FB မှာအရမ်းလောင်ရတယ်ဆိုပြီးနာမည်ကြီးနေလို့ admin လည်း The Marriage ကို ကြည့်ကြည့်လိုက်ပါတယ်။ Spoiler ပါတာမို့ကြည့်ပြီးမှဖတ်ပါနော်။
ဇာတ်လမ်းကတော့ OG ဆရာဝန်မ ၂ယောက်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းပါ။ ချောရတနာရဲ့ဇာတ်ကောင်က မြဒေဝီကျော်၊ ထက်ထက်ထွန်းရဲ့ဇာတ်ကောင်က ခင်သီတာ။ သူတို့ ၂ယောက်လုံးကဝင်ငွေလည်းကောင်းတယ်၊ ပြီးတော့ပျော်ရွှင်စရာမိသားစုတွေကိုလည်းပိုင်ဆိုင်ထားကြတယ်။ ဇာတ်လမ်းအစမှာတော့ သူတို့ခင်ပွန်းတွေကဘယ်လိုချစ်တတ် ဂရုစိုက်တတ်ကြောင်းပြပါတယ်။
ဇာတ်လမ်းရဲ့အဓိကဗီလိန်ကတော့ သူချစ်ခင်ဆိုတဲ့ကောင်မလေးပါ။ သူကတော့ယောက်ျားတွေကိုချူစားနေတဲ့ပိုင်းလုံးဆန်ဆန်ပေါ့။ အလုပ်လုပ်နေတဲ့ဆိုင်ကမန်နေဂျာနဲ့လည်းမရှင်းမရှင်း။ အိမ်ထောင်သည်အမျိုးသားတစ်ယောက်နဲ့လည်းဇာတ်လမ်းဖြစ်နေလို့မယားကြီးကဆိုင်ကိုလာပြီးပွဲကြမ်းလို့အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ လုံး၀ red flag ပေါ့လေ။ ဒါပေမယ့်လည်းသူကတစုံတယောက်ရဲ့တန်ဖိုးထားချစ်ခင်မှုကိုတော့မျှော်လင့်နေပြီး အဒေါ်ဖြစ်သူရဲ့ပယောဂကြောင့်ဆိုးနေရတဲ့ပုံစံရိုက်ပြထားပါတယ်။
တစ်ရက်ကျတော့သူမတော်တဆရခဲ့တဲ့ကိုယ်ဝန်ကိုဖျက်ချဖို့ဒေါက်တာမြကကူညီပေးခဲ့ရာကနေ ဒေါက်တာမြတို့မိသားစုနဲ့ရင်းနှီးသွားပါတယ်။ အဲ့ဒီကနေတဆင့်ဒေါက်တာမြအမျိုးသားနဲ့ဇာတ်လမ်းဖြစ်တယ်။ တချိန်တည်းမှာပဲ ခင်သီတာကလည်းသူ့အမျိုးသားဟာရွှေဆိုတဲ့ကောင်မလေးနဲ့အိမ်ထောင်ရေးဖောက်ပြန်နေတာမိသွားပါတော့တယ်။ သူ့အမျိုးသားကတော့ခင်သီတာကလေးမရနိုင်လို့ဖောက်ပြန်ရတယ်ဆိုပြီးအပြစ်တင်တယ်။ ဒီလောက်ဆိုရင်တော့ဇာတ်လမ်းကဘယ်ကိုဦးတည်နေတယ်ဆိုတာပရိသတ်ကြီးလည်းရိပ်မိလောက်မှာပါ။ နောက်ဆက်တွဲကိုတော့ Mahar mobile application မှာပဲကြည့်လိုက်ပါတော့နော်။
Admin အမြင်ကိုပြောရရင်တော့ ဇာတ်လမ်းက melodrama ဆန်ပါတယ်။ Dialogue တွေကိုတော့သဘောကျတယ်။ အိမ်ထောင်တစ်ခုမှာယောက်ျားမိန်းမခွဲခြားမှုကိုထင်ဟပ်နေတယ်လို့ယူဆမိလို့ပါ။ ဇာတ်လမ်းဇာတ်ကွက်တွေကခန့်မှန်းလို့ရတယ်ဆိုပေမယ့် ဇာတ်ကောင်အမျိုးသမီးတွေရဲ့သရုပ်ဆောင်မှုတွေကိုကြည့်ရတာနဲ့တင် entertaining ဖြစ်နေပါပြီ။ နောက်ပိုင်းမှာမယားကြီးတွေနဲ့မယားငယ်တွေကြားထိပ်တိုက်တွေ့မယ့်ဇာတ်ကွက်တွေပါလာမယ်လို့ထင်ပါတယ်။
သရုပ်ဆောင်တွေကတော့တော်တော်ကောင်းပါတယ်။ အထူးသဖြင့်ဗီလိန်နေရာကပါတဲ့မင်းသမီးတွေကတော်တော်လုပ်ကွက်ရသလို ပီလည်းပီပြင်ပါတယ်။ ပရိသတ်ကြီးရောကြည့်ပြီးပြီလား၊ ဘယ်လိုမြင်လဲဆိုတာ comment ပေးသွားကြပါဦးနော်။
- – Ei Nandar Kyaw