ဒီအပတ်မှာလည်းအပျင်းလည်းပြေ ပျော်စရာလည်းကောင်းမယ့် event လေးတွေကိုဖော်ပြပေးထားပါတယ်။
TTArtisan ရဲ့ဓာတ်ပုံပြပွဲ
TTArtisan ရဲ့ Photography Exhibition ကို အောက်တိုဘာလ ၂၀ရက်နေ့မှ၂၄ရက်နေ့အထိ Times City Complex, Jewellery Mall 3rd floor မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ TT Artisan Lenses Users တွေ ရဲ့ ဓာတ်ပုံလက်ရာတွေကို ပြသသွားမှာဖြစ်ပြီး TTArtisan lens တွေကိုလည်း discount နဲ့ဝယ်ယူူနိုင်မှာပါ။
Times City Jewellery Mall, 3rd Floor, Yangon
10 am – 5 pm | 20-24 October
Edulink ရဲ့ edutainment event
Edulink ကကျင်းပတဲ့ English Funstival မှာဆိုရင်အင်္ဂလိပ်စာအရည်အသွေးကိုစစ်ဆေးနိုင်မယ့် placement test၊ education consultant တွေနဲ့ဆွေးနွေးခွင့်တွေအပြင် စိတ်ဝင်စားစရာ game activity တွေလည်းပါဝင်ပါတယ်။ အင်္ဂလိပ်စာလေ့လာနေသူတွေအတွက်တော့ ပညာလည်းရ ပျော်စရာလည်းကောင်းမယ့် event ပါ။
Food Square, Second Foor, Junction Square, Kamaryut Township, Yangon
9 am – 5 pm | 22 October
Rock in Yangon ဖျော်ဖြေပွဲ
နာမည်ကြီး Rock တေးသံရှင်တွေရဲ့ အမိုက်စားသီဆိုမှုတွေကို စီးမျောခံစားရမယ့် “Rock in Yangon” ဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့ရဲ့ Hexagon Complex မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်တွေက ၂၅၀၀၀ ကနေစပါတယ်။
Hexagon Complex, East Horse Race Course Road, Yangon
5 pm – 10 pm | 21 October
09 2588 35886
Pann Chan Cafe ရဲ့ painting workshop
T-shirt တွေပေါ်မှာ ကိုယ့်စိတ်ကြိုက် Halloween Theme လေးတွေနဲ့ Customized Design ပန်းချီဆွဲပြီးဝတ်ချင်သူတွေအတွက် F&R Studio က Workshop ရှိပါတယ်။ Art Instructor ကိုယ်တိုင် အတူတူကူဆွဲပေး ပြပေးမှာဖြစ်လို့ ပန်းချီအခြေခံမရှိလည်း စိတ်ပူစရာမလိုဘူးနော်။
French Institute, No 340, Pyay Road, Sanchaung Township, Yangon
Ks40,000 per person (including a cocktail)
2 pm – 5 pm | 21 October
Feast you can’t miss Novotel ရဲ့ပင်လယ်စာဘူဖေး
တဦးကို ၃၅ဒေါ်လာနဲ့ ပင်လယ်စာတွေကိုအဝသုံးဆောင်လိုက်ပါ။ ၁၇ဒေါ်လာထပ်ဆောင်းပေးရင် red wine, white wine နဲ့ cocktail တွေကို free flow သုံဆောင်ခွင့်ရဦးမှာဖြစ်ပါတယ်။
No 459, Pyay Road, Kamayut Township, Yangon
12 pm – 3 pm (Every Sunday)