အမျိုးသားနေ့ တို့မမေ့
(အမျိုးသားနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်) နှစ်စဥ်အလေးအမြတ်ထား ကျင်းပလာတဲ့ အမျိုးသားနေ့ဟာ ဒီနှစ်ဆိုရင် နှစ် ၁၀၀ ပြည့်ပြီဖြစ်ပါတယ်။ အမျိုးသားနေ့ နှစ် ၁၀၀ ပြည့်နဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားတွေ တိုက်ဆိုင်နေတာ ထူးခြားလှပါတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ်...
မြန်မာနိုင်ငံရောက်ရုက္ခမုဆိုးများ
ဗြိတိန်နိုင်ငံကျေးလတ်ဥယျာဉ်များဆီသွားရောက်လည်ပတ်ကြည့်ရင် အဖြူရောင်လီလီပန်းများ၊ ခရမ်းရောင်သစ်ခွများ၊ ပန်းနုရောင်တောင်ဇလပ်များကို နေရာအနှံ့တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်ဒီပန်းတွေဟာဗြိတိန်နိုင်ငံမျိုးရင်းမဟုတ်ဘူးဆိုတာသင်သိပါသလား။ ဒီပန်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အပူအအေးမျှတတဲ့တောအုပ်တွေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကစိုက်ခင်းတွေနဲ့ ဟိမဝန္တာတောင်ခြေဒေသတွေမှာပေါက်ရောက်တဲ့အပင်တွေပါ။ သူတို့ဟာဗြိတိသျှကိုလိုနီစနစ်ထွန်းကားခဲ့စဉ်က ရုက္ခမုဆိုးတွေနဲ့အတူ မိုင် ၆၀၀၀ခရီးကိုဖြတ်ကျော်ပြီး ဗြိတိန်ကျွန်းဆီရောက်လာတာဖြစ်ပါတယ်။ ၁၈ရာစုနှစ်ကတည်းက ဗြိတိသျှရုက္ခဗေဒပညာရှင်တွေဟာ စစ်တပ်နဲ့အတူမြန်မာနိုင်ငံကိုရောက်လာပြီး ပန်းပင်တွေကိုအမြတ်တနိုးစုဆောင်းလေ့ရှိပါတယ်။ အင်ပါယာချဲ့ထွင်ခြင်းနဲ့ အပင်စုဆောင်းခြင်းဟာ အပ်နှင့်အပ်ချည်လိုပါပဲ။ စကော့လူမျိုးဆရာဝန်နဲ့ ရုက္ခဗေဒပညာရှင် Dr. Francis Buchanan ဟာဗြိတိသျှသံတမန် Michael Symes...
ရှာဖွေဖွေ ထူးထူးဆန်းဆန်း
ဒီတစ်ပတ်ပိတ်ရက်အတွက်တော့ သတင်း၊ ဆောင်းပါးတွေနဲ့ ကွဲပြားတဲ့ရသတစ်မျိုးကို စာဖတ်သူတွေပြောင်းလဲခံစားရစေဖို့ ကမ္ဘာတစ်လွှားကထူးဆန်းထွေလာအချက်အလက်တချို့ကို ရှာဖွေစုစည်းဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေ သိထားပြီးအချက်အလက်တချို့ပါကောင်းပါနေနိုင်ပေမဲ့ တချို့အချက်ေတွကတော့ လူသိနည်းတဲ့အကြောင်းတွေဖြစ်ေနနိုင်ေသးတာေကြာင့် ဖတ်ရှုလေ့လာကြည့်လိုက်ပါဦး။ အချက်အလက်တွေကို သက်ဆိုင်ရာပုံနဲ့ တွဲဖက်ဖော်ပြပေးထားလို့ ပုံတစ်ပုံချင်းစီမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။ ဟန်ဂေရီဆေးသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Ignaz Philipp Semmelweis ဟာ လက်ဆေးခြင်းအေလ့အကျင့်က ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ်ေပးနိုင်ကြောင်းကို စတင်ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ စစချင်းမှာ...
“ကမ္ဘာမကြေ” ၏ရာဇဝင်
မြန်မာနိုင်ငံမှာလူတိုင်းလိုလိုနိုင်ငံတော်သီချင်းကိုဆိုဖူး ကြားဖူးကြပေမယ့် သူ့ရဲ့နောက်ခံရာဇဝင်ကိုတော့ သိတဲ့သူတော်တော်ရှားပါလိမ့်မယ်။ ဆိုလိုက်တိုင်းကြားလိုက်တိုင်းရဲစိတ်ရဲမာန်တက်ကြွလာစေတဲ့ “ကမ္ဘာမကြေ” သီချင်းကိုဘယ်သူက ဘယ်တုန်းကရေးစပ်ခဲ့တာလဲ။ တချို့ကတော့ဒီသီချင်းဟာအမျိုးသားရေးအကြောင်းစပ်ဆိုထားတဲ့သီချင်းတပုဒ်ကိုအခြေခံထားပြီး မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ (၁၉၄၈ ဇန်နဝါရီလ ၄ရက်နေ့) မှာသီဆိုဖို့ နိုင်ငံတော်သီချင်းအဖြစ်ဖုတ်ပူမီးတိုက်ပြဌာန်းခဲ့တာလို့ယူဆကြတယ်။ Burma Broadcasting Service (BBS) ရဲ့ပထမဆုံးသောညွှန်ကြားရေးမှူး ဦးခင်ဇော်ရဲ့အဆိုအရတော့ ကမ္ဘာမကြေ ဟာ ဒို့ဗမာသီချင်း (သို့) ဒို့ဗမာသခင် ဆိုတဲ့အမျိုးသားရေးသီချင်းကိုအခြေခံပြီးရေးစပ်ခဲ့တာလို့ မှတ်သားရပါတယ်။ ဒီသီချင်းဟာ...
Plague doctor ဝတ်စုံကတကယ်ပဲထိရောက်မှုရှိသလား
ငှက်နှုတ်သီးမျက်နှာဖုံးဝတ်၊ ဦးထုတ်ဝိုင်းဆောင်းထားပြီး ဝတ်ရုံရှည်ကြီးတွေခြုံထားတဲ့ plague doctor တွေကိုရုပ်ရှင်တွေထဲမှာမြင်ဖူးကြပါလိမ့်မယ်။ ဒီဘက်ခေတ်မှာတော့ အဲ့ဒီဝတ်စုံကြီးတွေကိုဂေါ်တယ်လို့ ထင်ရပေမယ့် သူ့ခေတ်သူ့အခါကတော့ကပ်ရောဂါနဲ့သေခြင်းတရားတို့ရဲ့နိမိတ်ပုံဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပလိတ်ဒေါက်တာတွေရောက်လာပြီဆိုရင်အများအားဖြင့်လူနာတွေကရောဂါကျွမ်းနေကြပြီး သေဖို့ ၉၀ရာခိုင်နှုန်းလောက်သေချာနေတဲ့အတွက်ပါ။ ဒီဆောင်းပါးမှာတော့ ပလိတ်ဒေါက်တာတွေနဲ့ သူတို့ရဲ့ဝတ်စုံအကြောင်းရှင်းပြထားပါတယ်။ ဝတ်စုံ၏ဖွဲ့စည်းပုံ ဝတ်ဆင်ထားတဲ့သူကိုအဓိကကာကွယ်ပေးတဲ့အရာကတော့ မျက်နှာဖုံးပဲဖြစ်ပါတယ်။ မျက်စိနေရာမှာ မှန်နဲ့ဖုံးထားတဲ့အပေါက် ၂ပေါက်ရှိပြီး ၆လက်မလောက်ရှည်တဲ့ငှက်နှုတ်သီးရဲ့အရင်းနား နှာခေါင်းနေရာမှာအသက်ရှူဖို့အပေါက်လေး ၂ခုရှိပါတယ်။ ငှက်နှုတ်သီးရဲ့အဖျားနေရာမှာတော့ နှင်းဆီ၊...