Advertisement

Atlas Grand Opening Concert

ဧည့်သည်တွေအတွက် အထူးစီစဉ်ပေးထားတဲ့ VIP, VVIP Ticket တွေနဲ့ Walk – in Ticket တွေလည်း ရှိနေပြီး Grand Opening ကိုပျော်ရွှင်မြူးထူးစေမယ့် Ar-T နဲ့ DJ Eric တို့ရဲ့ ဖျော်ဖြေမှုတွေကိုလည်း တစ်လှည့်စီ ခံစားနိုင်ဦးမှာပါ။ Grand Opening အတွက် Atlas ရဲ့ ပျော်စရာအစီအစဉ်တွေထဲမှာ Lucky Draw အစီအစဉ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

No 84, Pann Hlaing Street, Yangon | 6 pm till late | 2 Nov | 09 975 875 329

Central Boulevard Tazaungdaing Market

𝗛𝗲𝗹𝗹𝗼 𝗧𝗮𝘇𝗮𝘂𝗻𝗴𝗱𝗮𝗶𝗻𝗴 ပွဲလေးကို လာမယ့် 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 𝟭, 𝟮, 𝟯 ရက်နေ့တွေမှာ 𝗧𝗵𝗲 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗕𝗼𝘂𝗹𝗲𝘃𝗮𝗿𝗱 မှာ အင်းယားကန်က တိုက်ခတ်လာတဲ့ လေအေးအေးလေးတွေကို ခံစားရင်း ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ တန်ဆောင်တိုင်ပွဲခင်းကြီးထဲရောက်သွားသလို အပြည့်အဝခံစားရစေမှာဖြစ်ပါတယ်။ အစားအသောက်၊ အလှအပနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေစုံလင်အောင် ပါဝင်ရောင်းချပေးမှာလို့သိရပါတယ်။

The Central Boulevard | 12 – 9 pm | 1-3 Nov

AIA SCSC Triathlon

StarCity Sports Club မှာ AIA SCSC Triathlon ကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပါဝင်သူတိုင်း သင့်တော်စေဖို့အတွက် ပြိုင်ပွဲဝင်သူများရဲ့ အတွေ့အကြုံအလိုက် အမျိုးအစားများကိုလည်း ခွဲထားပေးပါတယ်။ ဒါကြောင့် ပြိုင်ပွဲအတွေ့အကြုံ ရှိပြီးသူရော၊ မရှိသေးသူများအတွက်ပါ သင့်တော်မှာမို့ အားလုံးပါဝင်နိုင်ပါတယ်။

StarCity Sports Club | 5 am onwards | 3 Nov | 09 777 377 555

Awei Metta’s FLAIREရဲ့ Supernovaညစာစားပွဲ

Awei Metta’s FLAIREရဲ့ နိုဝင်ဘာ၁ရက်နေ့ Supernovaညစာစားပွဲမှာ ချစ်ခင်ရတဲ့မိသားစု သူငယ်ချင်းမိတ်ဆွေများနှင့်အတူ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်များသုံးဆောင်ရင်း ပျော်ရွင်စရာအခိုက်တန့်တွေ ပိုင်ဆိုင်နိုင်ဖို့ Supernova ညစာကို တစ်ယောက်လျှင်၁၈၀,၀၀၀ကျပ်ဖြင့် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ၂ရက်နေ့မှာလည်း FLAIREရဲ့အကောင်းဆုံး ဟင်းလျာများစုစည်းထားတဲ့ Supernovaနေ့လည်စာစားပွဲမှာ အရေးကြီးဆုံးသူတွေနဲ့ မြတ်နိုးရတဲ့ အမှတ်ရစရာတွေကို ဖန်တီးနိုင်ဖို့ တစ်ယောက်လျှင် ၁၂၀,၀၀၀ကျပ်ဖြင့် မတူကွဲပြားတဲ့ အရသာမျိုးစုံကိုသုံးဆောင်နိုင်ဦးမှာဖြစ်ပါတယ်။

FLAIRE Restaurant, Awei Metta
09 25 888 2020, 09 25 888 7070

Sponsored: ပိတ်ရက်ရှည်မှာ Oway Travel နဲ့အတူ ခရီးထွက်ရအောင်

ပြည်တွင်းခရီးစဉ်တွေသာမကဘဲ ပြည်ပခရီးစဉ်တွေကိုပါ လွယ်ကူချောမွေ့စွာ သွားနိုင်အောင် Oway Travel ကလေကြောင်းလိုင်းကနေ ဟိုတယ်ဘွတ်ကင်အထိ စီစဉ်ပေးနေပါပြီ။ သင်သွားချင်တဲ့ခရီးစဉ်တွေအကြောင်း Oway Travel app သို့မဟုတ် OwayTravel.com ကနေ အခုပဲရှာဖွေလိုက်ပါ။ https://www.facebook.com/oway.com.mm ကနေ နေ့စဉ် update တွေဖတ်ရှုနိုင်သလို 019552211 ကိုဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here