နောက်ဆုံးပေါ် event တွေနဲ့ Yangon’s Latest
StarCity Sports Club ကမိသားစုအပြေးပြိုင်ပွဲ
Fun Run Tournament မှာ ပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့ Wave Money Platform ကနေတဆင့် စာရင်းသွင်းပါဝင်နိုင်ပြီး Registration Fees – ➡ 5KM Run ပြိုင်ပွဲဝင်များအတွက် “ဝင်ကြေး (၄၀,၀၀၀)ကျပ်” (၁၃ နှစ် နှင့်အထက်သာ) ➡ 3KM Run ပြိုင်ပွဲဝင်များအတွက် “ဝင်ကြေး (၃၀,၀၀၀)ကျပ်” (၁၂ နှစ် နှင့်အထက်သာ) စသဖြင့် အသီးသီးကျသင့်မှာပါ။ အောက်ပါလင့်ကနေတဆင့် စာရင်းပေးနိုင်ပါတယ်။ https://docs.google.com/forms/d/e/1FAIpQLSftsq8FlN1m7G6aGLy6gp_qywtk-kb1wbY040x2oma8GJivzA/viewform?fbclid=IwAR236R8icg_5rj6hqKe8N7cxEMfsjwKGLCPmKxPeECtdUH9JrdCVUmg5cUQ
StarCity, Thanlyin Township, Yangon
6 am | 8 October
My Page ရဲ့ဈေးရောင်းပွဲ
Myanmar Plaza နဲ့ Junction Square မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၅ရက်နေ့အထိကျင်းပမယ့် My Page ရဲ့ မီးထွန်းပွဲတော် Promotion မှာဆိုရင် ကလေးတွေအတွက်စာရေးကိရိယာနဲ့ ကုန်စည်အမျိုးမျိုးကိုတနေရာတည်းစုံလင်စွာဝယ်ယူနိုင်မှာပါ။ မည်သည့် ပစ္စည်းကိုမဆို ကျပ် ၃၉၀၀၀ နှင့်အထက်ဝယ်ယူသူတိုင်း ရိုးရာမီးပုံတွန်းလှည်းလေးတွေ လက်ဆောင်ရဦးမယ့်အပြင် 𝐔𝐩 𝐭𝐨 10% 𝐩𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧, 𝐒𝐚𝐥𝐞𝐬 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧, 𝐅𝐫𝐞𝐞 𝐆𝐢𝐟𝐭 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 တွေပါရဦးမှာဖြစ်ပါတယ်။
ဝိုင်ချစ်သူတွေအတွက် wine tasting event
Warehouse Myanmar’s “the First Friday” Wine Tasting and Networking event မှာကျပ် ၃၀၀၀၀ နဲ့ဝိုင် ၄ခွက်ကိုမြည်းစမ်းခွင့်ရမှာပါ။ Prime Cut ကလည်းဝိုင်နဲ့လိုက်ဖက်တဲ့ sausage တွေကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုအောက်ပါလင့်မှာကြည့်ပါ။
https://www.facebook.com/events/6932862103437314/?ref=newsfeed
No 150, Dhammazedi Road, Bahan Township, Yangon
6 pm – 9 pm | 6 October
American Club Rangoon ရဲ့ Monument Family Fun Day
Monument Books & Toys မှစီစဉ်တဲ့ ကလေးများ၊ မိသားစုများ၊ member များအတွက် ပျော်ရွှင်စရာ Family Fun Day အစီအစဉ်ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့ နေ့လယ် (၁:၀၀)နာရီမှညနေ(၅:၀၀)အထိ American Club Yangon တွင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ကလေးများအတွက် စိတ်လှုပ်ရှား ပျော်ရွှင်စရာ games နှင့် activities များပါဝင်ပါတယ်။ Monument Family Fun Day ကတော့ အားလုံးအတွက် Free Entrance ဖြစ်ပြီး လာရောက်လည်ပတ်မည့်သူအားလုံးက မိမိဓါတ်ပုံပါသော ID Card တခုခုကိုယူဆောင်လာရမှာဖြစ်ပြီး Entrance Gate တွင်ပြသ၍ဝင်ရောက်နိုင်ပါတယ်။
No 27, Malikha Street, Parami Road Mayangone Township, Yangon
1 pm – 5 pm | 7 October
Thuwunnabhumi Event Park က Invasion Festival
Thuwunnabhumi Event Park မှာ ၉နာရီတိတိကျင်းပမယ့် Invasion Festival ကတော့ ဒီနှစ်ရဲ့အခမ်းနားအကြီးကျယ်ဆုံး outdoor festival တွေထဲကတခုဖြစ်လာတော့မှာပါ။ ဈေးနှုန်းနဲ့ အသေးစိတ်ကိုအောက်ပါလင့်မှာကြည့်ပါ။
https://www.facebook.com/events/2517912835035668/?ref=newsfeed
Thuwunnabhumi Event Park, Yangon
2 pm onwards | 7 October