Advertisement

မိမိတို့ရဲ့ က​လေး​တွေနဲ့အတူ တစ်​​နေရာရာကို သွားပြီး ​ပျော်​စရာ အချိန်​​တွေကို ဖန်​တီးချင်​တဲ့ မိသားစု​တွေအတွက်​ Genki sushi ရဲ့ မြန်​မာနိုင်​ငံမှာ ပထမဆုံးလာပြီး ဖွင့်​ထားတဲ့ ဆိုင်​ခွဲ​လေးက ​စောင့်​ကြို​နေပါတယ်​။


ဒီ Japanese restaurantကို​တော့ Yangon မှာရှိတဲ့ Junction City ရဲ့ တတိယအလွှာမှာ​ ​သောကြာ​နေ့က စပြီးဖွင့်​ခဲ့ပါတယ်​ စပြီးဖွင့်​ဖွင့်​ချင်း​နေမှာပဲ ဒီဆိုင်​ရဲ့ အရသာ​တွေကို မြည်းစမ်းကြည့်​ချင်​တဲ့ customers ​တွေက အုပ်​လိုက်​ကြီးကို တန်းစီပြီး ​စောင့်​ရတဲ့အထိ စည်​ကား​နေခဲ့ပါတယ်​။


Customers​တွေက ကိုယ်​ရဲ့ထိုင်​​နေတဲ့စားပွဲက​နေပဲ ကိုယ့်​ရဲ့ orders​တွေကို Touch screens စနစ်​နဲ့ မှာယူနိုင်​ပါတယ်​ ဟင်းပွဲ​တွေကို​တော့ ပန်းကန်​လေး​တွေ တင်​စရာ​နေရာပါတဲ့ ကား​လေး​တွေနဲ့ service ​ပေး​နေပါတယ်​ ဒီကား​လေး​တွေဟာ အ​တော်​​လေးမြန်​ပြီး restaurant တစ်​ခုလုံးကို two-lanes စနစ်​နဲ့ လှည့်​ပတ်​ပြီး service ​ပေးပါတယ်​ ဒီလိုလုပ်​ထားပုံ​လေးက ပုံမှန်​​တွေ​နေကျ style​တွေနဲ့ ကွဲထွက်​​နေပါတယ်​ အဲလိုပုံစံနဲ့ service ​ပေးတာကို customers ​တွေကို မြန်​မြန်​ deliver ​ပေးနိုင်​တယ်​လို့လဲ သိရပါတယ်​။


Genki Sushi ရဲ့ နှစ်​၅၀ပြည့့်အထိမ်းအမှတ်​​အ​နေနဲ့ ကျင်းပတဲ့ ပွဲကိုလဲ MYANMORE ကို ဖိတ်​ကြားခဲ့ပြီး menu တစ်​ချို့ကိုလဲ တည်​ခင်း​ကျွေး​မွေးခဲ့ပါတယ်​ ထူးခြားပြီး လူကြိုက်​များတဲ့ menu​တွေ ထဲမှာ​တော့ miso စွပ်​ပြုတ်​(1700ကျပ်​) steamed egg custard (3000ကျပ်​) ရဲ့ ​အခွံ​အောက်​မှာဆိုရင်​ မှို​တွေ ဂဏန်းအသား​တွေနဲ့ ကြက်​သား​တွေကို ​ပေါင်းစပ်​ပြီး အစာသွပ်​ထားပါ​သေးတယ်​။


ဖျော်​ရည်​​တွေရဲ့ ဟင်းအပူ​တွေကို​တော့ ဆိုင်​က၀န်​ထမ်း​တွေကိုယ်​တိုင်​က လာချ​ပေး​နေတာကိုပဲ ​ကျေးဇူးတင်​ရမှာပါ မဟုတ်​ရင်​ ဟင်းပွဲ​တွေက လမ်းတစ်​၀က်​မ​ရောက်​ခင်​ ကြမ်းပြင်​​ပေါ် ခုန်​ဆင်းကုန်​မှာပါ(ကား​လေး​တွေရဲ့ အရှိန်​က အရမ်းကို မြန်​တာကြောင့်​ပါ) Sushiအားလုံးကို တကယ့်​ကို ​သက်​သာတဲ့​ဈေးနှုန်း​တွေနဲ့ ​ရောင်းချထားရုံမက​သေးဘဲ sushi ​တွေကို အဆင့်​မြင့်​နည်းပညာသုံးထားတဲ့ စက်​ကြီး​တွေနဲ့ ​သေချာလုပ်​ထားပါတယ်​။


4500ကျပ်​တန်​ The garlic salmon roll ဟာဆိုရင်​​တော့ တစ်​ကယ့်​ကို စားလို့​ကောင်းပါတယ်​ Salmonအသားတုံးအကြီးကြီး​တွေရဲ့အ​ပေါ်မှာ ကြက်​သွန်​ဖြူ​ကြော်​​မွှေး​မွှေး​လေးကို ထပ်​ဖြူးထားပြီး အဲ့အ​ပေါ်မှာ​တော့ဂဏန်းအသား​ချောင်းနဲ့ သခွားသီး​တွေကို သိပ်​သိပ်​​လေးဖြစ်​​အောင်​ထည့်​ထားပါတယ်​။


Wifi free ကလဲ အရမ်းကို လိုင်းေ​ကာင်းပြီး ​နောက်​ထပ်​ ​ရွေးချယ်​စရာ အသုတ်​မျိုးစုံကလဲ customersကို ​စောင့်​ကြို​နေပါတယ်​။

Address က​တော့ Junction City, အခန်းနံပါတ်​ 03-20A, တတိယအလွှာ, ​ဗိုလ်​ချုပ်​​အောင်​ဆန်း​ဈေးနဲ့ ​ရွှေတိဂုံဘုရားလမ်း​ထောင့်​မှာပါ
ဖုန်း – 09 260 773 366

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here