ဒီအပတ်မှာတော့ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်မယ့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုဆိုင်ရာ event၊ မိုးအေးအေးမှာနွေးထွေးသွားစေမယ့်ရှမ်းမြောက်ဟော့ပေါ့တို့အပြင် တခြားစိတ်ဝင်စားစရာ activity တွေပါဝင်ပါတယ်။
ဒုတိယအကြိမ်မြောက် Gadgets Expo 2023
ဒုတိယအကြိမ်မြောက် Gadgets Expo 2023 ပွဲကြီးမှာ Brands ပေါင်း (၂၇) မျိုးကို လျှော့ဈေးတွေနဲ့ ရောင်းချပေးမယ့်အပြင် စက်တင်ဘာ (၂၆) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ (၅) ရက်လုံးလုံး သတ်မှတ်ပစ္စည်းတွေကို Clearance Sale အနေနဲ့ UP TO 80% OFF ထပ်ဆောင်းရောင်းချပေးသွားဦးမယ်လို့သိရပါတယ်။
Junction City Main Atrium Level 2
9 am – 8 pm | 26-30 Sep
ရှမ်းရိုးရာပရီမီယံ ရှမ်းမြောက်ဟော့ပေါ့
ပူပူနွေးနွေးနှင့် ကိုယ်ခံအားကောင်းစေမယ့် ရှမ်းရိုးရာပရီမီယံ ရှမ်းမြောက်ဟော့ပေါ့ကတော့မိုးတွင်းနဲ့လိုက်ဖက်တဲ့အစားအစာပါ။ ဝက်နံရိုး၊ ကြက်သား၊ သုံးထပ်သားလွှာ၊ Homemade အသားလုံး၊ ကြက်စအုကြော်၊ ပုဇွန်၊ ကြက်ဥလိပ်၊ ငုံးဥ တို့ပါဝင်ပြီးတော့၊ အသီးအရွက်အနေနဲ့ ရွှေပဲရွက်၊ တာအိုရွက်၊ စမုန်စပါး၊ မုန်ညှင်း၊ ပိန်းဥ တို့ပါဝင်ပါတယ်။ ဝက်သားမစားသူဆိုရင် ကြက်သား နဲ့ ပင်လယ်စာအိုးတို့ကိုမှာယူနိုင်ပါတယ်။ Dine in ရော Delivery အတွက်ပါ ဆိုင်ကိုအနည်းဆုံး ၂ နာရီ ဖုန်းဆက်မှာဖို့တော့လိုတယ်နော်။
ရန်ကင်းဆိုင်ခွဲ
ဟော့ပေါ့ အိုးသေး + ချဉ်စော်ခါးသီးဖျော်ရည် 2ခွက် (60,000)ကျပ်
ဟော့ပေါ့အိုးကြီး +ချဉ်စော်ခါးသီးဖျော်ရည် 4ခွက် (80,000)ကျပ်
မနော်ဟရီဆိုင်ခွဲ
ဟော့ပေါ့ အိုးသေး+ချဉ်စော်ခါးသီး(လာသူအရေအတွက်အရ)+အော်ဇွန်းသုပ်+တိုးဟူးခြောက်ကြော် (80,000)ကျပ်
ဟော့ပေါ့အိုးကြီး+ချဉ်စော်ခါးသီး(လာသူအရေအတွက်အရ)+ အော်ဇွန်းသုပ်+တို့ဟူးခြောက်ကြော် (100,000)ကျပ်
Manaw Hari Branch
No 54, Manaw Hari St, Between Taw Win Rd & Kayalpin St, Dagon Tsp, Yangon
09 255166655, 09 250566695
6 am – 10 pm
Yankin Branch
No 7, Aung Zeya Road & Min Ye Kyaw Swar St, Kyauk Kone, Yankin Tsp, Yangon
09 255166605, 09 255166604
7 am – 10 pm
House of Booboo ရဲ့ Booboo Bazaar
House of Booboo ရဲ့ဒုတိယအကြိမ်ဈေးပွဲတော် The Booboo Bazaar Chapter 2 မှာ လက်မှုပစ္စည်းလေးတွေအပြင် အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်လိုအပ်တဲ့ treat နဲ့ accessory တွေကိုပါဝယ်ယူနိုင်မှာဖြစ်ပါတယ်။
No 118, Insein Main Road, Near Thukha Gate, Hlaing Township, Yangon
10 am – 6 pm | 30 Sep – 1 Oct
09 781 927 728
Counselling Corner ရဲ့ therapy session
Counselling Corner ရဲ့ Self-discovery journey workshop မှာ ငယ်ဘဝထဲက စိတ်ထဲမှာအမြဲရှိနေတဲ့ခံစားချက်တွေကို စနစ်တကျစီစဉ်ထားတဲ့ လေ့ကျင့်ခန်းတွေ အစီအစဉ်တွေကနေတဆင့် ထုတ်ပြောကြမယ်။
Workshop အတွင်း ရလာတဲ့ခံစားချက်တွေကို Counsellor နဲ့အတူ ဆွေးနွေးရင်း အားပေးကြရင်း ဒဏ်ရာတွေသက်သာသွားစေဖို့ ကြိုးစားကြမယ်။ ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်မှာဖြစ်လို့ စိတ်ချလက်ချ မျှဝေပေးနိုင်သလို၊ မိမိအဆင်ပြေတဲ့ထိပဲမျှဝေလို့လည်းရပါတယ်။ တဦးကို ကျပ် ၁၀၀၀၀ ကျသင့်မှာဖြစ်ပြီး အောက်ပါလင့်ကနေတဆင့်စာရင်းပေးနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSciii9T_pToeklNOogXtwxta4SHA26wmQR6wHm9LHRoyIRjog/viewform?fbclid=IwAR0_HNFJUrPeGM68qH0chfuGBd_J_57zNHEPR3gh0DS6njZ3tG8zYVJfS4I
No 5/9, 1st Floor, Bogalay Zay Street (Lower Block), Botahtaung Township, Yangon
9:30 am – 12:30 pm | 30 September
09 784 509916
Doh Eain ရဲ့ရန်ကုန်အမွေအနှစ်နေ့ရက်များ
ရန်ကုန်အမွေအနှစ်နေ့ရက်များ ဆိုတဲ့အစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့ အမွေအနှစ်အဆောက်အအုံတွေနဲ့ ရှင်သန်ဆဲ ယဉ်ကျေးမှု အမွေအနှစ်တွေအကြောင်းကိုဖော်ထုတ်ဖို့ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်မှာသင်ကိုယ်တိုင်ပါဝင်နိုင်မှာဖြစ်ပြီး သင့်ရဲ့ မိသားစု ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်က ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ အမွေအနှစ် အဆောက်အအုံတွေ၊ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မုန့်ဆိုင်တွေနဲ့ အခြားပျောက်ကွယ်လုနီး ယဉ်ကျေးမှုထုံးတမ်းဓလေ့တွေ အကြောင်းကို ဒီအစီအစဉ်မှာပါဝင်ပြီး ဝေမျှပေးလို့ရပါတယ်။ မိမိဝေမျှလိုတဲ့အကြောင်းအရာတွေကို မကြာခင်တင်ဆက်မယ့် ပို့စ်တွေရဲ့ ကောမန့်မှာဖြစ်ဖြစ် ဒါမှမဟုတ် #yangonheritagestories ကိုအသုံးပြုပြီးတော့လည်း ကိုယ်ပိုင်ပို့စ်အနေနဲ့ဖြစ်ဖြစ် တင်နိုင်ပါတယ်။