Advertisement

SEEDS Restaurant and Lounge ရဲ့ Pink Sunday

SEEDS Restaurant and Lounge ရဲ့ Pink Sunday လေးက Rose Cocktails နဲ့ Rose Wine တွေကို စိတ်တိုင်းကျခံစားနိုင်မယ့် ပျော်စရာနေ့ရက်လေးကို ကိုယ်စားပြုပါတယ်။ ညနေခင်းအချိန်လေးမှာ နေဝင်ချိန်ကို ကြည့်ရင်း SEEDS ရဲ့ ကိုယ်ပိုင်ဟန်နဲ့ဖန်တီးထားတဲ့ canapés, Magic Food Bowls, homemade sweets တွေနဲ့အတူ Rosy Pink Sunday ကို ဖြတ်သန်းနိုင်ပါပြီ။

No 63A, U Tun Nyein Street, Ward 10, Mayangone Township, Yangon
5 to 7 pm | 10 November
09 972 784 841
US$28/person

သူမလက်ရာ ရဲ့ Creators’ Fair

Community Partners International – CPI နှင့် Community Partners Myanmar – CPM တို့ရဲ့ စီစဉ်မှုနဲ့ SheCreates သူမလက်ရာ ရဲ့ Creators’ Fair ကို Kokkoya Organic Farm မှာ စိတ်ကူးအသစ်နဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လာရောက်သူများကိုယ်တိုင် သူမလက်ရာရဲ့ ဖန်တီးသူများရဲ့ Creative workshop တွေမှာ ပါဝင်ရင်း ကိုယ်တိုင် ဖန်တီးသူဖြစ်ခွင့်ရမှာပါ။ SheCreates သူမလက်ရာ ရဲ့ ဖန်တီးသူများရဲ့ ဖန်တီးမှုအသစ်များကို တွေ့မြင်ခံစားရမယ့် ဈေးတန်းလေးလည်း ရှိမှာဖြစ်ပါတယ်။

Kokkoya Organics
9 am 5 pm | 10 November

လူငယ် အန်ဒါဂရောင်းဂီတအဖွဲ့တွေရဲ့ ပန့်ခ်နဲ့ ရော့ခ်ဂီတ ညနေခင်း

ပွင့်လင်းရာသီ ညနေခင်းမှာ ရန်ကုန်မြို့ အခြေစိုက် လူငယ် အန်ဒါဂရောင်းဂီတအဖွဲ့တွေရဲ့ ပန့်ခ်နဲ့ ရော့ခ်ဂီတ ညနေခင်းတစ်ရပ်ကို ပြင်သစ်ယဉ်ကျေးမှုဌာနက ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ Rebel Riot တို့ တင်ဆက်တာဖြစ်ပြီး လူငယ်ဂီတသမားတွေရဲ့ အနုပညာ ဖန်တီးမှုတွေ ထုတ်ဖော်ပြသနိုင်ဖို့၊ ရန်ကုန် အန်ဒါဂရောင်း ဂီတယဉ်ကျေးမှုရပ်ဝန်း ပိုမို ကျယ်ပြန့်အားကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။

Institut français de Birmanie (IFB)
4 – 9 pm | 9 November
09 406 596 611
017 – 537 122

RENÉ Mattias ရဲ့ Official Menswear Launch

RENÉ Mattias ရဲ့ Official Menswear Launch ၊ Game အစီအစဉ်နဲ့ လက်ဆောင်တွေ၊ Talk Show တွေပါဝင်တဲ့ Season Of Love Event ပွဲကြီးကို November 8 ရက်နေ့ Myanmar Plaza Promotion Area မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ရှိန်းတင်ထူး၊ မေဂရေ့စ်၊ ခီရာ တို့ တက်ရောက် ပါဝင်သွားမှာဖြစ်ပြီး နာမည်ကျော် Fashion Stylist J Fish ရဲ့ ယုံကြည်မှုရှိရှိပေါင်းစပ်မှုတွေကို မြင်တွေ့ရမှာပါ။

Promotion Area, Myanmar Plaza
4 – 8 pm | 8 November

FOCUS 01: the Last Masterpiece ပြပွဲ

Artis – Hood နဲ့ Scholastic International School Myanmar- SISM တို့ပေါင်းပြီးပြုလုပ်မယ့် FOCUS 01: the Last Masterpiece ပြပွဲရဲ့ အဓိကအဓိပ္ပာယ်ကတော့ သင်သာ နောက်ဆုံးအနေနဲ့စကားတစ်ခွန်းပြောခဲ့ရမယ်ဆိုရင် ဘာပြောခဲ့ချင်လဲ ဆိုတာပါပဲ။ Artist တွေကလည်း ကိုယ်သာ နောက်ဆုံးအနေနဲ့ ဖန်တီးရတော့မယ်ဆိုရင် ဘယ်လို အနုပညာ လက်ရာမျိုးကို ဖန်တီးဖြစ်မလဲဆိုတဲ့မေးခွန်းအပေါ် react လုပ်မယ့် အနုပညာတွေကို ခံစားရပါလိမ့်မယ်။

The Central Boulevard
10 am – 9 pm | 9-10 November

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here