Advertisement

ratello ဆိုတဲ့ဆိုင်​သစ်​​လေးကို ၁၁တိုက်​အမြင့်​ရှိတဲ့တိုက်​ရဲ့ ​ခေါင်​မိုးထပ်​ ၀ရံတာမှာ ဖွင့်​ထားတဲ့အတွက်​ viewကြည့်​ရတာအရမ်း​ကောင်းပါတယ်​. ​ရွှေတိဂုံဘုရားနဲ့ ဂျပ်​ဆန်​ Church ကို အထက်​စီးက​နေလှမ်းမြင်​နိုင်​ပါတယ်​. ဒီဆိုင်​မှာဆို အီတလီ menu ကို အဓိက ထားထားပြီး တစ်​ချို့ menu​တွေကို ဆိုရင်​ ​မြေထဲပင်​လယ်​​ဒေသ style ​လေးနဲ့ ခင်းကျင်းထားတာလဲ ​တွေ့ရပါ​သေးတယ်​။


Fratello ဆိုင်​ကို​တော့ ပိုင်​ရှင်​ မချိုဇင်​၀ိုင်း ကိုယ်​တိုင်​က သူ Europe သွားတုန်းက ကိုယ်​တိုင်​ရိုက်​ထားတဲ့ ဓာတ်​ပုံ​လေး​တွေနဲ့ အလှဆင်​ထားတာကို ​တွေ့ရမှာပါ.သူက အစားအ​သောက်​​တွေနဲ့ ခရီးသွားရတာကို သ​ဘာကျပြီး ဟင်းပွဲတိုင်းက သူ့ရဲ့ အကြိုက်​ဆုံး​တွေချည်းပါပဲလို့လဲ ​ပြောထားပါ​သေးတယ်​​နော်​. သူ Europe မှာ စားခဲ့တဲ့ ဟင်းအမယ်​တိုင်းကို ဒီက မြန်​မာမှာပြန်​ပြီး share ​ပေးချင်​တဲ့ ရည်​ရွယ်​ချက်​ နဲ့ ဒီဆိုင်​​လေးကို ဖွင့်​ထားတာပါတဲ့​။


Fratelloရဲ့ ထူးထူးခြားခြားmenuတစ်​ခုဖြစ်​တဲ့ Sangria ဟာဆိုရင်​ red wine, လိ​မ္မော်​သီး, Hennessy, သံပုရာသီး, သစ်​ကြားပိုး​ခေါက်​, ပန်းသီး ​​တွေကို ​ရောစပ်​ဖန်​တီးထားတာမို့ အရသာက ချိုချဉ်​ ​လေးဖြစ်​ပြီး ​သောက်​လို့အရမ်းကို​ကောင်းပါတယ်​. ​ဈေးကလဲ အသီး​တွေဒီ​လောက်​စုံ​အောင်​ထည့်​​ပေးထားတာ​တောင်​ 7500 ကျပ်​ ပဲရှိပါတယ်​​နော်​။


နောက်​တစ်​ခုက​တော့ လိ​မ္မော်​juice , ငရုပ်​​ကောင်း​မွှေး​မွှေး​လေးနဲ့ ကိုယ်​တိုင်​လုပ်​ထားတဲ့ သံလွင်​ဆီ တို့နဲ့ ​ရောစပ်​ထားတဲ့ Red Snapper Tartare ကို​တော့ 12000 ကျပ်​ နဲ့ ၀ယ်​ယူနိုင်​ပါပြီ
ဒီဆိုင်​ရဲ့ တကယ့်​ကိုစားလို့​ကောင်းတဲ့ ဟင်းအမယ်​​တွေထဲက တစ်​ခုက​တော့ Truffle gnocchi ပါ. ​မြေ​အောင်းမှိုနုနု​လေး​တွေကို cream​တွေ ​ဆောစ်​.​တွေ အာလူး​တွေနဲ့ ​အီတလီစတိုင်​​ပေါင်းစပ်​ထားပြီး ကြက်​သားနူးနူးညံ့ညံ့​လေးနဲ့လဲ တွဲဖက်​​ပေးထားပါတယ်​။


ဈေးက​တော့ 18000 ကျပ်​ပါ. ကိုယ်​တိုင်​စိုက်​ထားတဲ့ ဟင်းသီးဟင်းရွက်​​တွေရယ်​ ကြက်​သွန်​ဖြူနဲ့ ​မွှေး​မွှေး​​လေးနဲ့ ဆိုင်​က​နေ ကိုယ်​တိုင်​ ဖန်​တီးထားတဲ့ chilli​ဆော့စ်​ကိုပါ ဟင်အ​ပေါ်က​နေ စမ်း​ပေးထားပါ​သေးတယ်​. အရမ်းကြီးကိုအရသာရှိတာမို့ လာပြီးမြည်းကြည့်​​စေချင်​ပါတယ်​​နော်​.
အချိုပွဲကိုမှကြိုက်​တဲ့ ​ဘော်​ဒါ​တွေအတွက်​က​တော့ Fratelloရဲ့ ကိုယ်​ပိုင်​ဖြစ်​တဲ့ classic tiarmasu ကို​တော့ mascarpone cheese creamနဲ့ ရုံပတီသီး​တွေကို Espresso ထဲမှာ ​​ရောစပ်​ထားတာကို​တွေ့ရမှာပါ ​ဈေးနှုန်းက​တော့ 8000 ကျပ်​ ပါတဲ့။


ဒါ့အပြင်​ ​နောက်​ထပ်​ menu တစ်​ခုဖြစ်​တဲ့ panna cotta မှာဆိုရင်​ သရက်​သီး လိုင်​ချီးသီနဲ့ raspberry တို့လို့ အသီး​အနှံ​တွေနဲ့ cream အနှစ်​​တွေကို အရသာ အရမ်းမိုက်​​အောင်​​ပေါင်းစပ်​ထားတာကို​တွေ့ရမှာပါ. ဒါမှမဟုတ်​ သစ်​ကြားသီး တို့ သီဟိုရ်​သရက်​​စေ့တို့ကို ကြိုက်​တယ်​ဆိုရင်​လဲ ထပ်​ပြီး ​ပေါင်းထည့်​​ပေးပါ​သေးတယ်​တဲ့. ကိုယ်​စိတ်​ကြိုက်​ menu ကိုပြင်​ပြီးမှာလို့ရပါ​သေးတယ်​​နော်​ ​​​​​ဈေးကလဲ 6000ကျပ်​ပဲ ရှိတာပါ။

လိပ်​စာက​တော့ 587,ပြည်​လမ်း, Regency offices, ကမာရွတ်​ မြို့နယ်​ထဲမှာပါ
ဖုန်း – 09 952 011 666
မနက်​ ၁၁ နာရီက​နေ ည ၁၁ နာရီထိ ဖွင့်​ထားပါတယ်

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here