Advertisement

ဒီအပတ်ပိတ်ရက်မှာကျင်းပမယ့်စိတ်ဝင်စားစရာ event တွေနဲ့ promotion တွေအကြောင်းတင်ဆက်ပေးမယ့် Yangon’s Latest!

Times City ကပန်းချီပြပွဲ

အနုပညာဝါသနာပါသူတွေအတွက် Times City Jewellery Mall ၃လွှာနဲ့ ၄လွှာမှာ ၄ရက်တာကျင်းပမယ့်ပြပွဲအကြောင်းပြောပြချင်ပါတယ်။ စုစုပေါင်းပြခန်း ၃၀ကျော်ပါဝင်ပြသမှာဖြစ်ပြီး ပန်းချီကားတွေအပြင်ပန်းပုလက်ရာတွေကိုပါကြည့်ရှုခံစားရမှာပါ။

Jewellery Mall level (3 & 4), Times City, Kamayut Township, Yangon
11 am – 5 pm | 28 Apr – 1 May

Hong Kong Paradise ကတရုတ်စာဘူဖေး

ဟင်းလျာပေါင်းအမျိုး ၅၀ဆကျော်ကို တဦးကျပ် ၃၉၈၀၀++ နဲ့ ၂နာရီ ၁၅မိနစ်အတွင်း အဝစားနိုင်မယ့်ဘူဖေးပါ။ ဧပြီလကုန်အထိရှိပါတယ်။

Junction City – Level 3
09 259 516 215, 09 257 070 563
9 am – 8:30 pm

Nar Nat Taw Street
09257070563
9 am – 8:30 pm

Sakura Residence မှာ shopping ထွက်ရင်းပုံဆွဲသင်မယ်

Sakura Residence မှာကျင်းပမယ့် weekend market မှာ art workshop တခုလည်းပါဝင်သွားမယ်လို့သိရပါတယ်။ Workshop မှာပါဝင်ပြီးပန်းချီသင်ချင်တယ်ဆိုရင် တဦး ကျပ် ၁၀၀၀၀ နဲ့မိနစ် ၃၀ သင်ယူနိုင်ပါတယ်။ သူ့ Facebook ကတဆင့်စာရင်းပေးပါ။
https://www.facebook.com/sakura.residence.yangon

No 9, Inya Road, Block 10, Kamaryut Township, Yangon
3 pm – 7 pm | 30 April

စိမ်းလန်းမှာ puppy လေးတွေနဲ့အပူရှောင်မယ်

စိမ်းလန်းစိုပြေဥယျာဉ်မှာလေညှင်းခံရင်း အအေးသောက်ရင်း အိမ်က pet လေးတွေနဲ့အတူအပူရှောင်ရအောင်လေ။ အပျော်တမ်း game တွေလည်းကစားလို့ရပါတယ်။ ဒီ activity မှာမည်သူမဆိုအခမဲ့ပါဝင်နိုင်ပါတယ်။

Sein Lan So Pyay Garden, Inya Road, Kamaryut Township, Yangon
4 pm – 8 pm | 28 – 29 April

French Institute မှာဂျက်ဇ်တေးသွားတွေနားထောင်မယ်

French Institute နဲ့ Myanmar Jazz Club တို့ပူးပေါင်းပြီး International Jazz Day အထိမ်းအမှတ်နဲ့ဖျော်ဖြေပွဲတခုကျင်းပသွားမယ်လို့သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာတေးဂီတပညာရှင်တွေစုစည်းတည်ထောင်ထားတဲ့ MJC ဟာ non-profit organisation တခုပါ။ အသေးစိတ်ကိုအောက်ပါလင့်မှာကြည့်ပါ။
https://www.facebook.com/events/1296830984245557/?ref=newsfeed

No 340, Pyay Road, Sanchaung Township, Yangon
4:30 pm – 9 pm | 30 April

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here