ျားလေးရော မိန်းကလေးပါသုံးတဲ့အသုံးအဆောင်တခုပါ။ ပြည်တွင်းမှာထုတ်လုပ်တဲ့ brand တွေကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Puu Fragrances က special discount တွေပေးနေပါတယ်။
https://www.facebook.com/puu.fragrances
[email protected]
09 759 923897
Khayae Candles ရဲ့အမွှေးဖယောင်းတိုင်

သင့်ချစ်သူရဲ့အိမ်လေးမွှေးပျံ့နေစေချင်တယ်ဆိုရင်တော့ Khayae အမွှေးဖယောင်းတိုင်တွေကိုသာဝယ်ပေးလိုက်တော့။ Valentine’s Day အထိမ်းအမှတ်အနေနဲ့အသည်းပုံဖယောင်းတိုင်လေးတွေကိုပါထုတ်ထားတယ်။ တခုကိုကျပ် ၄၀၀၀ ပဲကျသင့်ပြီးရွေးချယ်စရာအနံ့ ၄မျိုးရှိပါတယ်။
အမှတ် ၁၀၆၊ ပထမထပ်၊ ၄၂လမ်းအပေါ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
09777780698
9am- 6pm (every day)
Yangoods ကအိတ်

ဒီလထဲမှာပဲ collection အသစ်တွေထုတ်ဖို့ရှိတဲ့ Yangoods ကိုလည်းစဉ်းစားသင့်ပါတယ်။ ချစ်သူကောင်လေးအတွက်ဆိုရင်တော့အမျိုးသားတွေအတွက်ထုတ်ထားတဲ့ Thinkayta collection ရှိပါတယ်။
အမှတ် ၆၂၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
09 952 255153
10am – 6pm
The Sun’s Craft ရဲ့အမှတ်တရအသုံးအဆောင်

ချစ်စရာကောင်းတဲ့ပန်းအိုးလေးတွေ၊ ဘောပင်ထည့်တဲ့ခွက်ကလေးတွေကလည်းအမှတ်တရဖြစ်စေမယ့်လက်ဆောင်လေးတွေပါပဲ။ သူ့ဒီဇိုင်းတွေကိုဝယ်လို့ရသလိုသင့်စိတ်ကြိုက် customise လုပ်လို့လည်းရပါတယ်။ စိတ်ကြိုက်ဒီဇိုင်းလုပ်ချင်တယ်ဆိုရင်တော့တပတ်ကြိုမှာပေးရမယ်နော်။ Page ကနေမှာယူပါ။
https://www.facebook.com/profile.php?id=100076219996234
09 2555 60 650
Baydar & Co ကလက်မှုပစ္စည်း

ပြည်တွင်းဖြစ်လက်မှုပစ္စည်းလေးတွေကိုလည်းလက်ဆောင်ပေးဖို့စဉ်းစားသင့်ပါတယ်။ Baydar & Co မှာ ဖေဖော်ဝါရီလ (၁) ရက်ကနေ (၁၅) ရက်နေ့အထိ ၂၅ရာခိုင်နှုန်းလျှော့ဈေးနဲ့ဝယ်ယူနိုင်ပါပြီ။ အိတ်လှလှလေးတွေကနေ ချည်ထည်စောင်နဲ့လည်စည်းတွေအထိအသုံးအဆောင်တော်တော်စုံပါတယ်။ Website ကမှာလို့ရပြီး showroom သွားမယ်ဆိုရင်တော့ appointment ယူဖို့လိုပါမယ်။
အမှတ် ၁၀၄၊ ၃၈လမ်းအောက်လမ်း၊ Myanmar National Airline ရုံးခန်းဘေး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
www.baydar.co
09 777 00 1190
သင်ကိုယ်တိုင်

ဘာလက်ဆောင်မှမဝယ်ပေးနိုင်ဘူးဆိုရင်လည်းကိစ္စမရှိပါဘူး။ သင့်ချစ်သူအတွက်အကောင်းဆုံးလက်ဆောင်မွန်ဟာသင်ကိုယ်တိုင်ပါပဲ။ သူ့ကိုအချိန်ပေးပါ၊ သူ့စကားတွေကိုနားထောင်ပေးပါ၊ သူ့ကိုသစ္စာရှိရှိနဲ့ချစ်ပေးပါ။ ဒါဆိုရင်တွဲလက်တွေမြဲဖို့လုံလောက်နေပါပြီ။ Happy Valentine’s Day ပါနော်။