Advertisement

သီတင်းကျွတ်လပြည့်နေ့ဆုတောင်း

ပိတ်ရက်မှာဘုရားသွားကုသိုလ်ယူကြမယ့်သူတွေအတွက် အောက်တိုဘာ ၂၉ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ညနေ ၅နာရီခွဲကစပြီး ဗိုလ်တထောင်ဘုရားမှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲရှိတယ်လို့သိရပါတယ်။ သီတင်းကျွတ်ပိတ်ရက်မှာမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကျန်းမာချမ်းသာဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဟောလိုးဝင်းပွဲနဲ့လည်းတိုက်ဆိုင်နေတာမို့ဒီပိတ်ရက်ရန်ကုန်မှာရှိမယ့် party နဲ့ event တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

One Piece ပုံစံအခင်းအကျင်းနဲ့ကျင်းပမယ့် FUSE ရဲ့ ဟောလိုးဝင်းပါတီ

One Piece anime ထဲကကိုယ့်စိတ်ကြိုက်ဇာတ်ကောင်အတိုင်းဝတ်သွားရမယ့် Halloween ပါတီပါ။ အကောင်းဆုံးဝတ်လာနိုင်တဲ့သူတွေအတွက်ဆုတွေလည်းပေးသွားဦးမယ်လို့သိရပါတယ်။ Costume Day က ၂၇နဲ့ ၂၈ ရက်နေ့မှာကျင်းပမှာပါ။

FUSE, 4th floor, Myanmar Plaza 1 Sat Mhu Road, Yangon
4:30 pm onwards | 27-29 October

Sinister Nun အခင်းအကျင်းနဲ့ Melia ကဟောလိုးဝင်းညစာဘူဖေး

Melia Yangon ရဲ့ Market Restaurant မှာ The Nun ထဲက atmosphere းအပြင်အဆင်တွေနဲ့ ဧည့်ခံသွားမယ့်ဘူဖေးညစာပါ။ Modern Yesterday Music Band ကလည်းတေးသီချင်းတွေနဲ့ဖျော်ဖြေသွားဦးမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ တဦးကို ၂၅ဒေါ်လာဖြစ်ပြီး ၁၅ဒေါ်လာထပ်ပေးရင် wine နဲ့ cocktail package ကိုအဝသုံးဆောင်နိုင်ပါတယ်။

No 192, Kaba Aye Pagoda Road, Bahan Township, Yangon
5:30 pm – 9:30 pm | 31 October
09 940 407 700, 01 934 5000

American Club Rangoon ရဲ့ Trick or Treat Event

American Club Rangoon မှာကလေးတွေကို Trick or Treat လုပ်ခွင့်ပေးနိုင်မယ့်ပွဲလေးပါ။ ကလေးတယောက်အတွက်လက်မှတ်တစောင် ၂၈၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး Trick or Treat လုပ်လို့ရတဲ့နေရာ ၂၅ခုရှိပါတယ်။ မိဘနဲ့အုပ်ထိန်းသူတွေကတော့ဝင်ကြေးပေးစရာမလိုပါဘူး။ လက်မှတ်တွေကိုအောက်ပါလင့်ကနေဝယ်ယူနိုင်ပါတယ်။
https://www.facebook.com/monumentbooksntoys

No 27, Malikha Street, Parami Road Mayangone Township, Yangon
3 pm – 6:30 pm | 28 October
09750104027, 09961150044

Chindwin Pet Resort ရဲ့ ဟောလိုးဝင်းပါတီ

ဒီကတော့အာဝုလေးတွေ မိညှောင်လေးတွေနဲ့အတူတူသွားလို့ရမယ့်ပါတီပါ။ ကစားကွင်းဝင်ကြေးအခမဲ့ဖြစ်ပြီး pet လေးတွေရဲ့မျက်နှာနဲ့လက်ဖဝါးခြေဖဝါးလေးတွေကိုလည်းအခမဲ့ဆေးကြောပေးမယ်လို့သိရပါတယ်။

No 60, Chindwin Street, Windermere, Kamayut Township, Yangon
4 pm – 6 pm | 30 October

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here