နိုင်ငံခြားသားတွေ အံ့အားသင့်ရတဲ့ မြန်မာပြည်ရဲ့ ဓလေ့ထုံးစံများ
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဟာ တိုင်းတပါးသားတွေအတွက် အထူးအဆန်း ဖြစ်နေတတ်ပါတယ်။ တစ်နိုင်ငံတည်းမှာကို နေရာဒေသပေါ်မူတည်ပြီး ကွဲပြားတဲ့ ဓလေ့ထုံးစံတွေ ရှိတတ်ပါသေးတယ်။ ကျွန်တော်တို့မြန်မာတွေအတွက် တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအချို့ဟာလည်း အံ့ဩစရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါက သဘာဝပါပဲ။ ဒီနေ့မှာတော့ နိုင်ငံခြားသားတွေအတွက် ထူးဆန်းနေတဲ့ မြန်မာပြည်ရဲ့ အကြောင်းအရာ တချို့ကို...
သင်မသိသေးတဲ့ လာအိုနိုင်ငံအကြောင်း
မြန်မာ့သမိုင်းမှာ လင်ဇင်းကို စစ်ချီတဲ့အကြောင်းတွေ ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ဆင်အကောင်ရေ သန်းပေါင်းများစွာ မှီတင်းရာမြေလို့ အဓိပ္ပါယ်ရတဲ့ လင်ဇင်းဟာ အခြားတော့ မဟုတ်ပါဘူး။ ရှေးခေတ်လာအိုနိုင်ငံပါပဲ။ ၁၃၅၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ် လေးခုစာ တည်တံ့ခဲ့တဲ့ လင်းဇင်းပြည်ဟာလည်း ရာဇပလ္လင်လုပွဲတွေကြောင့် သုံးခြမ်းကွဲသွားခဲ့ဖူးပါတယ်။ ကာလရှည် အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ သစ္စာခံ နိုင်ငံအဖြစ်သာ...
လိမ္မော်သီးအကြောင်း သိကောင်းစရာများ
ဗီတာမင်စီဓါတ် ကြွယ်ဝစွာပါဝင်နေတဲ့ လိမ္မော်သီးဟာ ရှောက်သံပုရာနွယ်ဝင် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပျားလိမ္မော်၊ ရွှေလိမ္မော်နဲ့ ရိုးရိုးလိမ္မော်တို့ကို အများဆုံးစားသုံးကြပါတယ်။ ရိုးရိုးလိမ္မော်က လိမ္မော်မျိုးရင်း အစစ်မဟုတ်ပါ။ ပျားလိမ္မော်နဲ့ ရှောက်ခါးသီးကို မျိုးစပ်ထားခြင်းသာ ဖြစ်ပါတယ်။ လိမ္မော်သီး အများဆုံးစိုက်ပျိုးတဲ့ ဒေသဟာ ဘရာဇီးဖြစ်နေပေမယ့် နဂိုမူလထွက်ရှိရာ ဒေသကတော့ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာပြည်တို့ရှိရာ...
ကံကောင်းစေဖို့အာရှတိုက်သားတွေရဲ့အဆောင်ယတြာ ၉မျိုး
အာရှတိုက်သားတွေဟာကံကိုယုံကြည်ကြတဲ့အတွက် ကံကောင်းဖို့ လာဘ်ကောင်းဖို့အတွက်ယတြာအစီအရင် အမျိုးမျိုးလုပ်တတ်ကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်းကံပွင့်ဖို့ပုတီးစိပ်တဲ့သူတွေ၊ နတ်ကိုးကွယ်တဲ့သူတွေရှိသလို စေတနာကောင်းရင်ကံကောင်းမယ်လို့ပဲယုံကြည်သူတွေလည်းရှိတယ်။ ဒီဆောင်းပါးမှာအာရှတိုက်သားတွေစီရင်လေ့ရှိတဲ့ယတြာနဲ့ အဆောင် ၉မျိုးကိုဖော်ပြလိုက်ပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမို့ဝေဖန်ကဲ့ရဲ့နေမယ့်အစားမတူကွဲပြားတဲ့ယုံကြည်မှုတွေကိုလေ့လာရင်း ဗဟုသုတဖြစ်စေဖို့ရည်ရွယ်ပါတယ်။ ဂျပန်ပစ်တိုင်းထောင် လာဘ်ခေါ်ရုပ်လေးတွေထဲမှာအထင်ရှားဆုံးကတော့ ဂျပန်လူမျိုးတွေရဲ့ Daruma Doll ဖြစ်ပါတယ်။ ကျနော်တို့ဆီကပစ်တိုင်းထောင်ရုပ်လေးတွေနဲ့ပုံစံတူပေမယ့် ဆေးခြယ်ပုံကတော့ကွာပါတယ်။နှစ်တနှစ်ရဲ့အစမှာဂျပန်လူမျိုးတွေဟာဘုရားကျောင်းတွေက Daruma ကိုဝယ်ယူပြီး နှစ်သစ်အတွက်ဆုတခုတောင်းလေ့ရှိတယ်။ ဆုတောင်းပြီးသွားရင် Daruma ရဲ့ဘယ်ဘက်မျက်လုံးနေရာမှာ ဆေးခြယ်ရပါတယ်။ ဆုတောင်းပြည့်သွားတဲ့အခါမှာတော့ညာဘက်မျက်လုံးကိုဆေးခြယ်ပြီး ကိုယ်ဝယ်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သွားပေးရတယ်။ ဆုတောင်းဖြည့်ပေးတဲ့အတွက် Daruma...
အုန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
အပူပိုင်းဒေသတွေမှာ အုန်းသီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးလာခဲ့ကြတာဟာ နှစ်ပေါင်း ၅ထောင်နီးပါး ရှိခဲ့ပါပြီ။ အုန်းသီးဟာ အားကစားသမားတွေအတွက် အထူးကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံး၊ ကျောက်ကပ်နဲ့ ဆီးအိတ် ကျန်းမာရေးတွေကိုလည်း ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုပြီး အရွယ်တင် နုပျိုစေပါတယ်။ အုန်းသီးမှာ အခြားကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲက အဓိကအချက်...
ရေခဲသေတ္တာထဲကမြွေ
ရေခဲသေတ္တာထဲမှာမြွေရှိတယ်လို့ဇနီးဖြစ်သူကပြောတော့ Steve Wilson အနေနဲ့စိုးရိမ်စိတ်မဖြစ်မိပါဘူး။ သူနဲ့သူ့သူငယ်ချင်းတွေဟာရေခဲသေတ္တာထဲရောက်နေတဲ့မြွေအကြောင်းသိပ်သိချင်နေကြတယ်လေလို့ Wilson ရဲ့ဇနီး Julie Foote ကပြောပါတယ်။ ရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မြွေအသေကောင်လေးကို သူတို့က Mud လို့နာမည်ပေးထားပါတယ်။ Mud ဟာရွှံလူးမြွေလေးဖြစ်ပြီးရှားပါးတဲ့မြွေအမျိုးအစားဖြစ်တာကြောင့်သူ့အလောင်းကိုအအေးခံပြီး အမေရိကကပညာရှင်တွေဆီပေးပို့စမ်းသပ်ဖို့စီစဉ်နေပါတယ်။ Mud ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမြောက်ဒဂုံမှာရှိတဲ့ခွေးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုနေဇွဲရဲ့ခြံထဲရောက်လာခဲ့ပါတယ်။ Mud ရောက်နေတာကိုအရင်ဆုံးသတိထားမိခဲ့သူကတော့ ကိုနေဇွဲမွေးထားတဲ့ခွေးတွေပါ။ ခွေးဟောင်သံကြားလို့ထွက်ကြည့်တဲ့အခါမှာ Mud ကိုတွေ့ရတာပဲ။ တမြန်နေ့ကပဲခြံထဲကိုမြွေဟောက်ကြီးတကောင်ရောက်လာသေးတာမို့ ကိုနေဇွဲဟာဒီအတွေ့အကြုံနဲ့သိပ်တော့မစိမ်းလှဘူး။ ၆...
အမျိုးသားနေ့ တို့မမေ့
(အမျိုးသားနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်) နှစ်စဥ်အလေးအမြတ်ထား ကျင်းပလာတဲ့ အမျိုးသားနေ့ဟာ ဒီနှစ်ဆိုရင် နှစ် ၁၀၀ ပြည့်ပြီဖြစ်ပါတယ်။ အမျိုးသားနေ့ နှစ် ၁၀၀ ပြည့်နဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားတွေ တိုက်ဆိုင်နေတာ ထူးခြားလှပါတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ်...
ကိုဗစ်ကင်းစင် ကမ္ဘာတစ်ခွင် ဖြစ်တော့မှာလား..
လူသားတိုင်း တောင့်တနေတဲ့ ကိုဗစ်ကာကွယ် ဆေးရဖို့ လက်တစ်ကမ်း အလိုရောက်နေပါပြီ။ ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးစားလာတာ ခုဆိုရင် တစ်နှစ်နီးပါးရှိပါတယ်။ ဆေးကုမ္ပဏီတွေကလည်း အပြိုင်အဆိုင်ထုတ်လုပ်နေလို့ ၉၅ ရာခိုင်နှုန်းအထိ အောင်မြင်တဲ့ဆေးတွေရှိလာပါတယ်။ မကြာခင်ရရှိမယ့် ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို တင်ပြလိုက်ပါတယ်။ ဆေးကုမ္ပဏီတွေ၊ ဆေးသုတေသနလုပ်ငန်းတွေ အားလုံး ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးစားနေတာ ခုဆိုရင် နောက်ဆုံးအဆင့် Phase III...
ဂျပန်တွေ ဘာကြောင့် ဉာဏ်ကောင်းတာလဲ
လူကြီးတွေ ငယ်ငယ်တုန်းက ပြောဖူးတယ်..။ ဂျပန်တွေ ဉာဏ်ကောင်းတာ ပင်လယ်ငါးစားလို့တဲ့..အတိအကျမသိသေးတဲ့ အရွယ်ဆိုတော့ လက်ခံရတာပေါ့။ တီထွင်မှုအများစုလုပ်သူတွေက ဂျပန်နိုင်ငံသားတွေ ဖြစ်နေတော့ လေးစား အားကျတာပေါ့။ တကယ်တန်းလေ့လာကြည့်တဲ့အခါ ဂျပန်တွေ မွေးကတည်းက ဉာဏ်ကောင်းခဲ့တာတော့ မဟုတ်ပါဘူး။ ဉာဏ်ကောင်းအောင် လေ့ကျင့်ယူခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပြာပုံအတိဖြစ်နေတဲ့ နိုင်ငံကို နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံ ပြန်ဖြစ်အောင်လုပ်နိုင်တာ နည်းတဲ့စွမ်းရည်မဟုတ်ပါဘူး။ ဂျပန်တွေက...
မြန်မာ့အဖိုးတန် ရုပ်သေးသဘင်ပညာ
ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန်အနုပညာအဖြစ် တင်စားကြသည်။ ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ မြန်မာ့ရုပ်သေးသည် ကမ္ဘာ့ရုပ်သေးအမျိုးအစားများထဲတွင် တစ်ခုအပါဖြစ်သည်။ မြန်မာ့ရုပ်သေးကို အင်္ဂလိပ်အမည်ဖြင့်...